” ဆရာမောင်မျိုးမင်းကို ကန်တော့ပြီး မုန့်ဖိုးတောင်းကာ မုန်ဖိုးရလို့ပျော်ရွှင်နေတဲ့ နှင်းဆီအငြိမ့်အဖွဲ့ ဗီဒီယိုဖိုင် “

နှင်းဆီအငြိမ့်အဖွဲ့ကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ မင်းမော်ကွန်း၊ ရဲလေးတို့က လူရွှင်တော်တွေအနေနဲ့ ပါဝင်ပြီး ဒါရိုက်တာ မောင်မျိုးမင်းက ဦးဆောင်ကာ ဖွဲစည်းထားတဲ့ အငြိမ့်အဖွဲ့ တစ်ဖွဲ့ပါပဲနော်။ မင်းသမီးတွေအနေနဲ့ လည်း မေကဗျာ၊ ဖူးစုံ၊ မိုးပြည့်ပြည့်မောင်၊ မိုးယုစံတို့က ပင်တိုင်ပါဝင်ကပြဖျော်ဖြေပေးလေ့ရှိပါတယ်။

မကြာသေးမီက နှင်းဆီအငြိမ့်အဖွဲ့ဟာ မြန်မာနိုင်ငံအရပ်ရပ်က ဘေးအန္တရာယ်တွေကြောင့် ဒုက္ခရောက်နေရတဲ့ ပြည်သူတွေအတွက် ရန်ပုံငွေပွဲတွေကိုကျင်းပပြီး ကပြဖျော်ဖြေကာ ရံပုံငွေရရှိနိင်ဖို့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကပြဖျော်ဖြေခဲ့ပါတယ်။ ကပြဖျော်ဖြေရာမှာ နှင်းဆီအငြိမ့်အဖွဲ့ ရန်ပုံငွေပွဲမှာ စိုင်းစိုင်းရဲ့ ဖုတ်လှိုက်ဖုတ်လှိုက်သီချင်း ကို အသုံးပြုခွင့် တောင်းခံခဲ့ပါသေးတယ်။

လက်ရှိမှာလည်း နှင်းဆီအဖွဲ့ဟာ သူတို့ဆရာမောင်မျိုးမင်းကို ကန်တော့ပြီး မုန့်ဖိုးတောင်းကာ မုန်ဖိုးရလို့ပျော်ရွှင်နေတဲ့ ဗီဒီယိုဖိုင်လေးဟာလူမှုကွန်ရက်စာမျက်နှာထက်မမှာ ပျံ့နှံ့ နေတာပဲ ဖြစ်ပါတယ်။ ပြည်သူချစ်နှင်းဆီအငြိမ့်အဖွဲ့သားတွေရဲ့ ပျော်စရာကောင်းတဲ့ ဗီဒီယိုလေးကိုကြည့်ကာ အချစ်ပိုနေကြတာပဲ လို့ဆိုရမှာပါ။CeleGabar ပရိသတ်ကြီးလည်း သူတို့ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Padamyar Kkhine
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း





Shwe Poe – CeleGabar

error: Content is protected !!