” ထိပ်တန်းမင်းသားနဲ့ မင်းသမီးတွေဖြစ်တဲ့ နေတိုးနဲ့ အူဝဲတို့ ထပ်မံတွေ့ဆုံဦးမယ့် Box No(88 ) ရုပ်ရှင်ဇာတ်ကားကြီး “

ဒိတ်ဒိတ်ကြဲမင်းသားကြီးတစ်ဦးဖြစ်တဲ့နေတိုးနဲ့ အနုပညာကဝေလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ ဝါရင့်မင်းသမီးတစ်လက်ဖြစ်တဲ့ အူဝဲတို့ ရဲ့ ထပ်မံတွေ့ဆုံဦးမယ့် ” Box No(88 ) ” ရုပ်ရှင်ဇာတ်ကားကြီး ကို နိုဝင်ဘာလ (၇)ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းနှစ်တွေမှာ နှစ်ယောက်တွဲတွေ့ဆုံတာသိပ်မတွေ့ရတော့ပေမယ့် မကြာသေးမီက ဒိတ်ဒိတ်ကြဲနှစ်ယောက်တွေ့ဆုံခဲ့တဲ့ ” ရူးအောင်ချစ်မယ့်လူ ” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်တွေတခဲနက် အားပေးကြမ်းခဲ့ကြတယ်လို့ဆိုရမှာပါ။

ဒီဇာတ်ကားမှာလည်း ဘယ်လို ကာရိုက်တာတွေနဲ့ ဘယ်လိုဇာတ်ကွက်တွေက ပရိသတ်ရင်ကို ထိရှစေမလဲ ဆိုတာလည်း အရမ်းကိုရင်ခုန်စရာကောင်းပါတယ်။ ” Box No(88 ) ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ကလေးသူငယ် အကြမ်းဖက်မှုများနှင့် ကြေကွဲဖွယ်ရာအဖြစ်အပျက်များ အပြင် အဲ့လိုအဖြစ်ဆိုးကြီးကို နှဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ ရင်နဲ့လွယ်မွေးခဲ့ရတဲ့ မိဘတွေရဲ့ ခံစားချက်တွေကို မြင်တွေ့ခံစားကြရမှာပါ။

ကလေးသူငယ် အကြမ်းဖက်မှုများကိုကြုံတွေ့ရတဲ့အခါ ဥပဒေဘောင်အတွင်းက ကိုင်တွယ်ဖြေရှင်းပေးနေတဲ့ တာဝန်ရှိသူများနှင့် သားသမီးဇော ကပ်နေတဲ့ မိဘတွေကြားကပြဿနာများ စတာတွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်အောင် ကြည့်သူတိုင်း ပညာရစေမယ့်ရုပ်ရှင်ကားကြီးကို ပါဝင်အားဖြည့်ထားတဲ့ အနုပညာရှင်တွေကတော့ နေတိုး၊ ထွန်းထွန်း၊ အိန္ဒြာကျော်ဇင်၊သားညီ၊ ဂျင်းနီ၊ ကရာဗီ၊ ရွှေရင်အေး၊ နှင်းသွေးယုအောင် တို့ ဖြစ်ပြီး ဒါရိုက်တာကတော့ ဝင်းလွင်ထက် ရိုက်ကူးထားတာ ပဲ ဖြစ်ပါတယ်။ပညာပေးဇာတ်ကားတစ်ကား ဖြစ်လို့ CeleGabar ပရိသတ်ကြီး သွားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Source : 7th Sense Creation
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” ထိပ္တန္းမင္းသားနဲ႔ မင္းသမီးေတြျဖစ္တဲ့ ေနတိုးနဲ႔ အူဝဲတို႔ ထပ္မံေတြ႕ဆုံဦးမယ့္ Box No(88 ) ႐ုပ္ရွင္ဇာတ္ကားႀကီး ”

