” ကိုယ့်အပေါ်မကောင်းခဲ့တဲ့ ယောက်ျားအကြောင်းမစဉ်းစားဘဲ သမီးလေးကိုသာကြည့်ပြီး ရှင်သန်မယ်ဆိုတဲ့ မေမေအေသင် “

Single Mother အဖြစ်ပရိသတ်တွေရှေ့မှာ ရဲရဲဝံ့ဝံ့နဲ့ရပ်တည်နေပြီး သမီးလေးရှေ့ကနောမားမားမတ်မတ် ရပ်တည်နေတဲ့အမေတစ်ယောက်အဖြစ် မြင်တွေ့နေရတဲ့ နိုင်ငံကျော်အဆိုတော် အေသင်ချိုဆွေကတော့ ပရိသတ်တွေချစ်ခင်အားပေးမှုကို ယနေ့တိုင်အခိုင်အမာရရှိထားပါတယ်။သူကတော့ ကိုယ့်အပေါ်မကောင်းခဲ့တဲ့ ယောက်ျားအကြောင်းမစဉ်းစားဘဲ သမီးလေးကိုသာကြည့်ပြီး ရှင်သန်မယ့်အကြောင်းကို “ကိုယ့်အပေါ် မကောင်းတဲ့ ယောကျာ်းအတွက် အချိန်ကုန်ခံနေမယ့်အစား ကိုယ့်ရဲ့ မေတ္တာတရားကို အမြဲလိုအပ်နေတဲ့ မေမေ့သမီးလေးအတွက်ပဲ မေမေရှင်သန်မယ်။ ” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှာဖော်ပြထားပါတယ်။

အေသင့်ရဲ့ သမီးလေး ဖြစ်တဲ့ အိုင်ဗီလေးဟာဆိုရင်လည်း ပရိသတ်တွေရဲ့ ချစ်ခြင်းကို အပြည့်အဝရရှိထားတဲ့ ကလေးလေးတစ်ယောက်ပါ။အေသင်ချိုဆွေကတော့ ဆယ်ကျော်သက်လောက်တည်းက ပရိသတ်ပါးစပ်ဖျားမှာရေပန်းစားခဲ့တဲ့ သီချင်းတွေထဲက အဆိုရှင်တစ်ယောက် ဖြစ်တဲ့အပြင် နှစ်အနည်းငယ်လောက်အနုပညာအလုပ်တွေမလုပ်ပဲပျောက်ကွယ်သွားပေမယ့် Single Mother အဖြစ်ရဲရဲဝံ့ဝံ့ ပရိသတ်တွေရှေ့ ပြန်ရောက်လာခဲ့ပြီး အနုပညာအလုပ်တွေကိုကြိုးကြိုးစားစားပြန်လုပ်နေပါသေးတယ်။

အေသင်ချိုဆွေကတော့ “လမ်းမခွဲကြေး”သီချင်းနဲ့ ပရိသတ်တွေရဲ့ ရင်ထဲက အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ပထမဆုံး တေးစီရီးခွေဖြစ်တဲ့ “ပေါက်တဲ့အိုး”တေးစီရီးကတော့ ပရိသတ်တွေက အေသင်ချိုဆွေရယ်လို့ လက်ခံခဲ့တဲ့ အထိအောင်မြင်မှုရရှိခဲ့တဲ့ တေးစီးရီးခွေတစ်ခွေလည်း ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ အေသင်အတွက်ကတော့ သမီးလေးက သူဘဝပါပဲတဲ့ ပရိသတ်ကြီးကလည်း အေသင်အတွက် အားပေးစကားလေးပြောသွားကြဦးနော်။

Source: Athen Cho Swe
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

” ကိုယ့္အေပၚမေကာင္းခဲ့တဲ့ ေယာက္်ားအေၾကာင္းမစဥ္းစားဘဲ သမီးေလးကိုသာၾကည့္ၿပီး ရွင္သန္မယ္ဆိုတဲ့ ေမေမေအသင္ ”

