လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေနောက်ကွယ်မှာ လူမသိသူမသိစိတ်ကျရောဂါခံစားခဲ့ရတဲ့ အနုပညာရှင်များ

အခုတလော ကိုယ့်ကိုကိုယ်သေကြောင်းကြံသွားခဲ့တဲ့ တောင်ကိုရီးယားအဆိုတော်မလေးSulli ကြောင့် လူတွေဟာ Depression (စိတ်ကျရောဂါ)ကို ပိုမိုသတိပြုလာမိကြပါတယ်။ စိတ်ကျရောဂါကို ပုံမှန်လူတစ်ယောက်ကလည်း မသိမသာခံစားနေနိုင်ပါတယ်။လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေရရှိနေပေမဲ့လည်း တစ်ဖက်မှာ ဝေဖန်ခံရမှုတွေ ပြိုင်ဆိုင်မှုတွေ စိတ်ဖိစီးနေပြီး ကို ခံစားနေရတဲ့ နာမည်ကြီးဆယ်လီဘရစ်တီတွေရှိပါတယ်။ နာမည်ကျော်အနုပညာရှင်တွေဖြစ်တာကြောင့် အများအမြင်မှာတော့ လှလှပပလေးဝတ်ပြီးလက်ခုပ်သံတွေကြားမှာပျော်ရွှင်ကျေနပ်စရာကောင်းနေမယ်လို့ထင်ရပေမဲ့ စိတ်ကျရောဂါကို အကြီးအကျယ်ခံရပြီး ဘဝကိုပုံမှန်ရပ်တည်နိုင်ဖို့ ကြိုးစားနေရသူတွေဖြစ်ပါတယ်။

IU

ပြစိမျိုးမှဲ့မထင်လှရက်လွန်းတဲ့ IU လေးကတော့ တောင်ကိုရီးယားရဲ့နာမည်ကျော် အဆိုတော်၊မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ပရိသတ်ချစ်ခင်မှုများစွာရထားတယ်ဆိုပေမဲ့ IU ဟာလည်း စိတ်ကျရောဂါခံစားခဲ့ရသူတစ်ဦးပါပဲ။(၂၀၁၄)ခုနှစ်လောက်မှာ နေ့ဘက်မှာအလုပ်တွေကိုကောင်းကောင်းမလုပ်နိုင်တာတွေ ညဘက်မှာအိပ်မပျော်တာတွေ ဖြစ်ခဲ့ရကြောင်းကို ဖျော်ဖြေပွဲတစ်ခုမှာ ပရိသတ်တွေကိုပြောပြခဲ့ဖူးပါတယ်။

Taeyeon

Girl’s Generation ရဲ့အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ Taeyeonဟာ ထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံထားရတာပါ။ပရိသတ်အားပေးမှုများစွာရရှိထားသလို လက်ရှိအချိန်မှာလည်း အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်သူတစ်ဦးပါ။သိပ်မကြာသေးခင်က စိတ်ကျရောဂါခံစားနေရကြောင်းကို ပရိသတ်တွေကိုရင်ဖွင့်ခဲ့ပါသေးတယ်။စိတ်ဖိစီးမှုများစွာကိုခံရပြီး ပိုမိုကောင်းမွန်လာအောင်လုပ်ဆောင်ဖို့အတွက်ကြိုးစားနေတယ်လို့လည်းပြောခဲ့ပါသေးတယ်။

Suzy

တောင်ကိုရီးယားရဲ့နာမည်ကျော်အလှပဂေးတစ်ယောက်ဖြစ်တဲ့ Suzy ဟာလည်း စိတ်ကျရောဂါကို ခံစားခဲ့ရသူတစ်ယောက်ပါပဲ။Miss A အဖွဲ့ရဲ့အိုင်ဒေါအဖြစ်ပွဲဦးထွက်ပြီးနောက် နာမည်ကျော်ကြားလာခြင်းနဲ့အတူ ဝေဖန်တိုက်ခိုက်ခံရမှုများစွာရှိတဲ့သူပါ။လက်ရှိအချိန်မှာလည်း အောင်မြင်တဲ့မင်းသမီးတစ်လက်အဖြစ်ရပ်တည်နေပြီးတစ်နေ့တစ်ခြားပိုမိုအောင်မြင်နေပေမဲ့လည်း စိတ်ကျရောဂါခံစားရဖူးကြောင်း တီဗွီအစီအစဉ်တစ်ခုမှာ (၂၀၁၃)ခုနှစ်က ဝန်ခံခဲ့ဖူးပါတယ်။

Source:soompi,koreaboo,Moe – CeleGabar

လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္မႈေတြေနာက္ကြယ္မွာ လူမသိသူမသိစိတ္က်ေရာဂါခံစားခဲ့ရတဲ့ အႏုပညာရွင္မ်ား

