“ဇာတ်လမ်းရဲ့ ကာရိုက်တာအတွက် လက်ရှိဘဝတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တဲ့ မြတ်သူသူ”

ပရိသတ်တွေက”မြညိုလေး”လို့ ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ သရုပ်ဆောင်မင်းသမီးလေး မြတ်သူသူကတော့ သူရဲ့ အနုပညာအလုပ်တွေအပေါ်အလေးထားမှုနဲ့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာသရုပ်ဆောင်နိုင်မှုတို့ကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်။မကြာသေးမီက ကျန်းမာရေး၊ လူမှုရေးတွေမှာ အနည်းငယ် အဆင်မပြေမှုတွေရှိတာကြောင့် အနုပညာအလုပ်တွေကို ပိုမိုကောင်းမွန်စွာလုပ်ကိုင်နိုင်အောင် “မြတ်သူသူဇင်”ဆိုတဲ့ အမည်လေးကနေ “မြတ်သူသူ”ဆိုပြီး ပြောင်းလဲခဲ့တာလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။

လတ်တလောမှာလည်း မြတ်သူသူကတော့ “သန်းသန်းဆွေ”ဆိုတဲ့ ကာရိုက်တာနဲ့ ဇာတ်လမ်းတွဲအသစ်တစ်ခုကိုပါဝင်ရိုက်ကူးသွားဦးမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲလေးရဲ့ နာမည်ကတော့ “တို့မမနဲ့တို့”ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။မြတ်သူသူကတော့ “သန်းသန်းဆွေ” ဆိုတဲ့ ကာရိုက်တာလေးကို ပိုမိုအသက်ဝင်ပြီး ပိုမိုလုပ်ဆောင်နိုင်အောင် “သန်းသန်းဆွေ”ဆိုတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ သတ်မှတ်ပြီး လက်ရှိ မြတ်သူသူနဲ့ ပတ်သတ်တာတွေကိုမပြောဖို့ကို ပရိသတ်တွေကို တောင်းဆိုထားတာပဲဖြစ်ပါတယ်။

မြညိုလေးကတော့ သန်းသန်းဆွေဆိုတဲ့ အမည်လေးနဲ့ ဖေ့ဘွတ်ခ်ကောင့် အသစ်လေးကိုလည်း ဖွင့်ထားပြီး “မြတ်သူနောက်ရိုက်မယ့် “တို့မမနဲ့တို့” ဇာတ်လမ်းတွဲလေးအတွက် လိုအပ်လို့ ဒီ သန်းသန်းဆွေဆိုတဲ့အကောင့်လေးကို Add ပေးကြပါဦးနော်။Live လွှင့်တဲ့အခါကျရင်လည်း သန်းသန်းဆွေအနေနဲ့သတ်မှတ်ပြီး ခေါ်ပေးဖို့ အကူအညီတောင်းပါရစေရှင်”လို့ သူရဲ့ “မြတ်သူသူ” ဆိုတဲ့ ဘဝကို ခဏမေ့ထားပြီး “သန်းသန်းဆွေ”အဖြစ် သတ်မှတ်ပေးဖို့ကို အကူအညီတောင်းထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ မြတ်သူလေးရဲ့ ဇာတ်လမ်းတွဲအသစ်လေးထွက်လာရင် အားပေးကြပါဦးနော်။

Source : Myat Thu Thu
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။

“ဇာတ္လမ္းရဲ႕ ကာ႐ိုက္တာအတြက္ လက္ရွိဘဝတစ္ခုလုံးကို ေျပာင္းလဲပစ္လိုက္တဲ့ ျမတ္သူသူ”

