” အဆိုတော်စိန်လင်းကို မွေးနေ့လက်ဆောင်အဖြစ် ရွှေလက်ကောက်လေးနဲ့ Suprise လုပ်ပေးခဲ့တဲ့ ပိုးကြာဖြူခင် “

အဆိုတော်စိန်လင်းနဲ့ ဇာတ်လမ်းတွဲမင်းသမီးလေး ပိုးကြာဖြူခင်တို့ကတော့ ပရိသတ်တွေ မကြာခဏအတူတူတွဲမြင်နေကြပဲ ဖြစ်ပါတယ်။စုံတွဲ TikTok လေးတွေ အတူတူမကြာမကြာဆော့ကစားလေ့ရှိပြီး ပရဟိတလုပ်ငန်းလေးတွေကိုလည်း အတူသွားရောက်ကာလှူဒါန်းလေ့ရှိပါတယ်။စိန်လင်းနဲ့ ပိုးကြာဖြူခင်တို့ ရဲ့ ပထမဆုံးစုံတွဲသီချင်းလေး ဖြစ်တဲ့ ” You Are My Life ” စုံတွဲအချစ်သီချင်းကို Aroma Wedding Show ပွဲမှာ စတင်သီဆိုခဲ့ကြတာပဲ ဖြစ်ပြီး ကြည့်ရှူသူ ပရိသတ် (၈)သောင်းကျော်ထိရှိကာ ပရိသတ်တွေသာမက အနုပညာရှင်တွေပါနှစ်သက်သဘောကျခဲ့တဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။

သီချင်းအေးအေးလေးတွေကို သီဆိုတတ်သူ အဆိုတော်စိန်လင်းကို လက်ရှိမှာလည်း မွေးနေ့အကြို Suprise လုပ်ပေးခဲ့ကြောင်းကို ” မွေးနေ့အကြို Suprise wish လာလုပ်ပေးတဲ့ ချစ်ညီမလေး Poe Kyar PhyuKhin နဲ့ ချစ်အန်တီ Aye AyeMyint တို့ကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။တစ်ဦးမေတ္တာ တစ်ဦးမှာစေတနာ ဆိုတဲ့ဆိုရိုးစကားလေးအတိုင်း မေတ္တာစေတနာအပြည်နဲ့ လာပြီး အခုလို တန်ဖိုးကြီး ရွှေလက်ကောက်လေးနဲ့ေ မွးနေ့ကိတ်လေးကို တကူးတကလာပေးတာကြောင့် အရမ်းကိုပျော်ရွှင်ရပါတယ်။

ညီမလေးလည်း ပြည်သူချစ်သော အနုပညာရှင် အဖြစ် ထာဝရ အောင်မြင်ပါစေ ။ချစ်အန်တီလည်း ကျန်းမာ ပြီးမိသားစုနှင့် အတူ ထာဝရ ပျော်ရွှင်ပါစေအသက်ရှူတိုင်း ပိုက်ဆံတွေ အောင်မြင်မှုတွေများများရပါစေ ” ဆိုပြီး လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှခဲ့ပါတယ်။ မွေးနေ့လက်ဆောင်အဖြစ် ရွှေလက်ကောက်လေးကိုလည်း လက်ဆောင်ပေးခဲ့တာကြောင့် အံ့သြကာ ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း အဆိုတော်စိန်လင်းအတွက် မွေးနေ့ဆုတောင်းလေး ပေးခဲ့ပါဦးနော်။

Source : Sein Lin
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း





Source : Sein Lin
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

error: Content is protected !!