“ဦးကျော်သူကို သွားရောက် ဂါရဝပြု ကန်တော့ခဲ့တဲ့ အလင်းရောင်နဲ့ ရွှေသမီး”

ဒီနေ့ အောက်တိုဘာလ (၂၂)ရက်နေ့မှာတော့ မင်းသားချောလေး အလင်းရောင်နဲ့ မင်းသမီးချောလေး ရွှေသမီးတို့ဟာ ဦးကျော်သူကို နာရေးကူညီမှုအသင်း (ရန်ကုန်) အထိ လာရောက် ဂါရဝပြု ကန်တော့တဲ့ အကြောင်းကို ဦးကျော်သူက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ “ရွှေသားနဲ့ ရွှေသမီး တို့ရဲ့ ဂါရဝတရား”လို့ အစချီပြီး ဖော်ပြလာတာပဲဖြစ်ပါတယ်။ဦးကျော်သူ၊အလင်းရောင် နဲ့ ရွှေသမီးတို့ဟာဆိုရင် “ဂမ္ဘီရမျက်လုံး” ရုပ်ရှင်ဇာတ်ကားကြီးကို မကြာသေးမီအချိန်ကမှ ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။

ဦးကျော်သူက အလင်းရောင်နဲ့ ရွှေသမီးတို့ နှစ်ယောက်က လာရောက် ကန်တော့တဲ့ အကြောင်းနဲ့အတူ အလင်းရောင်နဲ့ ရွှေသမီးတို့နှစ်ယောက် “ဂမ္ဘီရမျက်လုံး” ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့စဉ်က နေ့စဉ်ရက်ဆက် အပင်ပန်းခံ। မညည်းမညူဘဲနဲ့ အနုပညာရှင်များပီသစွာဖြင့် ဇာတ်ကောင်စရိုက်အတိုင်းသရုပ်ဆောင်ပေးခဲ့တဲ့ အကြောင်းကိုလည်း ပြောကြားလာတာပဲဖြစ်ပါတယ်။ဦးကျော်သူကိုယ်တိုင်ကလည်း အလင်းရောင်နဲ့ ရွှေသမီးတို့ နှစ်ဦးကို တန်ဖိုးထားချစ်ခင်ရတာကြောင့် အခုလို လာရောက်ဂါရဝပြုကန်တော့တာကို ကြည်နူးဝမ်းသာဖြစ်နေတာပါ။

ဦးကျော်သူကတော့ “အလင်းရောင်နှင့် ရွှေသမီး တို့ အနုပညာလောကတွင် ဆရာကောင်းသမားကောင်းများ ဖြင့်သာကြုံဆုံခွင့်ရရှိကာ ပရိသတ်၏အထူးအားပေးမှုကိုလက်ခံရရှိပြီး အအောင်မြင်ဆုံးသရဖူများထပ်ခါထပ်ခါဆွတ်ခူးနိုင်ကြပါစေ။”ဆိုပြီးတော့လည်း ဆုမွန်ကောင်းတွေတောင်းပေးထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ အလင်းရောင်နဲ့ ရွှေသမီးတို့ နှစ်ဦး ဦးကျော်သူကို သွားရောက် ဂါရဝပြုတဲ့ သတင်းလေးကို မျှဝေလိုက်ပါတယ်နော်။

Source : Kyaw Thu
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။

“ဦးေက်ာ္သူကို သြားေရာက္ ဂါရဝျပဳ ကန္ေတာ့ခဲ့တဲ့ အလင္းေရာင္နဲ႔ ေ႐ႊသမီး”

ဒီေန႔ ေအာက္တိုဘာလ (၂၂)ရက္ေန႔မွာေတာ့ မင္းသားေခ်ာေလး အလင္းေရာင္နဲ႔ မင္းသမီးေခ်ာေလး ေ႐ႊသမီးတို႔ဟာ ဦးေက်ာ္သူကို နာေရးကူညီမႈအသင္း (ရန္ကုန္) အထိ လာေရာက္ ဂါရဝျပဳ ကန္ေတာ့တဲ့ အေၾကာင္းကို ဦးေက်ာ္သူက သူ႔ရဲ႕လူမႈကြန္ရက္ စာမ်က္ႏွာကေန “ေ႐ႊသားနဲ႔ ေ႐ႊသမီး တို႔ရဲ႕ ဂါရဝတရား”လို႔ အစခ်ီၿပီး ေဖာ္ျပလာတာပဲျဖစ္ပါတယ္။ဦးေက်ာ္သူ၊အလင္းေရာင္ နဲ႔ ေ႐ႊသမီးတို႔ဟာဆိုရင္ “ဂမၻီရမ်က္လုံး” ႐ုပ္ရွင္ဇာတ္ကားႀကီးကို မၾကာေသးမီအခ်ိန္ကမွ ႐ိုက္ကူးခဲ့တာပဲျဖစ္ပါတယ္။

ဦးေက်ာ္သူက အလင္းေရာင္နဲ႔ ေ႐ႊသမီးတို႔ ႏွစ္ေယာက္က လာေရာက္ ကန္ေတာ့တဲ့ အေၾကာင္းနဲ႔အတူ အလင္းေရာင္နဲ႔ ေ႐ႊသမီးတို႔ႏွစ္ေယာက္ “ဂမၻီရမ်က္လုံး” ႐ုပ္ရွင္ဇာတ္ကား႐ိုက္ကူးခဲ့စဥ္က ေန႔စဥ္ရက္ဆက္ အပင္ပန္းခံ। မညည္းမညဴဘဲနဲ႔ အႏုပညာရွင္မ်ားပီသစြာျဖင့္ ဇာတ္ေကာင္စ႐ိုက္အတိုင္းသ႐ုပ္ေဆာင္ေပးခဲ့တဲ့ အေၾကာင္းကိုလည္း ေျပာၾကားလာတာပဲျဖစ္ပါတယ္။ဦးေက်ာ္သူကိုယ္တိုင္ကလည္း အလင္းေရာင္နဲ႔ ေ႐ႊသမီးတို႔ ႏွစ္ဦးကို တန္ဖိုးထားခ်စ္ခင္ရတာေၾကာင့္ အခုလို လာေရာက္ဂါရဝျပဳကန္ေတာ့တာကို ၾကည္ႏူးဝမ္းသာျဖစ္ေနတာပါ။

ဦးေက်ာ္သူကေတာ့ “အလင္းေရာင္ႏွင့္ ေ႐ႊသမီး တို႔ အႏုပညာေလာကတြင္ ဆရာေကာင္းသမားေကာင္းမ်ား ျဖင့္သာႀကဳံဆုံခြင့္ရရွိကာပရိသတ္၏အထူးအားေပးမႈကိုလက္ခံရရွိၿပီး အေအာင္ျမင္ဆုံးသရဖူမ်ားထပ္ခါထပ္ခါဆြတ္ခူးႏိုင္ၾကပါေစ။”ဆိုၿပီးေတာ့လည္း ဆုမြန္ေကာင္းေတြေတာင္းေပးထားပါေသးတယ္။CeleGabar ပရိသတ္ႀကီးေရ အလင္းေရာင္နဲ႔ ေ႐ႊသမီးတို႔ ႏွစ္ဦး ဦးေက်ာ္သူကို သြားေရာက္ ဂါရဝျပဳတဲ့ သတင္းေလးကို မွ်ေဝလိုက္ပါတယ္ေနာ္။

Source : Kyaw Thu
Chilli – CeleGabar

error: Content is protected !!