” စာမေးပွဲဖြေရန် ရက်အနည်းငယ်သာလိုတော့တဲ့အတွက် ဖိတ်ထားသော ပွဲတွေကို မတက်ရောက်နိုင်တော့တဲ့ ပိုပို “

ပိုပိုကတော့ လက်ရှိမှာ အဝေးသင်ဥပဒေစတုတ္တနှစ်ကို ရောက်ရှိကာ စာမေးပွဲဖြေဖို့အတွက်ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ အဆိုတော်ပိုပိုကတော့ မိဘတွေမရှိတော့ပေမယ့်လည်း ကိုယ်တိုင်တစ်ဦးတည်း ကိုယ့်ဒူးကိုယ်ချွန်ကာ ရပ်တည်လာနိုင်သူတစ်ဦးလို့ဆိုရမှာပါ။ သူ့ဘဝအကြောင်းကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောပြထား သူလေးလည်း ဖြစ်တဲ့အပြင် သူ့သီချင်းတော်တော်များများကို ကလေးလူကြီးမရွေးနှစ်သက်သဘောကျကြတာကြောင့် ပရိသတ်အခိုင်အမာရရှိထားသူတစ်ယောက်ပါ။

မိဘအစားအဘွားနဲ့အတူတူနေခဲ့ရတဲ့ ပိုပိုကတော့ သူ့အဘွား ဖြစ်စေချင်ခဲ့တဲ့ ပညာတတ်တစ်ယောက်ဖြစ်ဖို့ အလုပ်တွေမအားတဲ့ကြားထဲက ဘွဲ့ရအောင် ကြိုးစားနေသူလေးပါ။ဒီနှစ်မှာတော့ သူ့ရဲ့ One Lady Show အတွက် အခက်အခဲတွေ ပြင်ဆင်မှုတွေရှိနေတဲ့ကြားထဲကနေ စာမေးပွဲအတွက် သီးသန့် အချိန်ပေးထားကာ စာတွေလုပ်နေတယ်လို့ သိရပါတယ်။

စာမေးပွဲဖြေရန် ရက်အနည်းငယ်သာလိုတော့တဲ့အတွက် ” စာမေးပွဲ ဖြေရန် ( ၆) ရက်သာ လိုပါတော့သဖြင့်ဖိတ်ထားသော ပွဲများ မတက်ရောက်နိုင်တာ ခွင့်လွှတ်ပါနော် ” ဆိုပြီး လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း အနုပညာအလုပ်တွေသာမက ပညာရေးဘက် ကိုလည်း အထူးကြိုးစားတဲ့ ပိုပိုအတွက် စာမေးပွဲကို အဆင်ပြေချောမွေ့အောင် ဖြေနိုင်ဖို့အတွက် ဆုတောင်းပေးခဲ့ပါဦးနော်။

Source : ဝတ်ရည်မိုး
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း





Source : ဝတ်ရည်မိုး
Shwe Poe – CeleGabar

 

error: Content is protected !!