“ရှူတင်မှာ မေမေ့ကိုစရင်း ခေါင်းခေါက်ခံလိုက်ရတဲ့ အုပ်စိုးခန့်ရဲ့ဗွီဒီယိုဖိုင်လေး”

နူတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် အုပ်စိုးခန့်ကတော့ ရှုတင်မှာအလုပ်ရှုပ်နေတဲ့ကြားထဲက မေမေကိုစမိလို့ ခေါင်းခေါက်ခံလိုက်ရပါတယ်။အုပ်စိုးခန့်ဟာ ကိုယ်ပိုင်သီချင်းကောင်းများနဲ့ ပရိသတ်ရင်ထဲကို ဝင်ရောက်လာပြီးနောက်မှာ သရုပ်ဆောင်ပိုင်းကိုပါ ကူးပြောင်းလာတာဖြစ်ပါတယ်။လက်ရှိမှာတော့ ဒါရိုက်တာ ပွင့်သီဂီၤဇော်ရိုက်ကူးမယ့် “အိပ်မက်တွေ မိုးထားတဲ့အိမ်” ဇာတ်လမ်းမှာ သရုပ်ဆောင် မိုရီဆာကီဝင်း၊နေခြည်ဦး၊ချမ်းမင်းရဲထွဠ်၊အောင်လေးတို့နဲ့အတူပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။အခုရုံတင်ပြနေတဲ့ “အခမ်းနားဆုံးမေတ္တာ” ဇာတ်ကားရဲ့ဇာတ်ဝင်တေးကိုသီဆိုထားပါသေးတယ်။

အုပ်စိုးခန့်ဟာဆိုရင် SHWE FM ရဲ့ 10th Anniversary မှာ မျက်နှာသစ်အနုပညာရှင်အနေနဲ့ဆုရရှိခဲ့ပြီး သူ့ရဲ့ပထမဆုံးစီးရီးဖြစ်တဲ့ “ချစ်နေပြီ”ဟာလည်း အောင်မြင်မှုရရှိခဲ့တာဖြစ်တဲ့အတွက် အသက်ငယ်ငယ်နဲ့အောင်မြင်မှုရရှိခဲ့တယ်လို့ဆိုရမှာပါ။လက်ရှိမှာ Ve Ve beverage ရဲ့ Brand Ambassador ၊ Vivo ရဲ့ Brand Influencer အဖြစ် ခန့်အပ်ခံထားရတာဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ရုပ်ရည်နဲ့ စွဲမက်စရာအသံချိုချိုလေးကြောင့် မိန်းကလေးထုကြီးတစ်ခုလုံးရဲ့ ဝန်းရံခံနေရသူဆိုလည်း မမှားပါဘူး။ သူနဲ့ အစ်မဖြစ်သူရဲ့ ချစ်စရာကောင်းတဲ့ ဆက်ဆံရေးကိုလည်း ပရိသတ်တွေဆီကို ဝေမျှလေ့ရှိပြီး မြန်မာ၊အင်္ဂလိပ်နဲ့တရုတ် ဘာသာစကားသုံးမျိုးလုံးကိုလည်း ကျွမ်းကျင်စွာပြောဆိုနိုင်ပါသေးတယ်။ ရှူတင်တွေနဲ့အလုပ်ရှုပ်နေပြီဖြစ်တဲ့အုပ်အုပ်လေးနောက်ကို မေမေကအမြဲလိုက်ပေးတာဖြစ်ပြီး အုပ်အုပ်လေးကနားချိန်ခဏလေးရတာတောင် မေမေ့ကိုစနေလို့ မေမေခေါက်တာခံလိုက်ရတာပါနော်။ အရမ်းတော်ပြီး ချစ်စရာကောင်းတဲ့ အုပ်အုပ်လေးနဲ့ သူ့မေမေတို့ရဲ့ချစ်စရာကောင်းတဲ့ ဗွီဒီယိုဖိုင်လေးကို ပရိသတ်ကြီးဆီကို ဝေမျှပေးလိုက်ပါတယ်။

Source – Oak Soe Khant,Rainbow- Cele Gabar

ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ရွဴတင္မွာ ေမေမ့ကိုစရင္း ေခါင္းေခါက္ခံလိုက္ရတဲ့ အုပ္စိုးခန္႔ရဲ႕ဗြီဒီယိုဖိုင္ေလး”

