” အကယ်ဒမီများရှင် မို့မို့မြင့်အောင်ကို သွားရောက်ကန်တော့ခဲ့တဲ့ မိုးအောင်ရင် “

အကယ်ဒမီများရှင် မို့မို့မြင့်အောင် ဆိုတာကတော့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးမင်းသားတွေရဲ့ လက်ဦးဆရာတစ်ယောက်လို့ဆိုရမှာပါ။အရာရာ ကိုယ့်ရဲ့သားသမီးတွေလို သင်ကြားပြသပေးတတ်တဲ့သူဖြစ်တာကြောင့် ချစ်စနိုးနဲ့ အားလုံးက အမေမွှေးလို့ ခေါ်လေ့ရှိကြပါတယ်။ သီတင်းကျွတ်အခါသမယမှာ အမေမွှေးကို လာရောက် ကန်တော့ကြတဲ့သူတွေထဲမှာ မိုးအောင်ရင်လည်း အပါအဝင်တစ်ယောက်ပါ။

သီတင်းကျွတ်လာရောက်ကန်တော့ခဲ့ကြောင်းကို ” ဒီနေ့တော့ နေ့လည်ကသားသားလာကန်တော့တယ်။မို့အမျိုးသားနဲ့(၁၉၈၇)ခုနှစ်ကလက်ထပ်တာဆိုတော့သားသားကိုမွေးမယ်ဆို၈၈ခုနှစ်ပေါ့။ သားသားက(၈၈)မှာမွေးတာလေ။ဝမ်းနဲ့လွယ်မမွေးရပေမဲ့အနုပညာနဲ့လွယ်မွေးရတာပါ။ကိုယ်သားကိုအကောင်းဆုံးတွေကြီးဖြစ်စေချင်ခဲ့တာပါ။ အခုသားသားကလိမ်မာနေပြီဆိုတော့အဆိုးထဲကအကောင်းပေါ့။သားသားကိုမြတ်စွာဘုရားစောင့်ရှောက်လို့လူချွန်လူကောင်းဖြစ်ပါစေ။ ” ဆိုပြီး ကန်တော့ခဲ့တဲ့ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။

မို့မို့မြင့်အောင်နဲ့ မိုးအောင်ရင်တို့ဟာ ဇာတ်လမ်းများစွာကိုအတူရိုက်ကူးခဲ့ကြပြီး အမေမွှေးရဲ့ သင်ကြားမှုနဲ့ ဗီဒီယိုတွေအပြင် ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးလာနိုင်တာပါ။လက်ဦးဆရာ ဆိုပေမယ့် မိဘနဲ့သားလို ဆက်ဆံရေးတွေရှိကြတဲ့ သူတို့နှစ်ဦးဟာ မကြာသေးမီကလည်း နားလည်မှုတွေလွဲပြီး အမေမွှေးကစိတ်ဆိုးခဲ့ပေမယ့် မိုးအောင်ရင်ကလည်း သေချာပြောပြဖြေရှင်းခဲ့လို့ အဆင်ပြန်ပြေခဲ့တာ ဖြစ်ပြီး ချစ်စရာကောင်းတဲ့ သူတို့ဆက်ဆံရေးကို ပရိသတ်တွေကလည်း နားလည်သဘောကျကြတယ်လို့ ဆိုရမှာပါ။CeleGabar ပရိသတ်ကြီး သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Academy Moht Moht Myint Aung
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” အကယ္ဒမီမ်ားရွင္ မို႕မို႔ျမင့္ေအာင္ကို သြားေရာက္ကန္ေတာ့ခဲ့တဲ့ မိုးေအာင္ရင္ ”

အကယ္ဒမီမ်ားရွင္ မို႕မို႔ျမင့္ေအာင္ ဆိုတာကေတာ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ မင္းသမီးမင္းသားေတြရဲ႕ လက္ဦးဆရာတစ္ေယာက္လို႔ဆိုရမွာပါ။အရာရာ ကိုယ့္ရဲ႕သားသမီးေတြလို သင္ၾကားျပသေပးတတ္တဲ့သူျဖစ္တာေၾကာင့္ ခ်စ္စႏိုးနဲ႔ အားလုံးက အေမေမႊးလို႔ ေခၚေလ့ရွိၾကပါတယ္။ သီတင္းကြၽတ္အခါသမယမွာ အေမေမႊးကို လာေရာက္ ကန္ေတာ့ၾကတဲ့သူေတြထဲမွာ မိုးေအာင္ရင္လည္း အပါအဝင္တစ္ေယာက္ပါ။

သီတင္းကြၽတ္လာေရာက္ကန္ေတာ့ခဲ့ေၾကာင္းကို ” ဒီေန႔ေတာ့ ေန႔လည္ကသားသားလာကန္ေတာ့တယ္။မို႔အမ်ိဳးသားနဲ႔(၁၉၈၇)ခုႏွစ္ကလက္ထပ္တာဆိုေတာ့သားသားကိုေမြးမယ္ဆို၈၈ခုႏွစ္ေပါ့။ သားသားက(၈၈)မွာေမြးတာေလ။ဝမ္းနဲ႔လြယ္မေမြးရေပမဲ့အႏုပညာနဲ႔လြယ္ေမြးရတာပါ။ကိုယ္သားကိုအေကာင္းဆုံးေတြႀကီးျဖစ္ေစခ်င္ခဲ့တာပါ။ အခုသားသားကလိမ္မာေနၿပီဆိုေတာ့အဆိုးထဲကအေကာင္းေပါ့။သားသားကိုျမတ္စြာဘုရားေစာင့္ေရွာက္လို႔လူခြၽန္လူေကာင္းျဖစ္ပါေစ။ ” ဆိုၿပီး ကန္ေတာ့ခဲ့တဲ့ပံုရိပ္ေလးေတြနဲ႕အတူ လူမႈကြန္ရက္စာမ်က္ႏွာကေန ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။

မို႕မို႕ျမင့္ေအာင္နဲ႕ မိုးေအာင္ရင္တို႕ဟာ ဇာတ္လမ္းမ်ားစြာကိုအတူရုိက္ကူးခဲ့ၾကၿပီး အေမေမႊးရဲ႕ သင္ၾကားမႈနဲ႕ ဗီဒီယိုေတြအျပင္ ရုပ္ရွင္ဇာတ္ကားမ်ားစြာ ရိုက္ကူးလာႏုိင္တာပါ။လက္ဦးဆရာ ဆိုေပမယ့္ မိဘနဲ႕သားလို ဆက္ဆံေရးေတြရွိၾကတဲ့ သူတို႕နွစ္ဦးဟာ မၾကာေသးမီကလည္း နားလည္မႈေတြလြဲၿပီး အေမေမႊးကစိတ္ဆိုးခဲ့ေပမယ့္ မိုးေအာင္ရင္ကလည္း ေသခ်ာေျပာျပေျဖရွင္းခဲ့လို႕ အဆင္ျပန္ေျပခဲ့တာ ျဖစ္ၿပီး ခ်စ္စရာေကာင္းတဲ့ သူတို႕ဆက္ဆံေရးကို ပရိသတ္ေတြကလည္း နားလည္သေဘာက်ၾကတယ္လို႕ ဆိုရမွာပါ။CeleGabar ပရိသတ္ႀကီး သူတို႕ႏွစ္ေယာက္ရဲ႕ ပံုရိပ္ေလးေတြကိုၾကည့္ၿပီး သေဘာက်ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source : Academy Moht Moht Myint Aung
Shwe Poe – CeleGabar

error: Content is protected !!