“ခင်ပွန်းဖြစ်သူကို ဒေါ်လာတွေ ရွှေတုံးတွေအပြည့်ပါတဲ့ ကိတ်မုန့်နဲ့ မွေးနေ့Surperise လုပ်ပေးခဲ့တဲ့ စမိုင်းလ်”

စမိုင်းလ်တစ်ယောက် လက်ရှိမှာပိုင်ဆိုင်ထားတဲ့ မိသားစုဘဝလေးကတော့ ပရိသတ်တွေအားကျနှစ်သက်ရတဲ့ သာယာပျော်ရွှင်ဖွယ်မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။စမိုင်းလ်ရဲ့ ခင်ပွန်းဖြစ်သူကလည်း သည်းသည်းလှုပ်ဂရုစိုက်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကလည်း သိတတ်လိမ္မာတာကြောင့် ကံကောင်းတဲ့ မိန်းကလေးတစ်ယောက်လို့ ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံနေရတာလည်းဖြစ်ပါတယ်။

မိသားစုအချင်းချင်းတစ်ဦးကိုတစ်ဦး ချစ်ခြင်းမေတ္တာ အပြည့်နဲ့ နွေးထွေးလှတဲ့ စမိုင်းတို့ မိသားစုလေးဟာ အလှူအတန်းတွေမှာလည်း မိသားစုအလိုက်ကို တက်ညီလက်ညီနဲ့ ပြုလုပ်ကြတာလည်း ပရိသတ်တွေ အသိပါ။မိသားစုဝင်တွေရဲ့ အမှတ်တရနေ့လေးတွေတိုင်းမှာလည်း အလှူအတန်းတွေကို ကျင်းပပြုလုပ်ပြီး အပြန်အလှန် Surprise တွေပြုလုပ်ပေးရင် ပျော်ရွှင်စရာတွေဖန်တီးပေးလေ့ရှိပါသေးတယ်။စမိုင်းလ်ကတော့ (၂၂)ရက်နေ့က ကျရောက်ခဲ့တဲ့ ခင်ပွန်းဖြစ်သူရဲ့ (၃၈)နှစ်ပြည့် မွေးနေ့အတွက် နေအိမ်မှာပဲ မွေးနေ့ Surprise ပွဲလေးကို ကျင်းပပြုလုပ်ပေးခဲ့ပြန်ပါတယ်။

မွေးနေ့ Surprise ပွဲလေးမှာတော့ ဒေါ်လာတွေ ရွှေတုံးတွေပုံစံနဲ့ မွေးနေ့ကိတ်မုန့်လေးနဲ့ ရိုမန့်တစ်ဆန်လှတဲ့ မိသားစု ညစာစားပွဲလေးကို ပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။စမိုင်းလ်ရဲ့ ခင်ပွန်းဖြစ်သူကတော့ မထင်မှတ်ထားလောက်တဲ့ မွေးနေ့ Surprise ပွဲလေးကြောင့် အံ့သြမင်သက် ပျော်ရွှင်နေခဲ့ပါသေးတယ်။ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ ပျော်ရွှင်ဖွယ်ကောင်းလှတဲ့ စမိုင်းလ်တို့ မိသားစုရဲ့ ကြည်နူးဖွယ်ကောင်းလှတဲ့ အချိန်လေးကို ဖြတ်သန်းခဲ့တဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source : စမိုင်းလ် Smile
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။

“ခင္ပြန္းျဖစ္သူကို ေဒၚလာေတြ ေရႊတံုးေတြအျပည့္ပါတဲ့ ကိတ္မုန္႕နဲ႕ ေမြးေန႕Surperise လုပ္ေပးခဲ့တဲ့ စမိုင္းလ္”

စမိုင္းလ္တစ္ေယာက္ လက္ရွိမွာပိုင္ဆိုင္ထားတဲ့ မိသားစုဘဝေလးကေတာ့ ပရိသတ္ေတြအားက်ႏွစ္သက္ရတဲ့ သာယာေပ်ာ္႐ႊင္ဖြယ္မိသားစု ဘဝေလးကို ပိုင္ဆိုင္ထားတာပဲျဖစ္ပါတယ္။စမိုင္းလ္ရဲ႕ ခင္ပြန္းျဖစ္သူကလည္း သည္းသည္းလႈပ္ဂ႐ုစိုက္ၿပီး ခ်စ္စရာေကာင္းတဲ့ သမီးေလးႏွစ္ေယာက္ကလည္း သိတတ္လိမၼာတာေၾကာင့္ ကံေကာင္းတဲ့ မိန္းကေလးတစ္ေယာက္လို႕ ပရိသတ္ေတြရဲ႕ သတ္မွတ္ျခင္းကို ခံေနရတာလည္းျဖစ္ပါတယ္။

မိသားစုအခ်င္းခ်င္းတစ္ဦးကိုတစ္ဦး ခ်စ္ျခင္းေမတၱာ အျပည့္နဲ႕ ေႏြးေထြးလွတဲ့ စမိုင္းတို႕ မိသားစုေလးဟာ အလွဴအတန္းေတြမွာလည္း မိသားစုအလိုက္ကို တက္ညီလက္ညီနဲ႕ ျပဳလုပ္ၾကတာလည္း ပရိသတ္ေတြ အသိပါ။မိသားစုဝင္ေတြရဲ႕ အမွတ္တရေန႕ေလးေတြတိုင္းမွာလည္း အလွဴအတန္းေတြကို က်င္းပျပဳလုပ္ၿပီး အျပန္အလွန္ Surprise ေတြျပဳလုပ္ေပးရင္ ေပ်ာ္ရႊင္စရာေတြဖန္တီးေပးေလ့ရွိပါေသးတယ္။စမိုင္းလ္ကေတာ့ (၂၂)ရက္ေန႕က က်ေရာက္ခဲ့တဲ့ ခင္ပြန္းျဖစ္သူရဲ႕ (၃၈)ႏွစ္ျပည့္ ေမြးေန႕အတြက္ ေနအိမ္မွာပဲ ေမြးေန႕ Surprise ပြဲေလးကို က်င္းပျပဳလုပ္ေပးခဲ့ျပန္ပါတယ္။

ေမြးေန႕ Surprise ပြဲေလးမွာေတာ့ ေဒၚလာေတြ ေရႊတံုးေတြပံုစံနဲ႔ ေမြးေန႕ကိတ္မုန္႔ေလးနဲ႕ ႐ိုမန္႕တစ္ဆန္လွတဲ့ မိသားစု ညစာစားပြဲေလးကို ျပဳလုပ္ေပးခဲ့တာပဲျဖစ္ပါတယ္။စမိုင္းလ္ရဲ႕ ခင္ပြန္းျဖစ္သူကေတာ့ မထင္မွတ္ထားေလာက္တဲ့ ေမြးေန႔ Surprise ပြဲေလးေၾကာင့္ အံ့ၾသမင္သက္ ေပ်ာ္ရႊင္ေနခဲ့ပါေသးတယ္။ခ်စ္ျခင္းေမတၱာေတြအျပည့္နဲ႕ ေပ်ာ္ရႊင္ဖြယ္ေကာင္းလွတဲ့ စမိုင္းလ္တို႕ မိသားစုရဲ႕ ၾကည္ႏူးဖြယ္ေကာင္းလွတဲ့ အခ်ိန္ေလးကို ျဖတ္သန္းခဲ့တဲ့ ပံုေလးေတြကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source : စမိုင္းလ္ Smile
Chilli – CeleGabar

error: Content is protected !!