လက်တွေ့ဘဝထဲကစုံတွဲတစ်တွဲရဲ့အချစ်တစ်ခုကို စိတ်ကူးပုံဖော်ပြီးပြန်လည်ရိုက်ကူးထားတဲ့ “ထာဝရနှောင်ကြိုး”

ဖန်တီးမှုလက်ရာကောင်းတွေကို ပရိသတ်ကိုချပြလေ့ရှိတဲ့ ပရိသတ်အချစ်တော်ခီမောင်နှံကတော့ အခုဆိုရင်တတိယမြောက်အနေနဲ့”ထာဝရနှောင်ကြိုး”ဇာတ်ကားကို ရုံတင်ခဲ့ပါပြီ။ဒီဇာတ်ကားဟာ အခုရက်ပိုင်းမှာပရိသတ်ကြားမှာ စိတ်ဝင်စားမှုမြင့်တက်နေတယ် လို့ပြောရမှာပါ။အရင်ကထွက်ရှိခဲ့တဲ့ဇာတ်ကား(၂)ကားနဲ့မတူဘဲ အချစ်ဇာတ်ကားလေးလည်းဖြစ်သလို အခုအချိန်မှာနာမည်ကြီးမင်းသမီးတစ်လက်အဖြစ်စာရင်းဝင်နေပြီဖြစ်တဲ့ ပိုင်ဖြိုးသုကလည်း အဓိကဇာတ်ဆောင်အဖြစ်နဲ့ပါဝင်နေပါတယ်။


ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်မင်းသမီးနေရာမှာ ပိုင်ဖြိုးသုကိုရွေးချယ်ထားတတာဟာ ဇာတ်ရုပ်နဲ့အံဝင်ဂွင်ကျဖြစ်လွန်းတဲ့အပြင် မင်းသားဇာဏ်ခီနဲ့လည်းလိုက်ဖက်ညီညီသရုပ်ဆောင်နိုင်တာကြောင့်ရွေးဖြစ်ခဲ့ကြောင်းကို”အချစ်ကားဖြစ်တဲ့အတွက် chemistry ဟာ အရမ်းအရေးကြီးတယ်။မြင်လိုက်တာနဲ့သူတို့နှစ်ယောက်ရဲ့ပုံရိပ်ကို စကရင်ပေါ်မှာမြင်လိုက်တာနဲ့တကယ်ချစ်နေတာလား အဲလိုလေးဖြစ်သွားဖို့အရမ်းအရေးကြီးတယ်”လို့ ပြောပါတယ်။


ဒါ့အပြင် နယူးယောက်မှာရှိတဲ့အချိန်အတွင်းမှာတကယ့်လက်တွေ့ဘဝထဲကစုံတွဲရဲ့သတင်းကိုကြားပြီးခံစားခဲ့ရတဲ့အကြောင်းကို “အန်တီတစ်ယောက်ရဲ့အသိ…သူတို့ရဲ့ဇာတ်လမ်း…သူတို့couple လေးဖြစ်သွားတာနဲ့နည်းနည်းဆင်တယ်ပေါ့လေ…သူတို့သတင်းလေးကနည်းနည်းလေးပဲကြားလိုက်တာ…ကြားတဲ့အချိန်မှာ ကိုဇဏ်ရောအစ်မရော ရင်ထဲမှာတော်တော် inspire ဖြစ်တဲ့အချစ်တစ်ခု တော်တော်လည်းစိတ်မကောင်းဖြစ်တယ်။” ဆိုပြီးတော့ ပြောထားပါတယ်။အကြောင်းတိုက်ဆိုင်လာတဲ့အခါမှာတော့ ဒီစုံတွဲရဲ့သတင်းကြောင့်ခံစားရခဲ့ဖူးတဲ့ခံစားချက်တွေကိုချပြချင်တဲ့ ခီမောင်နှံကတော့ အချစ်ကားလေးရိုက်မယ်ဆိုပြီး “ထာဝရနှောင်ကြိုး” ကို ဖန်တီးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ဒီဇာတ်ကားလေးဟာ အောက်တိုဘာလ(၃၁)ရက်နေ့မှာ ရုံတင်မှာဖြစ်ပြီး ပရိသတ်ကြီးကရော ရင်ခုန်နေကြပြီမဟုတ်လား…။
Source : Exclusive on Cele Gabar
Moe – Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

လက္ေတြ႕ဘဝထဲကစုံတြဲတစ္တြဲရဲ႕အခ်စ္တစ္ခုကို စိတ္ကူးပုံေဖာ္ၿပီးျပန္လည္႐ိုက္ကူးထားတဲ့ “ထာဝရေႏွာင္ႀကိဳး”