အခုတေလာ ကိုယ့္ကိုကိုယ္ေသေၾကာင္းႀကံသြားခဲ့တဲ့ ေတာင္ကိုရီးယားအဆိုေတာ္မေလးSulli ေၾကာင့္ လူေတြဟာ Depression (စိတ္က်ေရာဂါ)ကို ပိုမိုသတိျပဳလာမိၾကပါတယ္။ စိတ္က်ေရာဂါကို ပုံမွန္လူတစ္ေယာက္ကလည္း မသိမသာခံစားေနႏိုင္ပါတယ္။လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္မႈေတြရရွိေနေပမဲ့လည္း တစ္ဖက္မွာ ေဝဖန္ခံရမႈေတြ ၿပိဳင္ဆိုင္မႈေတြ စိတ္ဖိစီးေနၿပီး ကို ခံစားေနရတဲ့ နာမည္ႀကီးဆယ္လီဘရစ္တီေတြရွိပါတယ္။ နာမည္ေက်ာ္အႏုပညာရွင္ေတြျဖစ္တာေၾကာင့္ အမ်ားအျမင္မွာေတာ့ လွလွပပေလးဝတ္ၿပီးလက္ခုပ္သံေတြၾကားမွာေပ်ာ္႐ႊင္ေက်နပ္စရာေကာင္းေနမယ္လို႔ထင္ရေပမဲ့ စိတ္က်ေရာဂါကို အႀကီးအက်ယ္ခံရၿပီး ဘဝကိုပုံမွန္ရပ္တည္ႏိုင္ဖို႔ ႀကိဳးစားေနရသူေတြျဖစ္ပါတယ္။

IU

ျပစိမ်ိဳးမွဲ႔မထင္လွရက္လြန္းတဲ့ IU ေလးကေတာ့ ေတာင္ကိုရီးယားရဲ႕နာမည္ေက်ာ္ အဆိုေတာ္၊မင္းသမီးတစ္ေယာက္ျဖစ္ပါတယ္။ပရိသတ္ခ်စ္ခင္မႈမ်ားစြာရထားတယ္ဆိုေပမဲ့ IU ဟာလည္း စိတ္က်ေရာဂါခံစားခဲ့ရသူတစ္ဦးပါပဲ။(၂၀၁၄)ခုႏွစ္ေလာက္မွာ ေန႔ဘက္မွာအလုပ္ေတြကိုေကာင္းေကာင္းမလုပ္ႏိုင္တာေတြ ညဘက္မွာအိပ္မေပ်ာ္တာေတြ ျဖစ္ခဲ့ရေၾကာင္းကို ေဖ်ာ္ေျဖပြဲတစ္ခုမွာ ပရိသတ္ေတြကိုေျပာျပခဲ့ဖူးပါတယ္။

Taeyeon

Girl’s Generation ရဲ႕အဖြဲ႕ေခါင္းေဆာင္ျဖစ္တဲ့ Taeyeonဟာ ထူးခြၽန္တဲ့ အႏုပညာရွင္တစ္ေယာက္အျဖစ္ သတ္မွတ္ျခင္းခံထားရတာပါ။ပရိသတ္အားေပးမႈမ်ားစြာရရွိထားသလို လက္ရွိအခ်ိန္မွာလည္း ေအာင္ျမင္မႈကိုထိန္းသိမ္းထားႏိုင္သူတစ္ဦးပါ။သိပ္မၾကာေသးခင္က စိတ္က်ေရာဂါခံစားေနရေၾကာင္းကို ပရိသတ္ေတြကိုရင္ဖြင့္ခဲ့ပါေသးတယ္။စိတ္ဖိစီးမႈမ်ားစြာကိုခံရၿပီး ပိုမိုေကာင္းမြန္လာေအာင္လုပ္ေဆာင္ဖို႔အတြက္ႀကိဳးစားေနတယ္လို႔လည္းေျပာခဲ့ပါေသးတယ္။

Suzy

ေတာင္ကိုရီးယားရဲ႕နာမည္ေက်ာ္အလွပေဂးတစ္ေယာက္ျဖစ္တဲ့ Suzy ဟာလည္း စိတ္က်ေရာဂါကို ခံစားခဲ့ရသူတစ္ေယာက္ပါပဲ။Miss A အဖြဲ႕ရဲ႕အိုင္ေဒါအျဖစ္ပြဲဦးထြက္ၿပီးေနာက္ နာမည္ေက်ာ္ၾကားလာျခင္းနဲ႔အတူ ေဝဖန္တိုက္ခိုက္ခံရမႈမ်ားစြာရွိတဲ့သူပါ။လက္ရွိအခ်ိန္မွာလည္း ေအာင္ျမင္တဲ့မင္းသမီးတစ္လက္အျဖစ္ရပ္တည္ေနၿပီးတစ္ေန႔တစ္ျခားပိုမိုေအာင္ျမင္ေနေပမဲ့လည္း စိတ္က်ေရာဂါခံစားရဖူးေၾကာင္း တီဗြီအစီအစဥ္တစ္ခုမွာ (၂၀၁၃)ခုႏွစ္က ဝန္ခံခဲ့ဖူးပါတယ္။

Source:soompi,koreaboo,Moe – CeleGabar

error: Content is protected !!