“ရှူတင်မှာ ကလေးလေး တစ်ယောက်လို ဆော့နေတဲ့ အိချောပို”

ပရိသတ်တွေက “စူစူ”လို့ ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့ မင်းသမီးချောလေး အိချောပိုကတော့ အနုပညာပျိုးခင်းကနေ စင်တင်ပေးလိုက်ပြီး လက်ရှိမှာ အောင်မြင်မှုတွေရရှိနေတဲ့ မင်းသမီးလေးတစ်လက်ပဲဖြစ်ပါတယ်။ကျစ်လှစ်လှပပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် အပြစ်ဆိုဖွယ်ရာမရှိလောက်အောင်ကို ပြည့်စုံတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်လို့လည်း ဆိုရမှာပါ။

လူလေးကလည်း လှသလို စိတ်ထားလေးကလည်း ဖြူစင်တဲ့ စူစူဟာ မကြာခဏဆိုသလို သူ့ရဲ့ အနုပညာငွေကြေးလေးတွေကို စုဆောင်းပြီး တက်နိုင်သလောက်အလှူအတန်းလေးတွေပြုလုပ်လေ့ရှိပါသေးတယ်။မကြာသေးမီကလည်း “Player”ရုပ်ရှင်ဇာတ်ကားကြီးကို ပါဝင်ရိုက်ကူးခဲ့ပြီး ရှူတင်နောက်ဆုံးနေ့ ရိုက်ကူးရေးတွေအပြီးမှာ စက်အဖွဲ့သား( ၄၅) ယောက်အတွက် ရတဲ့အနုပညာကြေးထဲက တတ်နိုင်သလောက် သီတင်းကျွတ်အလှူလေးပြုလုပ်ခဲ့ပါသေးတယ်။

အမြဲတမ်းလိုလို လူတစ်ဖက်သားအပေါ်မှာ စိတ်ကောင်းစေတနာကောင်းတွေထားတတ်တဲ့ စူစူကတော့ ပျော်ပျော်နေတတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ရှူတင်တွေမှာလည်း တက်တက်ကြွကြွနဲ့ ကလေးတစ်ယောက်လို ပျော်ပျော်နေတတ်တဲ့ စူစူကတော့ လတ်တလောမှာရိုက်ကူးနေတဲ့ ရှူတင်တစ်ခုမှာလည်း ကလေးလေးတစ်ယောက်လို ဆော့နေပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ စူစူတစ်ယောက် ရှူတင်မှာ ပျော်ပျော်ပါးပါးဆော့ကစားနေတဲ့ ဗီဒီယိုဖိုင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

Source : Ei Chaw Po
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။





Source : Ei Chaw Po
Chilli – CeleGabar

error: Content is protected !!