ဖန္တီးမႈလက္ရာေကာင္းေတြကို ပရိသတ္ကိုခ်ျပေလ့ရွိတဲ့ ပရိသတ္အခ်စ္ေတာ္ခီေမာင္ႏွံကေတာ့ အခုဆိုရင္တတိယေျမာက္အေနနဲ႔”ထာဝရေႏွာင္ႀကိဳး”ဇာတ္ကားကို ႐ုံတင္ခဲ့ပါၿပီ။ဒီဇာတ္ကားဟာ အခုရက္ပိုင္းမွာပရိသတ္ၾကားမွာ စိတ္ဝင္စားမႈျမင့္တက္ေနတယ္ လို႔ေျပာရမွာပါ။အရင္ကထြက္ရွိခဲ့တဲ့ဇာတ္ကား(၂)ကားနဲ႔မတူဘဲ အခ်စ္ဇာတ္ကားေလးလည္းျဖစ္သလို အခုအခ်ိန္မွာနာမည္ႀကီးမင္းသမီးတစ္လက္အျဖစ္စာရင္းဝင္ေနၿပီျဖစ္တဲ့ ပိုင္ၿဖိဳးသုကလည္း အဓိကဇာတ္ေဆာင္အျဖစ္နဲ႔ပါဝင္ေနပါတယ္။

ဒီဇာတ္ကားမွာ အဓိကဇာတ္ေဆာင္မင္းသမီးေနရာမွာ ပိုင္ၿဖိဳးသုကိုေ႐ြးခ်ယ္ထားတတာဟာ ဇာတ္႐ုပ္နဲ႔အံဝင္ဂြင္က်ျဖစ္လြန္းတဲ့အျပင္ မင္းသားဇာဏ္ခီနဲ႔လည္းလိုက္ဖက္ညီညီသရုပ္ေဆာင္ႏိုင္တာေၾကာင့္ေ႐ြးျဖစ္ခဲ့ေၾကာင္းကို”အခ်စ္ကားျဖစ္တဲ့အတြက္ chemistry ဟာ အရမ္းအေရးႀကီးတယ္။ျမင္လိုက္တာနဲ႔သူတို႔ႏွစ္ေယာက္ရဲ႕ပုံရိပ္ကို စကရင္ေပၚမွာျမင္လိုက္တာနဲ႔တကယ္ခ်စ္ေနတာလား အဲလိုေလးျဖစ္သြားဖို႔အရမ္းအေရးႀကီးတယ္”လို႔ ေျပာပါတယ္။

ဒါ့အျပင္ နယူးေယာက္မွာရွိတဲ့အခ်ိန္အတြင္းမွာတကယ့္လက္ေတြ႕ဘဝထဲကစုံတြဲရဲ႕သတင္းကိုၾကားၿပီးခံစားခဲ့ရတဲ့အေၾကာင္းကို “အန္တီတစ္ေယာက္ရဲ႕အသိ…သူတို႔ရဲ႕ဇာတ္လမ္း…သူတို႔couple ေလးျဖစ္သြားတာနဲ႔နည္းနည္းဆင္တယ္ေပါ့ေလ…သူတို႔သတင္းေလးကနည္းနည္းေလးပဲၾကားလိုက္တာ…ၾကားတဲ့အခ်ိန္မွာ ကိုဇဏ္ေရာအစ္မေရာ ရင္ထဲမွာေတာ္ေတာ္ inspire ျဖစ္တဲ့အခ်စ္တစ္ခု ေတာ္ေတာ္လည္းစိတ္မေကာင္းျဖစ္တယ္။” ဆိုၿပီးေတာ့ ေျပာထားပါတယ္။အေၾကာင္းတိုက္ဆိုင္လာတဲ့အခါမွာေတာ့ ဒီစုံတြဲရဲ႕သတင္းေၾကာင့္ခံစားရခဲ့ဖူးတဲ့ခံစားခ်က္ေတြကိုခ်ျပခ်င္တဲ့ ခီေမာင္ႏွံကေတာ့ အခ်စ္ကားေလး႐ိုက္မယ္ဆိုၿပီး “ထာဝရေႏွာင္ႀကိဳး” ကို ဖန္တီးျဖစ္ခဲ့တယ္လို႔ဆိုပါတယ္။ဒီဇာတ္ကားေလးဟာ ေအာက္တိုဘာလ(၃၁)ရက္ေန႔မွာ ရံုတင္မွာျဖစ္ၿပီး ပရိသတ္ႀကီးကေရာ ရင္ခုန္ေနၾကၿပီမဟုတ္လား…။
Source : Exclusive on Cele Gabar
Moe – Cele Gabar

error: Content is protected !!