“သရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွဲတွေထဲက ဘယ်ကားလေးကို အကြိုက်ဆုံးလဲလို့ မေးခွန်းထုတ်လိုက်တဲ့ ဆိုင်းမိုင်”

ကြွေရုပ်လေးလို လှပပြီး စွဲမက်စရာအပြုံးချိုလေးတွေပိုင်ဆိုင်တဲ့ ပိုးကြာဖြူခင်ကတော့ သူပါဝင်သရုပ်ဆောင်ဖူးထားတဲ့ ဇာတ်လမ်းတွဲတွေထဲကမှ ဘယ်ဇာတ်လမ်းတွဲလေးကိုအကြိုက်ဆုံးလဲလို့မေးလိုက်ပါပြီနော်။ ပိုးကြာဖြူခင်ဟာ MRTV-4 ဇာတ်လမ်းတွဲများမှတစ်ဆင့် ပရိသတ်ရင်ထဲကိုရောက်ရှိလာတာဖြစ်ပြီး လက်ရှိမှာ အမာခံပရိသတ်တော်တော်များများရရှိနေသူတစ်ယောက်လဲဖြစ်ပါတယ်။

သူဟာ MRTV-4ဇာတ်လမ်းတွဲများဖြစ်တဲ့ “ဝင်္ကပါစံအိမ်”မှာဆိုရင် မသန်စွမ်းဖြစ်နေတဲ့ကောင်မလေး အိမ်ကိုစာလာသင်ပေးတဲ့ ဆရာမ မာရီမြင့်နေရာကနေ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ “မိုးကောင်ကင်အိပ်မက်”ဇာတ်လမ်းတွဲထဲမှာ အဆိုတော်ဖြစ်ဖို့ကြိုးစားနေတဲ့ကောင်မလေး “ဆိုင်းမိုင်”နေရာကနေ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးကတော့ သူမကို “ဆိုင်းမိုင်”အဖြစ်နဲ့ပရိသတ်လက်ခံအားပေးမှုအမြင့်ဆုံးဇာတ်ကားလို့လည်းဆိုရမှာပါ။

“ကြယ်ကလေးရဲ့ကောင်းကင်”ဇာတ်လမ်းတွဲမှာ “ချစ်ပန်းအိမ်”အဖြစ်၊ “ဥယျာဉ်မှူးဖြစ်ဖူးချင်သည်” ဇာတ်လမ်းတွဲမှာ “မဝေ”အဖြစ်၊ “မမထိပ်နဲ့အမွေစံအိမ်”ဇာတ်လမ်းတွဲမှာ “မွှေး”အဖြစ်နဲ့သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။  ပိုးကြာဖြူခင်ဟာဆိုရင် သရုပ်ဆောင်ပိုင်းသာမက ဂီတကိုပါဝါသနာပါသူဖြစ်ပြီး သူယုံကြည်ရာ အနုပညာခရီးလမ်းကိုလျှောက်လှမ်းနေတာလည်းဖြစ်ပါတယ်။ ဆိုင်းမိုင်ကိုအားပေးတဲ့ပရိသတ်ကြီးကရော တုတုသရုပ်ဆောင်ထားခဲ့သမျှဇာတ်လမ်းတွဲတွေထဲက ဘယ်တစ်ခုကိုအကြိုက်ဆုံးလဲ ဖြေပေးခဲ့ပါဦးနော်။


Source – Poe Kyar Phyu Khin
Rainbow – Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“သရုပ္ေဆာင္ခဲ့ဖူးတဲ့ ဇာတ္လမ္းတြဲေတြထဲက ဘယ္ကားေလးကို အၾကိဳက္ဆံုးလဲလို႔ ေမးခြန္းထုတ္လိုက္တဲ့ ဆိုင္းမိုင္”

ေၾကြရုပ္ေလးလို လွပျပီး စြဲမက္စရာအျပံဳးခ်ိဳေလးေတြပိုင္ဆိုင္တဲ့ ပိုးၾကာျဖဴခင္ကေတာ့ သူပါ၀င္သရုပ္ေဆာင္ဖူးထားတဲ့ ဇာတ္လမ္းတြဲေတြထဲကမွ ဘယ္ဇာတ္လမ္းတြဲေလးကိုအၾကိဳက္ဆံုးလဲလို႔ေမးလိုက္ပါျပီေနာ္။ ပိုးၾကာျဖဴခင္ဟာ MRTV-4 ဇာတ္လမ္းတြဲမ်ားမွတစ္ဆင့္ ပရိသတ္ရင္ထဲကိုေရာက္ရွိလာတာျဖစ္ျပီး လက္ရွိမွာ အမာခံပရိသတ္ေတာ္ေတာ္မ်ားမ်ားရရွိေနသူတစ္ေယာက္လဲျဖစ္ပါတယ္။

သူဟာ MRTV-4ဇာတ္လမ္းတြဲမ်ားျဖစ္တဲ့ “၀ကၤပါစံအိမ္”မွာဆိုရင္ မသန္စြမ္းျဖစ္ေနတဲ့ေကာင္မေလး အိမ္ကိုစာလာသင္ေပးတဲ့ ဆရာမ မာရီျမင့္ေနရာကေန သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။အဲ့ဒီေနာက္မွာေတာ့ “မိုးေကာင္ကင္အိပ္မက္”ဇာတ္လမ္းတြဲထဲမွာ အဆိုေတာ္ျဖစ္ဖို႔ၾကိဳးစားေနတဲ့ေကာင္မေလး “ဆိုင္းမိုင္”ေနရာကေန သရုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲေလးကေတာ့ သူမကို “ဆိုင္းမိုင္”အျဖစ္နဲ႔ပရိသတ္လက္ခံအားေပးမွုအျမင့္ဆံုးဇာတ္ကားလို႔လည္းဆိုရမွာပါ။

“ၾကယ္ကေလးရဲ႕ေကာင္းကင္”ဇာတ္လမ္းတြဲမွာ “ခ်စ္ပန္းအိမ္”အျဖစ္၊ “ဥယ်ာဥ္မွဴးျဖစ္ဖူးခ်င္သည္” ဇာတ္လမ္းတြဲမွာ “မေ၀”အျဖစ္၊ “မမထိပ္နဲ႔အေမြစံအိမ္”ဇာတ္လမ္းတြဲမွာ “ေမႊး”အျဖစ္နဲ႔သရုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။  ပိုးၾကာျဖဴခင္ဟာဆိုရင္ သရုပ္ေဆာင္ပိုင္းသာမက ဂီတကိုပါ၀ါသနာပါသူျဖစ္ျပီး သူယံုၾကည္ရာ အႏုပညာခရီးလမ္းကိုေလွ်ာက္လွမ္းေနတာလည္းျဖစ္ပါတယ္။ ဆိုင္းမိုင္ကိုအားေပးတဲ့ပရိသတ္ၾကီးကေရာ တုတုသရုပ္ေဆာင္ထားခဲ့သမွ်ဇာတ္လမ္းတြဲေတြထဲက ဘယ္တစ္ခုကိုအၾကိဳက္ဆံုးလဲ ေျဖေပးခဲ့ပါဦးေနာ္။
Source – Poe Kyar Phyu Khin
Rainbow – Cele Gabar

error: Content is protected !!