ဒိတ္ဒိတ္ႀကဲမင္းသားႀကီးတစ္ဦးျဖစ္တဲ့ေနတိုးနဲ႔ အႏုပညာကေဝလို႔ေတာင္ တင္စားေခၚေဝၚၾကတဲ့ ဝါရင့္မင္းသမီးတစ္လက္ျဖစ္တဲ့ အူဝဲတို႔ ရဲ႕ ထပ္မံေတြ႕ဆုံဦးမယ့္ ” Box No(88 ) ” ႐ုပ္ရွင္ဇာတ္ကားႀကီး ကို ႏိုဝင္ဘာလ (၇)ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာပဲ ျဖစ္ပါတယ္။ အခုေနာက္ပိုင္းႏွစ္ေတြမွာ ႏွစ္ေယာက္တြဲေတြ႕ဆုံတာသိပ္မေတြ႕ရေတာ့ေပမယ့္ မၾကာေသးမီက ဒိတ္ဒိတ္ႀကဲႏွစ္ေယာက္ေတြ႕ဆုံခဲ့တဲ့ ” ႐ူးေအာင္ခ်စ္မယ့္လူ ” ႐ုပ္ရွင္ဇာတ္ကားႀကီးကိုလည္း ပရိသတ္ေတြတခဲနက္ အားေပးၾကမ္းခဲ့ၾကတယ္လို႔ဆိုရမွာပါ။

ဒီဇာတ္ကားမွာလည္း ဘယ္လို ကာရို္က္တာေတြနဲ႕ ဘယ္လိုဇာတ္ကြက္ေတြက ပရိသတ္ရင္ကို ထိရွေစမလဲ ဆိုတာလည္း အရမ္းကိုရင္ခုန္စရာေကာင္းပါတယ္။ ” Box No(88 ) ” ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ လက္ရွိျမန္မာႏိုင္ငံမွာျဖစ္ေပၚေနတဲ့ ကေလးသူငယ္ အၾကမ္းဖက္မႈမ်ားႏွင့္ ေၾကကြဲဖြယ္ရာအျဖစ္အပ်က္မ်ား အျပင္ အဲ့လိုအျဖစ္ဆိုးႀကီးကို ႏွဖူးေတြ႕ဒူးေတြ႕ ရင္ဆိုင္ႀကဳံေတြ႕လာရတဲ့အခါ ရင္နဲ႔လြယ္ေမြးခဲ့ရတဲ့ မိဘေတြရဲ႕ ခံစားခ်က္ေတြကို ျမင္ေတြ႕ခံစားၾကရမွာပါ။

ကေလးသူငယ္ အၾကမ္းဖက္မႈမ်ားကိုႀကဳံေတြ႕ရတဲ့အခါ ဥပေဒေဘာင္အတြင္းက ကိုင္တြယ္ေျဖရွင္းေပးေနတဲ့ တာဝန္ရွိသူမ်ားႏွင့္ သားသမီးေဇာ ကပ္ေနတဲ့ မိဘေတြၾကားကျပႆနာမ်ား စတာေတြကို ကြက္ကြက္ကြင္းကြင္းျမင္ႏိုင္ေအာင္ ၾကည့္သူတိုင္း ပညာရေစမယ့္႐ုပ္ရွင္ကားႀကီးကို ပါဝင္အားျဖည့္ထားတဲ့ အႏုပညာရွင္ေတြကေတာ့ ေနတိုး၊ ထြန္းထြန္း၊ အိျႏၵာေက်ာ္ဇင္၊သားညီ၊ ဂ်င္းနီ၊ ကရာဗီ၊ ေ႐ႊရင္ေအး၊ ႏွင္းေသြးယုေအာင္ တို႕ ျဖစ္ၿပီး ဒါရုိက္တာကေတာ့ ဝင္းလြင္ထက္ ရုိက္ကူးထားတာ ပဲ ျဖစ္ပါတယ္။ပညာေပးဇာတ္ကားတစ္ကား ျဖစ္လို႕ CeleGabar ပရိသတ္ႀကီး သြားၾကည့္ဖို႕ တိုက္တြန္းလိုက္ပါတယ္ေနာ္္။

Source : 7th Sense Creation
Shwe Poe – CeleGabar

error: Content is protected !!