ျမညိဳေလးကို ခ်စ္ေနရတာ အဲ့တာေတြေၾကာင့္

ပရိသတ္ေတြက”ျမညိဳေလး”လို႔ ခ်စ္စႏိုးနဲ႔ ေခၚဆိုၾကတဲ့ သ႐ုပ္ေဆာင္မင္းသမီးေလး ျမတ္သူသူကေတာ့ သူရဲ႕ အႏုပညာအလုပ္ေတြအေပၚအေလးထားမႈနဲ႔ က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္စြာသ႐ုပ္ေဆာင္ႏိုင္မႈတို႔ေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အျပည့္အဝရရွိထားတာပဲျဖစ္ပါတယ္။မၾကာေသးမီက က်န္းမာေရး၊ လူမႈေရးေတြမွာ အနည္းငယ္ အဆင္မေျပမႈေတြရွိတာေၾကာင့္ အႏုပညာအလုပ္ေတြကို ပိုမိုေကာင္းမြန္စြာလုပ္ကိုင္ႏိုင္ေအာင္ “ျမတ္သူသူဇင္”ဆိုတဲ့ အမည္ေလးကေန “ျမတ္သူသူ”ဆိုၿပီး ေျပာင္းလဲခဲ့တာလည္း ပရိသတ္ေတြသိရွိၿပီးသားျဖစ္မွာပါ။

လတ္တေလာမွာလည္း ျမတ္သူသူကေတာ့ “သန္းသန္းေဆြ”ဆိုတဲ့ ကာ႐ိုက္တာနဲ႔ ဇာတ္လမ္းတြဲအသစ္တစ္ခုကိုပါဝင္႐ိုက္ကူးသြားဦးမွာျဖစ္ပါတယ္။ဒီဇာတ္လမ္းတြဲေလးရဲ႕ နာမည္ကေတာ့ “တို႔မမနဲ႔တို႔”ဆိုတဲ့ ဇာတ္လမ္းတြဲေလးပဲျဖစ္ပါတယ္။ျမတ္သူသူကေတာ့ “သန္းသန္းေဆြ” ဆိုတဲ့ ကာ႐ိုက္တာေလးကို ပိုမိုအသက္ဝင္ၿပီး ပိုမိုလုပ္ေဆာင္ႏိုင္ေအာင္ “သန္းသန္းေဆြ”ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ သတ္မွတ္ၿပီး လက္ရွိ ျမတ္သူသူနဲ႔ ပတ္သတ္တာေတြကိုမေျပာဖို႔ကို ပရိသတ္ေတြကို ေတာင္းဆိုထားတာပဲျဖစ္ပါတယ္။

ျမညိဳေလးကေတာ့ သန္းသန္းေဆြဆိုတဲ့ အမည္ေလးနဲ႕ ေဖ့ဘြတ္ခ္ေကာင့္ အသစ္ေလးကိုလည္း ဖြင့္ထားၿပီး “ျမတ္သူေနာက္႐ိုက္မယ့္ “တို႔မမနဲ႔တို႔” ဇာတ္လမ္းတြဲေလးအတြက္ လိုအပ္လို႔ ဒီ သန္းသန္းေဆြဆိုတဲ့အေကာင့္ေလးကို Add ေပးၾကပါဦးေနာ္။Live လႊင့္တဲ့အခါက်ရင္လည္း သန္းသန္းေဆြအေနနဲ႔သတ္မွတ္ၿပီး ေခၚေပးဖို႔ အကူအညီေတာင္းပါရေစရွင္”လို႕ သူရဲ႕ “ျမတ္သူသူ” ဆိုတဲ့ ဘဝကို ခဏေမ့ထားၿပီး “သန္းသန္းေဆြ”အျဖစ္ သတ္မွတ္ေပးဖို႕ကို အကူအညီေတာင္းထားပါေသးတယ္။CeleGabar ပရိသတ္ႀကီးေရ ျမတ္သူေလးရဲ႕ ဇာတ္လမ္းတြဲအသစ္ေလးထြက္လာရင္ အားေပးၾကပါဦးေနာ္။

Source : Myat Thu Thu
Chilli – CeleGabar

error: Content is protected !!