“ဆိုကရေးတီးပြိုင်ပွဲတွေမှာ ဆုတွေရအောင် သင်ကြားပေးခဲ့တဲ့ ဆရာကို သွားရောက် ကန်တော့ခဲ့တဲ့ ဝိုင်းလေး”

ဝိုင်းလေးကတော့ အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။Miss Universe ပြိုင်ပွဲကြီးကိုလည်း မြန်မာနိုင်ငံကိုယ်စားပြုတစ်ယောက်အနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ်တစ်ယောက်လည်းဖြစ်ပါတယ်။ဒီလို အောင်မြင်မှုတွေအပြင် မြန်မာ့ရိုးရာ ဆိုကရေးတီးပြိုင်ပွဲတွေမှာလည်း ရွှေတွဆိပ် ငွေတံဆိပ်ဆုတွေလည်း ရရှိခဲ့ဖူးပါသေးတယ်။

ဝိုင်းလေးကို မြန်မာရိုးရာ ဆိုကရေးတီးပြိုင်ပွဲတွေမှာ စန္ဒယားကို ရွှေတံဆိပ်၊ ငွေတံဆိပ်ဆုတွေရအောင် သင်ကြားပေးခဲ့တာကတော့ စန္ဒယား တင်ဝင်းလှိုင်ပဲဖြစ်ပါတယ်။ဝိုင်းလေးကတော့ ဆုတွေရအောင်သင်ကြားပေးတဲ့ ဘဘစန္ဒယားတင်ဝင်းလှိုင်ဆီသွားရောက်ပြီး ကန်တော့ခဲ့တာပဲဖြစ်ပါတယ်။အခုလို သွားရောက်ကန်တော့ ဖြစ်တဲ့အကြောင်းကို ဝိုင်းလေးက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ

“မြန်မာ့ရိုးရာ ဆိုကရေးတီးမှာ Piano ကို ရွှေတံဆိပ်ငွေတံဆိပ်တွေရအောင် သင်ကြားပေးခဲ့တဲ့ ဘဘ စန္ဒယားတင်ဝင်းလှိုင်ဆီ (၁၀)နှစ်ကြာမှ ပြန်ရောက်ဖြစ်တယ်။တစ်ခေါက်တစ်ခေါက်ဆုံဖို့ ကြိုးစားသမျှ ခုမှပဲ ဆုံရကန်တော့ရတော့တယ်။”လို့ ဖော်ပြထားပြီး လာရောက်ကန်တော့တာကို ဘဘရဲ့ မိသားစုဝင်တွေက ဝမ်းပန်းတသာနဲ့ကြိုဆိုနှုတ်ဆက်ကြတာကြောင့် ကြည်နူး ပီတိဖြစ်ခဲ့ရတဲ့ အကြောင်းကိုလည်း ပြောပြထားပါသေးတယ်။

Source : Wint Yee Shunn
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။





Source : Wint Yee Shunn
Chilli – CeleGabar

error: Content is protected !!