” အလုပ်တွေရှုပ်နေတာကြောင့် ဖိတ်ထားတဲ့ပွဲလေးတွေ ပျက်ကွက်မိတာကို ခွင့်လွှတ်ဖို့ ရင်ဖွင့်ပြောပြခဲ့တဲ့ ပိုပို “

အဆိုတော်ပိုပိုကတော့ လတ်တလောမှာ သီချင်းသစ်တွေအပြင် သီချင်းအတွက် MTV လေးတွေကိုအင်တိုက်အားတိုက်ရိုက်ကူးနေတာလို့ဆိုရမှာပါ။ ပရိသတ်တွေကလည်း သူမဖန်တီးလိုက်တဲ့ အမိုက်စားသီချင်း MTV သစ် တွေကို မျှော်လင့်စောင့်စားနေကြတာအမှန်ပါပဲ။ည(၂)နာရီလောက်ထိ Shooting တွေ ရိုက်ကာ အနုပညာအလုပ်တွေကို သေချာအားစိုက်နေတယ်တဲ့အကြောင်းကိုလည်း ပရိသတ်တွေကို အသိပေးခဲ့ပါသေးတာယ်။

လက်ရှိမှာလည်း အလုပ်တွေရှုပ်နေတာကြောင့် ဖိတ်ထားတဲ့ပွဲလေးတွေ ပျက်ကွက်မိတဲ့ အတွက် ” ဒီရက်ပိုင်း ထုံးစံအတိုင်း တစ်ယောက်တည်း အလုပ်ရှုပ် တိုင်ပတ် နေတာကြောင့် လူမှူရေး များ ပွဲလေးတွေ မတက်ဖြစ်တာခွင့်လွှတ်ပါနော် ။ နေ့စဉ်ညလဲ နက် ဟို့လူ ဒီလူ အကူညီတောင်း နဲ့အလုပ်ရှုပ်နေလို့ပါ ။” ဆိုကာ သူ့ရဲ့ အခက်အခဲတွေကို လူမှုကွန်ရက်စာမျက်နှာကတဆင့် ရင်ဖွင့်ပြောပြခဲ့ပါတယ်။

အဆိုတော်သရုပ်ဆောင်ပိုပို ဟာ အလှူအတန်း မကြာခဏပြုလုပ်တတ်သူလေးလည်းဖြစ်ပြီး ပိုပိုဟာ မိဘတွေမရှိတော့ပေမယ့်လည်း ကိုယ်တိုင်တစ်ဦးတည်း ကိုယ့်ဒူးကိုယ်ချွန်ကာ ရပ်တည်လာနိုင်သူတစ်ဦးလို့ဆိုရမှာပါ။ သူ့ဘဝအကြောင်းကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောပြထား သူလေးလည်း ဖြစ်တဲ့အပြင် သူ့သီချင်းတော်တော်များများကို ကလေးလူကြီးမရွေးနှစ်သက်သဘောကျကြတာကြောင့် ပရိသတ်အခိုင်အမာရရှိထားသူတစ်ယောက်ပါ။ CeleGabar ပရိသတ်ကြီးလည်း အနုပညာအလုပ်တွေကို အားတက်သရော လုပ်ဆောင်နေတဲ့ ပိုပိုအတွက် အားပေးစကားပြောခဲ့ပါဦးနော်။

Source : ဝတ်ရည်မိုး
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” အလုပ္ေတြရႈပ္ေနတာေၾကာင့္ ဖိတ္ထားတဲ့ပြဲေလးေတြ ပ်က္ကြက္မိတာကို ခြင့္လႊတ္ဖို႕ ရင္ဖြင့္ေျပာျပခဲ့တဲ့ ပိုပို ”

အဆိုေတာ္ပိုပိုကေတာ့ လတ္တေလာမွာ သီခ်င္းသစ္ေတြအျပင္ သီခ်င္းအတြက္ MTV ေလးေတြကိုအင္တိုက္အားတိုက္႐ိုက္ကူးေနတာလို႔ဆိုရမွာပါ။ ပရိသတ္ေတြကလည္း သူမဖန္တီးလိုက္တဲ့ အမိုက္စားသီခ်င္း MTV သစ္ ေတြကို ေမွ်ာ္လင့္ေစာင့္စားေနၾကတာအမွန္ပါပဲ။ည(၂)နာရီေလာက္ထိ Shooting ေတြ ႐ိုက္ကာ အႏုပညာအလုပ္ေတြကို ေသခ်ာအားစိုက္ေနတယ္တဲ့အေၾကာင္းကိုလည္း ပရိသတ္ေတြကို အသိေပးခဲ့ပါေသးတာယ္။

လက္ရွိမွာလည္း အလုပ္ေတြရႈပ္ေနတာေၾကာင့္ ဖိတ္ထားတဲ့ပြဲေလးေတြ ပ်က္ကြက္မိတဲ့ အတြက္ ” ဒီရက္ပိုင္း ထုံးစံအတိုင္း တစ္ေယာက္တည္း အလုပ္ရႈပ္ တိုင္ပတ္ ေနတာေၾကာင့္ လူမႉေရး မ်ား ပြဲေလးေတြ မတက္ျဖစ္တာခြင့္လႊတ္ပါေနာ္ ။ ေန႔စဥ္ညလဲ နက္ ဟို႔လူ ဒီလူ အကူညီေတာင္း နဲ႔အလုပ္ရႈပ္ေနလို႔ပါ ။” ဆိုကာ သူ႔ရဲ႕ အခက္အခဲေတြကို လူမႈကြန္ရက္စာမ်က္ႏွာကတဆင့္ ရင္ဖြင့္ေျပာျပခဲ့ပါတယ္။

အဆိုေတာ္သ႐ုပ္ေဆာင္ပိုပို ဟာ အလွဴအတန္း မၾကာခဏျပဳလုပ္တတ္သူေလးလည္းျဖစ္ၿပီး ပိုပိုဟာ မိဘေတြမရွိေတာ့ေပမယ့္လည္း ကိုယ္တိုင္တစ္ဦးတည္း ကိုယ့္ဒူးကိုယ္ခြၽန္ကာ ရပ္တည္လာႏိုင္သူတစ္ဦးလို႕ဆိုရမွာပါ။ သူ႕ဘဝအေၾကာင္းကိုလည္း ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္း ေဖာ္ထုတ္ေျပာျပထား သူေလးလည္း ျဖစ္တဲ့အျပင္ သူ႕သီခ်င္းေတာ္ေတာ္မ်ားမ်ားကို ကေလးလူႀကီးမေ႐ြးႏွစ္သက္သေဘာက်ၾကတာေၾကာင့္ ပရိသတ္အခိုင္အမာရရွိထားသူတစ္ေယာက္ပါ။ CeleGabar ပရိသတ္ႀကီးလည္း အႏုပညာအလုပ္ေတြကို အားတက္သေရာ လုပ္ေဆာင္ေနတဲ့ ပိုပိုအတြက္ အားေပးစကားေျပာခဲ့ပါဦးေနာ္။

Source : ဝတ္ရည္မိုး
Shwe Poe – CeleGabar

error: Content is protected !!