“(၃)လပြည့်မြောက်သွားပြီဖြစ်တဲ့ အောင်သူနဲ့ပိုးအိအိခန့်တို့ရဲ့ သားသားလေး”
ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ် မတ်လ (၂၆)ရက်နေ့က မြန်မာနိုင်ငံရဲ့ ထိပ်တန်းဘောလုံးကစားသမားတစ်ယောက်ဖြစ်တဲ့ အောင်သူနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ပိုးအိအိခန့်တို့နှစ်ယောက်ရဲ့ မင်္ဂလာ လက်ထပ်ပွဲလေး ကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့ သားသားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။
ဒီနေ့ အောက်တိုဘာလ (၁၉)ရက်နေကလေးကတော့ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ သားသားလေး (၃)လပြည့်မြောက်တဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။အခုလို သားသားလေးရဲ့ (၃)လပြည့်မြောက်တဲ့ မွေးနေ့ရက်မြတ်လေးမှာတော့ မေမေ ပိုးအိအိခန့်က “မေမေ့အသည်းနှလုံး ဖေဖေ့အသည်းတစ်တုတ်ကြီး ဒီနေ့ဆို (၃)လပြည့်ပါပြီ Happy Birthdayပါသားလေးရေ”လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။
မေမေ ပိုးအိအိခန့်ကတော့ သားသားလေးရဲ့ (၃)လပြည့်မွေးနေ့လေးကစပြီး အသက်ရှည်ကျန်းမာ ရိုးဖြောင့်စွာနဲ့ လူတော်လူကောင်း လူလိမ္မာလေးအဖြစ် နိုင်ငံအကျိုး သာသနာအကျုးိ ဘိုးဘွားမိဘအကျိုးသယ်ပိုးနိုင်တဲ့သားရတနာလေးဖြစ်ဖို့ကိုလည်း ဆုတောင်းပေးထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ဖေဖေအောင်သူ မေမေပိုးအိအိခန့်တို့ရဲ့ သားသားအတွက် မွေးနေ့ဆုမွန်ကောင်းလေးတွေတောင်းသွားပေးပါဦးနော်။
Source : Poe Ei Ei Khant
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။
Source : Poe Ei Ei Khant
Chilli – CeleGabar
error: Content is protected !!