” နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ယူအားပေးစကား ပြောကြားခြင်းခံခဲ့ရတဲ့ အောင်လအန်ဆန်း “

ကမ္ဘာမှာ မြန်မာဟေ့ဆိုပြီး ဝင့်ကြွားနိုင်စေတဲ့ နိုင်ငံဂုဏ်ဆောင် ကချင်တိုင်းရင်းသားလေး အောင်လအန်ဆန်းကတော့ လက်ရှိမှာ ဂျပန်နိုင်ငံကို မိသားစုနဲ့အတူ အပန်းဖြေဖို့ ခရီးထွက်လာခဲ့တာလည်းဖြစ်ပါတယ်။အောက်တိုဘာလ (၂၁)ရက်နေ့ဖြစ်တဲ့ ယနေ့ ညနေပိုင်းမှာတော့ ဂျပန်ဧကရာဇ်ထီးနန်းတက်ဂုဏ်ပွဲပြု အခမ်းအနားကို တက်ရောက်ရန်ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံခဲ့ပြီး အမေစုရဲ့ ဂုဏ်ယူဝမ်းမြောက် ကြောင်းအားပေးစကား ပြောကြားခဲ့ပါတယ်။

အခုလို့ တွေ့ဆုံခဲ့တဲ့အကြောင်းကိုတော့ အမေစုကိုယ်တိုင် ဥက္ကဌ နေရာမှာ တာဝန်ယူဦးစီးတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နာမှ “ဂျပန်ဧကရာဇ်ထီးနန်းတက်ဂုဏ်ပွဲပြု အခမ်းအနားကို တက်ရောက်ရန်ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံ
ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် တည်းခိုသည့် ဟော် တယ် တွင် ယနေ့ ညနေ ပိုင်း က Aung La Nsang မိသားစုနှင့် တွေ့ဆုံ ပြီး ဂုဏ်ယူဝမ်းမြောက် ကြောင်း အားပေးစကား ပြောကြားခဲ့ပါသည်။” လို့ဖော်ပြထားပါတယ်။

အောင်လအန်ဆန်း ကတော့ အမေရိကန်နိုင်ငံ၊ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေးလောက ကြေးစားပွဲစဉ်များတွင် မြန်မာ့စပါးကြီးမြွေ (Burmese Python) လို့တင်စားခေါ်ဝေါ်ခြင်းခံနေရပြီး မစ်ဒယ်ဝိတ် နှင့် လိုက်ဟဲဗီးဝိတ်တန်းများတွင် အနိုင်ရရှိထားကာ နှစ်ထပ်ကွမ်းချန်ပီယံလည်းဖြစ်တဲ့ MMA ရဲ့ အကောင်းဆုံးဖိုက်တာဖြစ်ပါတယ်။သူကတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ယူအားပေးစကား ပြောကြားခြင်းပါခံခဲ့ရပါတဲ့နော် CeleGabar ပရိသတ်ကြီးရေ……

Source: Daw Khin Kyi Foundation
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

” ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဂုဏ္ယူအားေပးစကား ေျပာၾကားျခင္းခံခဲ့ရတဲ့ ေအာင္လအန္ဆန္း ”

ကမာၻမွာ ျမန္မာေဟ့ဆိုၿပီး ၀င့္ႂကြားႏိုင္ေစတဲ့ ႏိုင္ငံဂုဏ္ေဆာင္ ကခ်င္တိုင္းရင္းသားေလး ေအာင္လအန္ဆန္းကေတာ့ လက္ရွိမွာ ဂ်ပန္ႏိုင္ငံကို မိသားစုနဲ႔အတူ အပန္းေျဖဖို႔ ခရီးထြက္လာခဲ့တာလည္းျဖစ္ပါတယ္။ေအာက္တိုဘာလ (၂၁)ရက္ေန႔ျဖစ္တဲ့ ယေန႔ ညေနပိုင္းမွာေတာ့ ဂ်ပန္ဧကရာဇ္ထီးနန္းတက္ဂုဏ္ပြဲျပဳ အခမ္းအနားကို တက္ေရာက္ရန္ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕မွာ ေရာက္ရွိေနေသာ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ေတြ႕ဆံုခဲ့ၿပီး အေမစုရဲ႕ ဂုဏ္ယူဝမ္းေျမာက္ ေၾကာင္းအားေပးစကား ေျပာၾကားခဲ့ပါတယ္။

အခုလို႔ ေတြ႕ဆံုခဲ့တဲ့အေၾကာင္းကိုေတာ့ အေမစုကိုယ္တိုင္ ဥကၠဌ ေနရာမွာ တာ၀န္ယူဦးစီးတဲ့ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း ရဲ႕ တရား၀င္ လူမႈကြန္ရက္ စာမ်က္နာမွ “ဂ်ပန္ဧကရာဇ္ထီးနန္းတက္ဂုဏ္ပြဲျပဳ အခမ္းအနားကို တက္ေရာက္ရန္ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕မွာ ေရာက္ရွိေနေသာ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ
ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္သည္ တည္းခိုသည့္ ေဟာ္ တယ္ တြင္ ယေန႔ ညေန ပိုင္း က Aung La Nsang မိသားစုႏွင့္ ေတြ႕ဆုံ ၿပီး ဂုဏ္ယူဝမ္းေျမာက္ ေၾကာင္း အားေပးစကား ေျပာၾကားခဲ့ပါသည္။” လို႔ေဖာ္ျပထားပါတယ္။

ေအာင္လအန္ဆန္း ကေတာ့ အေမရိကန္ႏိုင္ငံ၊ အသုံးခ် ကိုယ္ခံပညာ တိုက္ခိုက္ေရးေလာက ေၾကးစားပြဲစဥ္မ်ားတြင္ ျမန္မာ့စပါးႀကီးေႁမြ (Burmese Python) လို႔တင္စားေခၚေဝၚျခင္းခံေနရၿပီး မစ္ဒယ္ဝိတ္ ႏွင့္ လိုက္ဟဲဗီးဝိတ္တန္းမ်ားတြင္ အနိုင္ရရိွထားကာ ႏွစ္ထပ္ကြမ္းခ်န္ပီယံလည္းျဖစ္တဲ့ MMA ရဲ႕ အေကာင္းဆုံးဖိုက္တာျဖစ္ပါတယ္။သူကေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဂုဏ္ယူအားေပးစကား ေျပာၾကားျခင္းပါခံခဲ့ရပါတဲ့ေနာ္ CeleGabar ပရိသတ္ႀကီးေရ……

error: Content is protected !!