“ “သခင်ကြီးနဲ့ငါးပိတို့စရာ”ဇာတ်ကားက “နိုင်ငံကြီးသား”ဇာတ်ကားထက် စောရိုက်ခဲ့ပေမယ့် ရုံတင်ခွင့်နောက်ကျခဲ့ရတဲ့အကြောင်းကို ပြောလာတဲ့စတီးလ်”

မတူညီ ကွဲပြားတဲ့ဇာတ်အိမ်နဲ့ မြန်မာနိုင်ငံရဲ့ခေတ်စနစ်ကိုမီးမောင်းထိုးပြနိုင်ခဲ့တဲ့ “နိုင်ငံကြီးသား”ဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာစတီးလ်ရဲ့ဖန်တီးမှုလက်ရာတစ်ခုဖြစ်တဲ့
“သခင်ကြီးနဲ့ငါးပိတို့စရာ”ဇာတ်ကားကတော့ မကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင် အဓိကဇာတ်ကောင်မင်းသားပါဝင်ထားခြင်းမရှိပဲ မင်းသမီးဦးဆောင်ထားတဲ့ ဇာတ်အိမ်ကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း “သခင်ကြီးနဲ့ငါးပိတို့စရာ”ဇာတ်ကားဟာ “နိုင်ငံကြီးသား”ဇာတ်ကားထက် စောရိုက်ခဲ့ပေမယ့် စူပါမင်းသားမပါဝင်တာကြောင့် ရုံတင်ရက်နောက်ကျခဲ့တယ်လို့ ဒါရိုက်တာစတီးလ်ကဆိုပါတယ်။

 

ဒီဇာတ်ကားမှာဆိုရင် ခေါင်းဆောင်မင်းသမီးအနေနဲ့ သက်မွန်မြင့်က ပါဝင်သရုပ်ဆောင်ထားပြီးတော့ ဇင်ဝိုင်း၊ထွန်းကိုကို၊နေရဲ၊ရွှေသမီးတို့က ပါဝင်အားဖြည့်ထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ရုပ်ရှင်အားပေးသူတို့ရဲ့ စူပါမင်းသားပါဝင်မှအားပေးလေ့ရှိကြတဲ့အပေါ်မှာလည်း “သခင်ကြီးနဲ့ငါးပိတို့စရာ”ဇာတ်ကားနဲ့ပြောင်းလဲနိုင်ဖို့ မျှော်လင့်မိကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

ဒီဇာတ်ကားမှာဆိုရင် ပိုက်ဆံရှိရင်ဘာမဆိုဖြစ်နိုင်တယ်လို့တွေးထင်နေကြတဲ့ လူတန်းစားတစ်ချို့ရဲ့နောက်ကွယ်မှာ ပျက်ခဲ့ရတဲ့ဘဝပေါင်းများစွာအကြောင်းကို မီးမှောင်းထိုးပြမယ့် ပညာပေးဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ “သခင်ကြီးနဲ့ငါးပိတို့စရာ”ဇာတ်ကားကို အခုလာမယ့် အောက်တိုဘာလ(၃၁)ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်တာကြောင့် သွားရောက်အားပေးနိုင်ဖို့အတွက် ပရိသတ်ကြီးကို ဝေမျှပေးလိုက်ပါတယ်။Source – Exclusive on Cele Gabar
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ “သခင္ၾကီးနဲ႔ငါးပိတို႔စရာ”ဇာတ္ကားက “ႏိုင္ငံၾကီးသား”ဇာတ္ကားထက္ ေစာရိုက္ခဲ့ေပမယ့္ ရုံတင္ခြင့္ေနာက္က်ခဲ့ရတဲ့အေၾကာင္းကို ေျပာလာတဲ့စတီးလ္”

မတူညီ ကြဲျပားတဲ့ဇာတ္အိမ္နဲ႔ ျမန္မာႏိုင္ငံရဲ႕ေခတ္စနစ္ကိုမီးေမာင္းထုိးျပႏိုင္ခဲ့တဲ့ “ႏိုင္ငံၾကီးသား”ဇာတ္ကားကိုရုိက္ကူးခဲ့တဲ့ ဒါရိုက္တာစတီးလ္ရဲ႕ဖန္တီးမွုလက္ရာတစ္ခုျဖစ္တဲ့
“သခင္ၾကီးနဲ႔ငါးပိတုိ႔စရာ”ဇာတ္ကားကေတာ့ မၾကာခင္မွာ ရံုတင္ျပသေတာ့မွာျဖစ္ပါတယ္။ ဒီဇာတ္ကားမွာဆိုရင္ အဓိကဇာတ္ေကာင္မင္းသားပါ၀င္ထားျခင္းမရွိပဲ မင္းသမီးဦးေဆာင္ထားတဲ့ ဇာတ္အိမ္ကိုေတြ႔ရမွာျဖစ္ပါတယ္။ ဒီအတြက္ေၾကာင့္လည္း “သခင္ၾကီးနဲ႔ငါးပိတို႔စရာ”ဇာတ္ကားဟာ “ႏိုင္ငံၾကီးသား”ဇာတ္ကားထက္ ေစာရုိက္ခဲ့ေပမယ့္ စူပါမင္းသားမပါ၀င္တာေၾကာင့္ ရံုတင္ရက္ေနာက္က်ခဲ့တယ္လို႔ ဒါရုိက္တာစတီးလ္ကဆိုပါတယ္။

ဒီဇာတ္ကားမွာဆိုရင္ ေခါင္းေဆာင္မင္းသမီးအေနနဲ႔ သက္မြန္ျမင့္က ပါ၀င္သရုပ္ေဆာင္ထားျပီးေတာ့ ဇင္၀ိုင္း၊ထြန္းကိုကုိ၊ေနရဲ၊ေရႊသမီးတို႔က ပါ၀င္အားျဖည့္ထားတာျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွာရွိတဲ့ ရုပ္ရွင္အားေပးသူတို႔ရဲ႕ စူပါမင္းသားပါ၀င္မွအားေပးေလ့ရွိၾကတဲ့အေပၚမွာလည္း “သခင္ၾကီးနဲ႔ငါးပိတို႔စရာ”ဇာတ္ကားနဲ႔ေျပာင္းလဲႏုိင္ဖို႔ ေမွ်ာ္လင့္မိေၾကာင္းကိုလည္း ေျပာၾကားခဲ့ပါတယ္။

ဒီဇာတ္ကားမွာဆိုရင္ ပိုက္ဆံရွိရင္ဘာမဆိုုျဖစ္ႏုိင္တယ္လို႔ေတြးထင္ေနၾကတဲ့ လူတန္းစားတစ္ခ်ိဳ႕ရဲ႕ေနာက္ကြယ္မွာ ပ်က္ခဲ့ရတဲ့ဘ၀ေပါင္းမ်ားစြာအေၾကာင္းကို မီးေမွာင္းထိုးျပမယ့္ ပညာေပးဇာတ္ကားေကာင္းတစ္ကားျဖစ္ပါတယ္။ “သခင္ၾကီးနဲ့ငါးပိတို႔စရာ”ဇာတ္ကားကို အခုလာမယ့္ ေအာက္တိုဘာလ(၃၁)ရက္ေန႔မွာ ရံုတင္ျပသမွာျဖစ္တာေၾကာင့္ သြားေရာက္အားေပးႏိုင္ဖို႔အတြက္ ပရိသတ္ၾကီးကို ေ၀မွ်ေပးလိုက္ပါတယ္။
Source – Exclusive on Cele Gabar
Rainbow- Cele Gabar

error: Content is protected !!