“တရုတ်နိုင်ငံရဲ့ သီတင်းကျွတ်မီးထွန်းပွဲတော်မှာ သွားရောက်ဖျော်ဖြေရမယ့် ဝိုင်းစု”

အသည်းကွဲသီချင်းလေးတွေကို သီဆိုပြီးပရိသတ်တွေရင်ထဲကို ခံစားချက်တွေအရောက်ပို့ပေးနိုင်တာကြောင့် ပရိသတ်အားပေးမှုအခိုင်အမာ ရရှိထားတဲ့ အဆိုတော်ဝိုင်းစုခိုင်သိန်းကတော့ လတ်တလောမှာတော့ တရုတ်နိုင်ငံမှာ ဖျော်ဖြေဖို့ သွားရောက်နေတာပဲဖြစ်ပါတယ်။ဝိုင်းစုတစ်ယောက်သွားရောက်ဖျော်ဖြေမယ့် ပွဲကြီးကတော့ တရုတ်နိုင်ငံ တိုင်ပေမြို့မှာ ကျင်ပပြုလုပ်တဲ့ သီတင်းကျွတ်မီးထွန်းပွဲတော်ပဲဖြစ်ပါတယ်။

ဒီပွဲကြီးဟာ တရုတ်နိုင်ငံတိုင်ပေမြို့မှာ ကျင်းပပြုလုပ်ခဲ့တာ အခု(၂၀၁၉)ခုနှစ်မှာဆိုရင် (၂၁)ကြိမ်မြောက်ကျင်းပပြုလုပ်တာပဲဖြစ်ပါတယ်။အခုလို တရုတ်နိုင်ငံတိုင်ပေမှာ သွားရောက်ဖျော်ဖြေတဲ့ အကြောင်းကို “Tai Pei မှာ ကျင်းပပြုလုပ်မယ့် သီတင်းကျွတ်မီးထွန်းပွဲတော်မှာ သွားရောက်ဖျော်ဖြေဖို့ အခုပဲ လာနေပြီနော်။ တိုင်ပေမှာ စောင့်နေတဲ့ ပရိသတ်ကြီးကို အားရပါးရ ဖျော်ဖြေပေးမှာပါနော်။Love u all အာဘွား”လို့ ဝိုင်းစုက သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပါ။

ဝိုင်းစုတစ်ယောက် သွားရောက်ဖျော်ဖြေမယ့် (၂၁)ကြိမ်မြောက် သီတင်းကျွတ်မီးထွန်းပွဲတော်မှာ တရုတ်နိုင်ငံရဲ့ နာမည်ကြီးအဆိုတော်တွေလည်း ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ နာမည်ကြီးအဆိုတော်တွေနဲ့ အတူအပြိုင်အဆိုင်သီဆိုဖျော်ဖြေရမယ့် ဝိုင်းစုကတော့ ဒီပွဲကြီးမှာ တိုင်ပေပရိသတ်တွေကို ဘယ်လိုဖျော်ဖြေသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Source : Wyne Su Khaing Thein
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။





Chilli – CeleGabar

error: Content is protected !!