Single Mother အျဖစ္ပရိသတ္ေတြေရွ႕မွာ ရဲရဲဝံ့ဝံ့နဲ႔ရပ္တည္ေနၿပီး သမီးေလးေရွ႕ကေနာမားမားမတ္မတ္ ရပ္တည္ေနတဲ့အေမတစ္ေယာက္အျဖစ္ ျမင္ေတြ႕ေနရတဲ့ ႏိုင္ငံေက်ာ္အဆိုေတာ္ ေအသင္ခ်ိဳေဆြကေတာ့ ပရိသတ္ေတြခ်စ္ခင္အားေပးမႈကို ယေန႔တိုင္အခိုင္အမာရရွိထားပါတယ္။သူကေတာ့ ကိုယ့္အေပၚမေကာင္းခဲ့တဲ့ ေယာက္်ားအေၾကာင္းမစဥ္းစားဘဲ သမီးေလးကိုသာၾကည့္ၿပီး ရွင္သန္မယ့္အေၾကာင္းကို “ကိုယ့္အေပၚ မေကာင္းတဲ့ ေယာက်ာ္းအတြက္ အခ်ိန္ကုန္ခံေနမယ့္အစား ကိုယ့္ရဲ႕ ေမတၱာတရားကို အၿမဲလိုအပ္ေနတဲ့ ေမေမ့သမီးေလးအတြက္ပဲ ေမေမရွင္သန္မယ္။ ” လို႔ သူရဲ႕ လူမႈကြန္ရက္ စာမ်က္နာမွာေဖာ္ျပထားပါတယ္။

ေအသင့္ရဲ႕ သမီးေလး ျဖစ္တဲ့ အိုင္ဗီေလးဟာဆိုရင္လည္း ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းကို အျပည့္အဝရရွိထားတဲ့ ကေလးေလးတစ္ေယာက္ပါ။ေအသင္ခ်ိဳေဆြကေတာ့ ဆယ္ေက်ာ္သက္ေလာက္တည္းက ပရိသတ္ပါးစပ္ဖ်ားမွာေရပန္းစားခဲ့တဲ့ သီခ်င္းေတြထဲက အဆိုရွင္တစ္ေယာက္ ျဖစ္တဲ့အျပင္ ႏွစ္အနည္းငယ္ေလာက္အႏုပညာအလုပ္ေတြမလုပ္ပဲေပ်ာက္ကြယ္သြားေပမယ့္ Single Mother အျဖစ္ရဲရဲဝံ့ဝံ့ ပရိသတ္ေတြေရွ႕ ျပန္ေရာက္လာခဲ့ၿပီး အႏုပညာအလုပ္ေတြကိုႀကိဳးႀကိဳးစားစားျပန္လုပ္ေနပါေသးတယ္။

ေအသင္ခ်ိဳေဆြကေတာ့ “လမ္းမခြဲေၾကး”သီခ်င္းနဲ႔ ပရိသတ္ေတြရဲ႕ ရင္ထဲက အခ်စ္ေတြကို သိမ္းပိုက္ထားႏိုင္ခဲ့ၿပီး ပထမဆုံး ေတးစီရီးေခြျဖစ္တဲ့ “ေပါက္တဲ့အိုး”ေတးစီရီးကေတာ့ ပရိသတ္ေတြက ေအသင္ခ်ိဳေဆြရယ္လို႔ လက္ခံခဲ့တဲ့ အထိေအာင္ျမင္မႈရရွိခဲ့တဲ့ ေတးစီးရီးေခြတစ္ေခြလည္း ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးေရ ေအသင္အတြက္ကေတာ့ သမီးေလးက သူဘ၀ပါပဲတဲ့ ပရိသတ္ႀကီးကလည္း ေအသင္အတြက္ အားေပးစကားေလးေျပာသြားၾကဦးေနာ္။

error: Content is protected !!