“ချစ်ခင်ပွန်းဆီကနေ အလိုချင်ဆုံးလက်ဆောင်လေးကို ရရှိခဲ့တဲ့ မိုးယုစံ”

သရုပ်ဆောင်မင်းသမီးချောလေး မိုးယုစံတို့ ဇနီးမောင်နှံရဲ့ (၃)နှစ်ပြည့် သားရေရတုမင်္ဂလာ နှစ်ပတ်လည်လေးဟာ မနေ့က အောက်တိုဘာလ (၁၈)ရက်နေ့မှာ ပြည့်မြောက်သွားခဲ့တာ ပရိသတ်တွေ သိရှိပြီး သားဖြစ်မှာပါ။မိုးယုကို ချစ်ခင်ပြီး အားပေးကြတဲ့ ပရိသတ်တွေကတော့ မိုးယုတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၃)နှစ်ပြည့်ကနေစပြီး နောင်နှစ်ပေါင်းများစွာတိုင် ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့ သက်ဆုံးတိုင်လက်တွဲသွားနိုင်ဖို့ကိုလည်း ဆုမွန်ကောင်းတွေတောင်းပေးထားတာကိုလည်း တွေ့ရပါတယ်။

ဒီနေ့ အောက်တိုဘာလ (၁၉)ရက်နေ့မှာတော့ မိုးယုက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ချစ်ခင်ပွန်းဆီက မင်္ဂလာ နှစ်ပတ်လည် လက်ဆောင်လေးရရှိတဲ့ အကြောင်းကို ဖော်ပြလာတာပဲဖြစ်ပါတယ်။အဲ့ဒီမင်္ဂလာ နှစ်ပတ်လည်လက်ဆောင်လေးကတော့ “အော်ဂင်”ပဲဖြစ်ပါတယ်။အခုလို မင်္ဂလာလက်ဆောင်လေးရရှိခဲ့တဲ့ အကြောင်းကို မိုးယုက “ချစ်ယောကျာ်းရဲ့ Anniversary present”ဆိုပြီး မင်္ဂလာနှစ်ပတ်လည်လက်ဆောင်ပစ္စည်းလေးနဲ့အတူတူ ဖော်ပြလာတာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ မိုးယုစံတို့ဇနီးမောင်နှံဟာ ချစ်စရာကောင်းတဲ့ သားသားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး မိုးယုရဲ့ သားသားလေးဟာဆိုလည်း အသက်အရွယ်နဲ့မလိုက်အောင် ချစ်စရာကောင်းလှတာကြောင့် မေမေမိုးယုစံလိုပဲ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတာပါ။CeleGabar ပရိသတ်ကြီးတွေရော အခုလို အမှတ်တရနေ့လေးတွေမှာ လိုချင်တဲ့လက်ဆောင်လေးတွေကို အလိုက်တသိနဲ့ လက်ဆောင်ပေးတတ်တဲ့သူကို ပိုင်ဆိုင်ထားပြီလား။

Source : Moe Yu San
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။





Source : Moe Yu San
Chilli – CeleGabar

error: Content is protected !!