” မိမိခံယူထားတဲ့ ဘဝနေထိုင်မှုပုံစံကို ပြောပြလာတဲ့ တင်ဇာမော် “

လက်ရှိ ပရိသတ်တွေကြား စိတ်ဝင်တစားစောင့်ကြည့်အားပေးနေတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Myanmar Idol Season(4) ရဲ့ ဒိုင်တစ်ဦးဖြစ်တဲ့ တင်ဇာမော်ကတော့ သူ့ဘဝမှာ ခံယူထားတဲ့ ဘဝနေထိုင်မှုပုံစံလေးကို ” “လောကသဘော စောကြော” တစ်ချို့က ချစ်ဟန်ဆောင်.. တစ်ချို့က အတွင်းလူဟန်ဆောင်.. တစ်ချို့က အကြည့်လွှဲဟန်ဆောင်.. တစ်ချို့က နှစ်လိုဖွယ်ဟန်ဆောင်..။ဘယ်လိုပဲ ဟန်ဆောင်နေ.. မျက်ဝန်းတစ်ချက်အကြည့်… စာလုံးတစ်လုံးအရေး.. နှုတ်ခမ်းပြုံးသက်တစ်ကွက်.. မှာ.. ဉာဏ်မျက်စေ့နဲ့ အားလုံး သိမြင်နိုင်တယ်။ဘယ်သူတွေ ဘာတွေဖြစ်နေနေ နားလည်ခွင့်လွှတ်ရင်း ချစ်ခြင်းမပျယ်ဖို့ပဲ ကိုယ့်ဘက်ကစောင့်ထိန်းရတာ က တန်ဖိုး။” လို့ သူရဲ့လူမှုကွန်ရက် စာမျက်နာမှ ပရိသတ်တွေအတွက် ဖော်ပြခဲ့ပါတယ်။

တင်ဇာမော်ကတော့ ပရိသတ်တော်တော်များများရဲ့ ဝန်းရံမှုကို ပိုင်ဆိုင်ရရှိထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ လူကြီး၊လူငယ်မရွေး ချစ်ခင်အားပေးတာကို ခံနေရတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး Myanmar Idol Season 3မှာ မျိုးကျော့မြိုင်၊ ရန်အောင်၊ ဦးသိန်းတန်တို့နဲ့ အတူအကဲဖြတ်ဒိုင်တစ်ယောက်အနေနဲ့ စိတ်ရောကိုယ်ပါနှစ်ပြီး ပါဝင်ဆောင်ရွက်ခဲ့ပါသေးတယ်။လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း အဆိုတော်တစ်ယောက်ပဲဖြစ်ပြီး တေးစီးရီး အယ်ဘမ်ပေါင်းများစွာထွက်ရှိထားခဲ့ပါတယ်။

တင်ဇာမော်ရဲ့ ဒိုင်တစ်ဦးအဖြစ် တာဝန်ယူထားတဲ့ Myanmar Idol အစီအစဉ်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားပြီး လက်ရှိမှာတော့ အားပေးတဲ့ပရိသတ်အများဆုံး အစီအစဉ်လည်းဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရော တင်ဇာမော်ရဲ့ ခံယူချက်ကတော့ အတုယူစရာကောင်းလှပါတယ်နော်။

Source: Tin Zar Maw
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

” မိမိခံယူထားတဲ့ ဘ၀ေနထိုင္မႈပံုစံကို ေျပာျပလာတဲ့ တင္ဇာေမာ္ ”

လက္ရွိ ပရိသတ္ေတြၾကား စိတ္၀င္တစားေစာင့္ၾကည့္အားေပးေနတဲ့ အစီအစဥ္တစ္ခုျဖစ္တဲ့ Myanmar Idol Season(4) ရဲ႕ ဒိုင္တစ္ဦးျဖစ္တဲ့ တင္ဇာေမာ္ကေတာ့ သူ႔ဘ၀မွာ ခံယူထားတဲ့ ဘ၀ေနထိုင္မႈပံုစံေလးကို ” “​ေလာကသ​ေဘာ ​ေစာ​ေၾကာ” တစ္ခ်ိဳ႕က ခ်စ္ဟန္​ေဆာင္.. တစ္ခ်ိဳ႕က အတြင္းလူဟန္​ေဆာင္.. တစ္ခ်ိဳ႕က အၾကည့္လႊဲဟန္​ေဆာင္.. တစ္ခ်ိဳ႕က ႏွစ္လိုဖြယ္ဟန္​ေဆာင္..။ဘယ္လိုပဲ ဟန္​ေဆာင္​ေန.. မ်က္ဝန္းတစ္ခ်က္အၾကည့္… စာလုံးတစ္လုံးအ​ေရး.. ႏႈတ္ခမ္းၿပဳံးသက္တစ္ကြက္.. မွာ.. ဥာဏ္မ်က္​​ေစ့နဲ႔ အားလုံး သိျမင္ႏိုင္တယ္။ဘယ္သူ​ေတြ ဘာ​ေတြျဖစ္ေန​ေန နားလည္ခြင့္လႊတ္ရင္း ​ခ်စ္ျခင္းမပ်ယ္ဖို႔ပဲ ကိုယ့္ဘက္က​ေစာင့္ထိန္းရတာ က တန္ဖိုး။” လို႕ သူရဲ႕လူမႈကြန္ရက္ စာမ်က္နာမွ ပရိသတ္ေတြအတြက္ ေဖာ္ျပခဲ့ပါတယ္။

တင္ဇာေမာ္ကေတာ့ ပရိသတ္ေတာ္ေတာ္မ်ားမ်ားရဲ႕ ၀န္းရံမႈကို ပိုင္ဆိုင္ရရွိထားတဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္ပါတယ္။ လူႀကီး၊လူငယ္မေရြး ခ်စ္ခင္အားေပးတာကို ခံေနရတဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္ၿပီး Myanmar Idol Season 3မွာ မ်ိဳးေက်ာ့ျမိဳင္၊ ရန္ေအာင္၊ ဦးသိန္းတန္တို႕နဲ႕ အတူအကဲျဖတ္ဒိုင္တစ္ေယာက္အေနနဲ႕ စိတ္ေရာကိုယ္ပါနွစ္ျပီး ပါ၀င္ေဆာင္ရြက္ခဲ့ပါေသးတယ္။လြန္ခဲ႕တဲ႕ ဆယ္စုနွစ္တစ္ခုေက်ာ္ကတည္းက ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အျပည္႕အဝရရွိပိုင္ဆိုင္ထားတဲ႕ ျမန္မာနိုင္ငံရဲ႕ ထိပ္တန္း အဆိုေတာ္တစ္ေယာက္ပဲျဖစ္ၿပီး ေတးစီးရီး အယ္ဘမ္ေပါင္းမ်ားစြာထြက္ရွိထားခဲ့ပါတယ္။

တင္ဇာေမာ္ရဲ႕ ဒိုင္တစ္ဦးအျဖစ္ တာ၀န္ယူထားတဲ့ Myanmar Idol အစီအစဥ္ကေတာ့ ပရိသတ္ေတြရဲ႕ အားေပးမႈအခိုင္အမာရရွိထားၿပီး လက္ရွိမွာေတာ့ အားေပးတဲ့ပရိသတ္အမ်ားဆံုး အစီအစဥ္လည္းျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးေရာ တင္ဇာေမာ္ရဲ႕ ခံယူခ်က္ကေတာ့ အတုယူစရာေကာင္းလွပါတယ္ေနာ္။

error: Content is protected !!