‘ငါ့ရည်းစားက ပိုမိုက်တယ်’ သီချင်းနဲ့ Asian Academy Creative Awards ဆုပေးပွဲမှာ ဆုတစ်ဆုဆွတ်ခူးခဲ့

‘င့ါရည်းစားက ပိုမိုက်တယ်’ သီချင်းဟာ စိုင်းစိုင်းတို့Frozenအဖွဲ့သားတွေနဲ့အတူ Pencell စတူဒီယိုရဲ့မှတ်ကျောက်တင်လောက်စရာဖန်တီးမှုတစ်ခုဖြစ်ပါတယ်။နာမည်ကြီးအဆိုတော်တွေက သူတို့ရဲ့ချစ်သူကောင်မလေးတွေကို အမွှန်းတင်ရေးသားခဲ့ပြီး ကိုယ့်ရည်စားလေးကသာအတော်ဆုံးဆိုပြီးဂုဏ်ယူရေးသားထားတဲ့သီချင်းတစ်ပုဒ်ဖြစ်တာကြောင့် မိန်းကလေးတွေကလည်းအားကျခဲ့ရပါတယ်။


ဒါ့အပြင် “မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်” ဆိုတဲ့ ဒီသီချင်းထဲကစာသားလေးဟာ လူတော်တော်များများက ယူသုံးတဲ့အထိကိုခေတ်စားလူကြိုက်များခဲ့ပါတယ်။စိုင်းစိုင်းဖန်တီးတဲ့သီချင်းတွေဟာ လူတွေကြားထဲမှာရေပန်းစားစကားလုံးတစ်လုံးဖြစ်လာတဲ့အထိကို အောင်မြင်လေ့ရှိတာပါ။ဒီသီချင်းကို Animation ပုံစံအဖြစ် Music video ကို Pencell စတူဒီယိုကနေပြီး ဖန်တီးပေးခဲ့ပါတယ်။


ဒီလိုဖန်တီးမှုဟာပိုမိုဆန်းသစ်ပြီး ပရိသတ်တွေကြားထဲမှာရေပန်းစားခဲ့ပါတယ်။အခုဆိုရင်တော့ Asian Academy Creative Awards 2019 မှာ Best Animated Programme/Series Category အတွက်’င့ါရည်းစားက ပိုမိုက်တယ်’ Animated Music Video က Regional Winner အဖြစ် ဆုရသွားပါပြီ။AAA လို့လူသိများတဲ့ Asian Academy Creative Awards မှာဆိုရင် “လိပ်ပြာစံအိမ်”ဇာတ်ကားကလည်း ဆုခြောက်ဆုတောင်မှ ချိတ်ခဲ့တာကြောင့် တကယ့်ကိုဝမ်းသာစရာသတင်းကောင်းတွေချည်းပဲလို့ဆိုရမှာပါ။
Source : PencellStudio
Moe – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

‘ငါ့ရည္းစားက ပိုမိုက္တယ္’ သီခ်င္းနဲ႔ Asian Academy Creative Awards ဆုေပးပြဲမွာ ဆုတစ္ဆုဆြတ္ခူးခဲ့
‘င့ါရည္းစားက ပိုမိုက္တယ္’ သီခ်င္းဟာ စိုင္းစိုင္းတို႔Frozenအဖြဲ႕သားေတြနဲ႔အတူ Pencell စတူဒီယိုရဲ႕မွတ္ေက်ာက္တင္ေလာက္စရာဖန္တီးမႈတစ္ခုျဖစ္ပါတယ္။နာမည္ႀကီးအဆိုေတာ္ေတြက သူတို႔ရဲ႕ခ်စ္သူေကာင္မေလးေတြကို အမႊန္းတင္ေရးသားခဲ့ၿပီး ကိုယ့္ရည္စားေလးကသာအေတာ္ဆုံးဆိုၿပီးဂုဏ္ယူေရးသားထားတဲ့သီခ်င္းတစ္ပုဒ္ျဖစ္တာေၾကာင့္ မိန္းကေလးေတြကလည္းအားက်ခဲ့ရပါတယ္။


ဒါ့အျပင္ “မင္းေဆာ္ထက္ငါ့ေဆာ္ကပိုမိုက္တယ္” ဆိုတဲ့ ဒီသီခ်င္းထဲကစာသားေလးဟာ လူေတာ္ေတာ္မ်ားမ်ားက ယူသုံးတဲ့အထိကိုေခတ္စားလူႀကိဳက္မ်ားခဲ့ပါတယ္။စိုင္းစိုင္းဖန္တီးတဲ့သီခ်င္းေတြဟာ လူေတြၾကားထဲမွာေရပန္းစားစကားလုံးတစ္လုံးျဖစ္လာတဲ့အထိကို ေအာင္ျမင္ေလ့ရွိတာပါ။ဒီသီခ်င္းကို Animation ပုံစံအျဖစ္ Music video ကို Pencell စတူဒီယိုကေနၿပီး ဖန္တီးေပးခဲ့ပါတယ္။


ဒီလိုဖန္တီးမႈဟာပိုမိုဆန္းသစ္ၿပီး ပရိသတ္ေတြၾကားထဲမွာေရပန္းစားခဲ့ပါတယ္။အခုဆိုရင္ေတာ့ Asian Academy Creative Awards 2019 မွာ Best Animated Programme/Series Category အတြက္’င့ါရည္းစားက ပိုမိုက္တယ္’ Animated Music Video က Regional Winner အျဖစ္ ဆုရသြားပါၿပီ။AAA လို႔လူသိမ်ားတဲ့ Asian Academy Creative Awards မွာဆိုရင္ “လိပ္ျပာစံအိမ္”ဇာတ္ကားကလည္း ဆုေျခာက္ဆုေတာင္မွ ခ်ိတ္ခဲ့တာေၾကာင့္ တကယ့္ကိုဝမ္းသာစရာသတင္းေကာင္းေတြခ်ည္းပဲလို႔ဆိုရမွာပါ။
Source : PencellStudio
Moe – CeleGabar

error: Content is protected !!