“ကိုရီးယားနိုင်ငံမှာ Fan Meeting ပွဲ (၂)ပွဲတိတိကျင်းပသွားမယ့် အေးမြတ်သူ”

“မမြတ်လေး”လို့ ပရိသတ်တွေချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ အေးမြတ်သူကတော့ လတ်တလောမှာတော့ ကိုရီးယားနိုင်ငံမှာ Fan Meeting ပွဲလေးပြုလုပ်သွားဖို့ရှိတယ်လို့ သိရှိရပါတယ်။Fan Meeting ပွဲကိုတော့ ကိုရီးယားနိုင်ငံရဲ့ ဘူချွန်းမြို့နဲ့ ဂင်မဲမြို့ (၂) နေရာမှာ (၂)ပွဲတိတိ ကျင်းပပြုလုပ်သွားမှာပါ။လာမယ့် အောက်တိုဘာလ (၂၆)ရက်နဲ့ (၂၇)ရက်နေ့တွေမှာ ကျင်းပမှာဖြစ်ပါတယ်။(၂၆)ရက်နေ့ကိုတော့ ဘူချွန်မြို့ရဲ့ ဆော့ဂွန်းဆာ ဘုန်းကြီးကျောင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး

(၂၇)ရက်နေ့မှာတော့ ဂင်မဲမြို့ရဲ့ အားကစား ခန်းမ မှာ ကျင်းပသွားမှာလို့လည်း သိရပါတယ်။Fan Meeting ပွဲမှာတော့ မမြတ်လေးနှင့် သူ့ရဲ့ Fan တွေ ချစ်ချစ်ခင်ခင် စကားပြောမယ့် Happy Time အစီအစဉ်၊ ရင်ခုန် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အဖွဲ့လိုက် ဂိမ်းကစား ပြိုင်ပွဲများ၊ လေအိတ် ကမ္ဘာထဲမှာ စိတ်လှုပ်ရှားစရာ ကစားနည်း ပြိုင်ပွဲများ၊ဒလိမ့်တုံး ကမ္ဘာထဲ ဝင်ပြီး အဖွဲ့လိုက် လက်ဆင့်ကမ်း ကစားနည်း ပြိုင်ပွဲများနဲ့ အခြားသေား ပျော်ရွှင်စရာအစီအစဉ်တွေပါဝင်မှာဖြစ်ပါတယ်။

ဒီလို ဂီမ်းကစားပွဲအစီအစဉ်တွေအပြင် အထူးအစီစဉ်တစ်ခုအနေနဲ့ ကစားနည်းတိုင်းတွင် အနိုင်ရရှိသူများအတွက် မမြတ်လေးကိုယ်တိုင်အမှတ်တရလက်မှတ်ရေးထိုးထားတဲ့ လက်ဆောင်များစွာကိုလည်း ဂုဏ်ပြုဆုအနေနဲ့ ရရှိမှာပါ။ကဲ ကိုရီးယားနိုင်ငံမှာရှိတဲ့ အေးမြတ်သူရဲ့ ပရိသတ်တွေကတော့ အေးမြတ်သူနဲ့ အတူ ကစားနည်းတွေကို ကစားပြီး ပျော်ရွှင်စရာ အမှတ်တရလေးတွေကို ဖန်တီးခွင့်ရမှာမို့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးလေးတစ်ခုပါပဲ။

Source : Aye Myat Thu
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။

“ကိုရီးယားႏိုင္ငံမွာ Fan Meeting ပြဲ (၂)ပြဲတိတိက်င္းပသြားမယ့္ ေအးျမတ္သူ”

“မျမတ္ေလး”လို႕ ပရိသတ္ေတြခ်စ္စႏိုးနဲ႕ ေခၚဆိုၾကတဲ့ ေအးျမတ္သူကေတာ့ လတ္တေလာမွာေတာ့ ကိုရီးယားႏိုင္ငံမွာ Fan Meeting ပြဲေလးျပဳလုပ္သြားဖို႕ရွိတယ္လို႕ သိရွိရပါတယ္။Fan Meeting ပြဲကိုေတာ့ ကိုရီးယားႏိုင္ငံရဲ႕ ဘူခြၽန္းၿမိဳ႕နဲ႕ ဂင္မဲၿမိဳ႕ (၂) ေနရာမွာ (၂)ပြဲတိတိ က်င္းပျပဳလုပ္သြားမွာပါ။လာမယ့္ ေအာက္တိုဘာလ (၂၆)ရက္နဲ႕ (၂၇)ရက္ေန႕ေတြမွာ က်င္းပမွာျဖစ္ပါတယ္။(၂၆)ရက္ေန႕ကိုေတာ့ ဘူခၽြန္ၿမိဳ႕ရဲ႕ ေဆာ့ဂြန္းဆာ ဘုန္းႀကီးေက်ာင္းမွာ က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး

(၂၇)ရက္ေန႕မွာေတာ့ ဂင္မဲၿမိဳ႕ရဲ႕ အားကစား ခန္းမ မွာ က်င္းပသြားမွာလို႕လည္း သိရပါတယ္။Fan Meeting ပြဲမွာေတာ့ မျမတ္ေလးႏွင့္ သူ႕ရဲ႕ Fan ေတြ ခ်စ္ခ်စ္ခင္ခင္ စကားေျပာမယ့္ Happy Time အစီအစဥ္၊ ရင္ခုန္ စိတ္လႈပ္႐ွားဖြယ္ေကာင္းတဲ့ အဖြဲ႔လိုက္ ဂိမ္းကစား ၿပိဳင္ပြဲမ်ား၊ ေလအိတ္ ကမာၻထဲမွာ စိတ္လႈပ္႐ွားစရာ ကစားနည္း ၿပိဳင္ပြဲမ်ား၊ဒလိမ့္တံုး ကမာၻထဲ ဝင္ၿပီး အဖြဲ႔လိုက္ လက္ဆင့္ကမ္း ကစားနည္း ၿပိဳင္ပြဲမ်ားနဲ႕ အျခားေသား ေပ်ာ္ရႊင္စရာအစီအစဥ္ေတြပါဝင္မွာျဖစ္ပါတယ္။

ဒီလို ဂီမ္းကစားပြဲအစီအစဥ္ေတြအျပင္ အထူးအစီစဥ္တစ္ခုအေနနဲ႕ ကစားနည္းတိုင္းတြင္ အနိုင္ရရိွသူမ်ားအတြက္ မျမတ္ေလးကိုယ္တိုင္အမွတ္တရလက္မွတ္ေရးထိုးထားတဲ့ လက္ေဆာင္မ်ားစြာကိုလည္း ဂုဏ္ျပဳဆုအေနနဲ႕ ရရွိမွာပါ။ကဲ ကိုရီးယားႏိုင္ငံမွာရွိတဲ့ ေအးျမတ္သူရဲ႕ ပရိသတ္ေတြကေတာ့ ေအးျမတ္သူနဲ႕ အတူ ကစားနည္းေတြကို ကစားၿပီး ေပ်ာ္ရႊင္စရာ အမွတ္တရေလးေတြကို ဖန္တီးခြင့္ရမွာမို႕ လက္မလႊတ္သင့္တဲ့ အခြင့္အေရးေလးတစ္ခုပါပဲ။

Source : Aye Myat Thu
Chilli – CeleGabar

error: Content is protected !!