ႏူတ္ခမ္းနီမေလးေတြရဲ႕အသည္းေက်ာ္ အုပ္စိုးခန္႔ကေတာ့ ရွုတင္မွာအလုပ္ရွုပ္ေနတဲ့ၾကားထဲက ေမေမကိုစမိလို႔ ေခါင္းေခါက္ခံလိုက္ရပါတယ္။အုပ္စုိးခန္႔ဟာ ကိုယ္ပုိင္သီခ်င္းေကာင္းမ်ားနဲ႔ ပရိသတ္ရင္ထဲကို ၀င္ေရာက္လာျပီးေနာက္မွာ သရုပ္ေဆာင္ပိုင္းကိုပါ ကူးေျပာင္းလာတာျဖစ္ပါတယ္။လက္ရွိမွာေတာ့ ဒါရိုက္တာ ပြင့္သီဂီၤေဇာ္ရုိက္ကူးမယ့္ “အိပ္မက္ေတြ မိုးထားတဲ့အိမ္” ဇာတ္လမ္းမွာ သရုပ္ေဆာင္ မိုရီဆာကီ၀င္း၊ေနျခည္ဦး၊ခ်မ္းမင္းရဲထြဠ္၊ေအာင္ေလးတို႔နဲ႔အတူပါ၀င္သရုပ္ေဆာင္သြားမွာျဖစ္ပါတယ္။အခုရုံတင္ျပေနတဲ့ “အခမ္းနားဆံုးေမတၱာ” ဇာတ္ကားရဲ႕ဇာတ္၀င္ေတးကိုသီဆိုထားပါေသးတယ္။

အုပ္စိုးခန္႔ဟာဆိုရင္ SHWE FM ရဲ႕ 10th Anniversary မွာ မ်က္ႏွာသစ္အႏုပညာရွင္အေနနဲ႔ဆုရရွိခဲ့ျပီး သူ႔ရဲ႕ပထမဆံုးစီးရီးျဖစ္တဲ့ “ခ်စ္ေနျပီ”ဟာလည္း ေအာင္ျမင္မွုရရွိခဲ့တာျဖစ္တဲ့အတြက္ အသက္ငယ္ငယ္နဲ႔ေအာင္ျမင္မွုရရွိခဲ့တယ္လို႔ဆိုရမွာပါ။လက္ရွိမွာ Ve Ve beverage ရဲ႕ Brand Ambassador ၊ Vivo ရဲ႕ Brand Influencer အျဖစ္ ခန္႔အပ္ခံထားရတာျဖစ္ပါတယ္။

ခ်စ္စရာေကာင္းတဲ့ရုပ္ရည္နဲ႔ စြဲမက္စရာအသံခ်ိဳခ်ိဳေလးေၾကာင့္ မိန္းကေလးထုၾကီးတစ္ခုလံုးရဲ႕ ၀န္းရံခံေနရသူဆိုလည္း မမွားပါဘူး။ သူနဲ႔ အစ္မျဖစ္သူရဲ႕ ခ်စ္စရာေကာင္းတဲ့ ဆက္ဆံေရးကိုလည္း ပရိသတ္ေတြဆီကို ေ၀မွ်ေလ့ရွိျပီး ျမန္မာ၊အဂၤလိပ္နဲ႔တရုတ္ ဘာသာစကားသံုးမ်ိဳးလံုးကိုလည္း ကၽြမ္းက်င္စြာေျပာဆိုႏိုင္ပါေသးတယ္။ ရွဴတင္ေတြနဲ႔အလုပ္ရွုပ္ေနျပီျဖစ္တဲ့အုပ္အုပ္ေလးေနာက္ကို ေမေမကအျမဲလုိက္ေပးတာျဖစ္ျပီး အုပ္အုပ္ေလးကနားခ်ိန္ခဏေလးရတာေတာင္ ေမေမ့ကိုစေနလို႔ ေမေမေခါက္တာခံလုိက္ရတာပါေနာ္။ အရမ္းေတာ္ျပီး ခ်စ္စရာေကာင္းတဲ့ အုပ္အုပ္ေလးနဲ႔ သူ့ေမေမတို႔ရဲ႕ခ်စ္စရာေကာင္းတဲ့ ဗြီဒီယိုဖိုင္ေလးကို ပရိသတ္ၾကီးဆီကို ေ၀မွ်ေပးလုိက္ပါတယ္။

Source – Oak Soe Khant

Rainbow- Cele Gabar

error: Content is protected !!