“ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ အထူးဓမ္မသဘင်မှာ ပရဟိတအတွေ့အကြုံတွေဝေမျှပေးခဲ့တဲ့ ခိုင်နှင်းဝေ”

မြန်မာနိုင်ငံရဲ့ပရဟိတမင်းသမီးလို့တင်စားလို့ရတဲ့ မခိုင်နှင်းဝေကတော့ မြန်မာနိုင်ငံအနှံ့အပြားလိုအပ်နေတဲ့နေရာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီရုံသာမက လက်ရှိမှာထိုင်းနိုင်ငံ မဟာချိုင်မြို့မှာရှိတဲ့ မိဘမေတ္တာသားသမီးလိမ္မာမိဘမဲ့ကလေးကူညီစောက်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပတဲ့ အထူးဓမ္မသဘင်မှာ သူမဖြတ်သန်းခဲ့ရတဲ့ ပရဟိတလုပ်တဲ့အခါ တွေ့ကြုံရတဲ့အကြောင်းတွေနဲ့ကလေးတွေကိုစောင့်ရှောက်ပေးရတဲ့အကြောင်းတွေကို ဝေမျှပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာခိုကိုးရာမဲ့နေတဲ့ ကလေးတွေအတွက် ဂေဟာလေးတစ်လေးတစ်ခုတည်ထောင်ထားပြီး သားသမီးအရင်းနဲ့မခြား ရင်အုပ်မကွာစောင့်ရှောက်နေတာလည်းဖြစ်ပါတယ်။
ပရဟိတလုပ်နေရရင်ပျော်နေတဲ့မခိုင်နှင်းဝေဟာ ကလေးတွေကိုစောင့်ရှောက်ရုံသာမကပဲ သူမရဲ့အနုပညာရပ်ဝန်းမှာရှိတဲ့ ချို့တဲ့နေတဲ့အနုပညာရှင်တို့ကိုပါ တတ်အားသရွေ့ကူညီစောင့်ရှောက်ပေးတာကြောင့် မွန်မြတ်တဲ့စေတနာနဲ့ရှင်သန်နေသူတစ်ယောက်လို့ဆိုရမှာပါ။

တစ်နေ့တခြားတိုးပွားလာတဲ့ သမီးရင်းနဲ့မခြားချစ်ခင်ရတဲ့ ရွှန်းရွှန်းလေးနဲ့ကြားကသံယောဇဉ်တွေကိုလည်း ပရိသတ်တွေမြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဂေဟာကသားသမီးတွေရဲ့မိခင်ကောင်းတစ်ယောက်ဖြစ်နိုင်ဖို့သာမက သူမရဲ့မိခင်အတွက်လည်း သမီးကောင်းတစ်ယောက်ဖြစ်နိုင်ဖို့ ကြိုးစားနေသူတစ်ယောက်ဆိုလည်းမမှားပါဘူး။ ပရဟိတအလုပ်တွေနဲ့မအားလပ်ပေမယ့် သူမချစ်တဲ့အနုပညာအလုပ်မှာလည်း တတ်နိုင်သရွေ့အချိန်ပေးပြီး ပရိသတ်တွေကိုချပြပေးဖို့ ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

Source – Khaing Hnin Wai
Rainbow – Cele Gabar
ဇော်ဂျီဗားရှင်းဖြင့် ဖတ်ရန်

“ထုိင္းႏိုင္ငံမွာက်င္းပခဲ့တဲ့ အထူးဓမၼသဘင္မွာ
ပရဟိတအေတြ႔အၾကံဳေတြေ၀မွ်ေပးခဲ့တဲ့ ခိုင္ႏွင္းေ၀”

ျမန္မာႏိုင္ငံရဲ႕ပရဟိတမင္းသမီးလို႔တင္စားလို႔ရတဲ့ မခိုင္ႏွင္းေ၀ကေတာ့ ျမန္မာႏိုင္ငံအႏွံ႔အျပားလုိအပ္ေနတဲ့ေနရာေတြကို ကိုယ္တိုင္ကိုယ္က် သြားေရာက္ကူညီရံုသာမက လက္ရွိမွာထုိင္းႏိုင္ငံ မဟာခ်ိဳင္ျမိဳ႕မွာရွိတဲ့ မိဘေမတၱာသားသမီးလိမၼာမိဘမဲ့ကေလးကူညီေစာက္ေရွာက္ေရးအသင္းမွ ၾကီးမွဴးက်င္းပတဲ့ အထူးဓမၼသဘင္မွာ သူမျဖတ္သန္းခဲ့ရတဲ့ ပရဟိတလုပ္တဲ့အခါ ေတြ႔ၾကံဳရတဲ့အေၾကာင္းေတြနဲ႔ကေလးေတြကိုေစာင့္ေရွာက္ေပးရတဲ့အေၾကာင္းေတြကို ေ၀မွ်ေပးခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာခိုကိုးရာမဲ့ေနတဲ့ ကေလးေတြအတြက္ ေဂဟာေလးတစ္ေလးတစ္ခုတည္ေထာင္ထားျပီး သားသမီးအရင္းနဲ႔မျခား ရင္အုပ္မကြာေစာင့္ေရွာက္ေနတာလည္းျဖစ္ပါတယ္။
ပရဟိတလုပ္ေနရရင္ေပ်ာ္ေနတဲ့မခိုင္ႏွင္းေ၀ဟာ ကေလးေတြကိုေစာင့္ေရွာက္ရံုသာမကပဲ သူမရဲ႕အႏုပညာရပ္၀န္းမွာရွိတဲ့ ခ်ိဳ႕တဲ့ေနတဲ့အႏုပညာရွင္တို႔ကိုပါ တတ္အားသေရြ႕ကူညီေစာင့္ေရွာက္ေပးတာေၾကာင့္ မြန္ျမတ္တဲ့ေစတနာနဲ႔ရွင္သန္ေနသူတစ္ေယာက္လို႔ဆိုရမွာပါ။

တစ္ေန႔တျခားတိုးပြားလာတဲ့ သမီးရင္းနဲ႔မျခားခ်စ္ခင္ရတဲ့ ရႊန္းရႊန္းေလးနဲ႔ၾကားကသံေယာဇဥ္ေတြကုိလည္း ပရိသတ္ေတြျမင္ေတြ႔ခံစားရမွာျဖစ္ပါတယ္။ ဒါ့အျပင္ ေဂဟာကသားသမီးေတြရဲ႕မိခင္ေကာင္းတစ္ေယာက္ျဖစ္ႏိုင္ဖို႔သာမက သူမရဲ႕မိခင္အတြက္လည္း သမီးေကာင္းတစ္ေယာက္ျဖစ္ႏုိင္ဖို႔ ၾကိဳးစားေနသူတစ္ေယာက္ဆိုလည္းမမွားပါဘူး။ ပရဟိတအလုပ္ေတြနဲ႔မအားလပ္ေပမယ့္ သူမခ်စ္တဲ့အႏုပညာအလုပ္မွာလည္း တတ္ႏိုင္သေရြ႔အခ်ိန္ေပးျပီး ပရိသတ္ေတြကိုခ်ျပေပးဖို႔ ၾကိဳးစားေနသူတစ္ေယာက္လည္းျဖစ္ပါတယ္။

Source – Khaing Hnin Wai
Rainbow – Cele Gabar

error: Content is protected !!