” အဆိုပိုင်းမှာသာမက အနုပညာပိုင်းမှာဘက်စုံထူးချွန်တဲ့ Myanmar Idol Season (4) ရဲ့ပြိုင်ပွဲဝင် ခင်ရတနာစိုး “

ပဲခူးတိုင်းဒေသကြီး၊ဒိုက်ဦးမြို့ကနေ လာရောက်ယှဉ်ပြိုင်တဲ့ ခင်ရတနာစိုးကတော့ မြန်မာအသံရော၊ခေတ်ပေါ်သီချင်းတွေကိုပါ အသက်အရွယ်နဲ့မလိုက်အောင် ပိုင်နိုင်စွာဆိုတတ်တဲ့ သူပဲဖြစ်ပါတယ်။သူကတော့ ဆိုင်းထောင်ထားပြီး ကိုယ်တိုင်ဆိုင်းတီးပြီး အငြိမ့်လည်းကတတ်တဲ့ အငြိမ့်မင်းသမီးလေးလည်းဖြစ်ပြီး ဆိုကရေးတီးမှာဆုရဖူးတဲ့ မိခင်ဖြစ်သူရဲ့ သင်ကြားပေးမှုတွေကြောင့်လည်း အဆိုပိုင်းကတော့ ပြောစရာမလိုအောင် တော်လွန်းလှပါတယ်။

သူကတော့ Myanmar Idol ပြိုင်ပွဲကြီးမှာ လာရောက်ယှဉ်မပြိုင်ခင်ကတည်းက ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပြီး မွန်ပြည်နယ်ရေဘေးအတွက် ဂီတနဲ့လုပ်အားပေးရင်း ခိုင်သဇင်ရဲ့”ခွင့်လွှတ်ပေးဖို့တောင်ဆိုချင်တယ်” ဆိုတဲ့ သီချင်းသီဆိုခဲ့တဲ့ ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေအကြား ရေပန်းစားခဲ့ပါသေးတယ်။ခင်ရတနာစိုးကတော့ Judge Auditions မှာ နီနီခင်ဇော်ရဲ့ “စိုးရိမ်ချစ်” ကိုကိုယ်ပိုင်ဟန်လေးနဲ့ သီဆိုထားပြီး ဒိုင်တွေရဲ့တောင်းဆိုမှုကြောင့် မြန်မာသံသီချင်းတစ်ပုဒ် သီဆိုပြခဲ့ပြီး Golden Ticket ရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ခင်ရတနာစိုးတစ်ယောက် ပွဲတစ်ခုမှာ ဆိုင်းအဖွဲကအတူ တီးခတ်ထားတဲ့ ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေအကြား ရေပန်းစားနေပါတယ်။CeleGabar ပရိသတ်တွေအတွက် ခင်ရတနာဆိုးတစ်ယောက် ဆိုင်းလက်စွမ်းပြထားတဲ့ ဗီဒီယိုဖိုင်လေးကို ဝေမျှလိုက်ပါတယ်။

DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





error: Content is protected !!