” မနှုတ်ဆက်သင့်ပဲ နှုတ်ဆက်သွားရတဲ့ Myanmar Idol ပြိုင်ပွဲဝင် ဟန်နီရဲ့ သီချင်းကောင်းလေးတစ်ပုဒ် “

ပရိသတ်တွေရဲ့ နှစ်စဉ်နှစ်တိုင်း စောင့်မျှော်ကြည့်ရှူတဲ့ Myanmar Idol အစီအစဉ်ကတော့ ဒီနှစ်ဆို Season (4) ကိုရောက်ရှိလာပြီး ဘယ်လိုအဆိုတော်ကောင်းတွေကို မွေးထုတ်ပေးမလဲ ဆိုတာကတော့ ရန်ခုန်စရာပါပဲ။လက်ရှိမှာ ပရိသတ်တွေရဲ့ မပြန်သင့်ပဲပြန်ခဲ့ရတဲ့ ပြိုင်ပွဲဝင်လို့ သတ်မှတ်ထားတဲ့ ဟန်နီ(ခေါ်)ဆုရည်ထက် ကတော့ ပျဉ်းမနားကနေ တောင်ငူ Auditionအထိ လာရောက်ယှဉ်ပြိုင်ပြီး နိုင်ငံကျော်အဆိုတော် ဝိုင်းလေးရဲ့ “တာဝန်အရ ” သီချင်းဖြင့် Golden Ticket ရရှိခဲ့တဲ့ ပိုက်ကျော်ခြင်းလက်ရွေးစင်ကစားသမားလေး ပဲဖြစ်ပါတယ်။

ဟန်နီကတော့ Theater Round 1 မှာတော့ Golden Ticket ရရှိခဲ့တဲ့ပြိုင်ပွဲဝင်တွေနဲ့ ယှဉ်ပြိုင်တဲ့ပြိုင်ပွဲဖို့ ရန်ကုန်မြို့ကိုလာရောက်ချိန်မှာတော့ လက်ရွေးစင်တစ်ယောက်ဖြစ်တဲ့ ကစားသမားဘဝကို (၁)နှစ်အနားယူခဲ့တယ်လို့ သိရပါတယ်။ Theater Round 2 အဖွဲ့လိုက်သီဆိုမှု ပြိုင်ပွဲမှာ အကောင်းဆုံးသီဆိုခဲ့ပေမယ့် စိတ်မကောင်းစွာနဲ့ အိမ်ပြန်နှုတ်ဆက်ခဲ့ရပါတယ်။ဒီအဖွဲ့လိုက် သီဆိုယှဉ်ပြိုင်မှုပြိုင်ပွဲမှာတော့ လမင်းအိမ်၊နှင်းအိအိဝင်း၊ရှီးရှီး တို့နဲ့အတူ နိုင်ငံကျော် အဆိုတော် နီနီခင်ဇော်ရဲ့ “မျှော်လင့်ဆဲ” ဆိုတဲ့ သီချင်းလေးကို ကိုယ်ပိုင်ဟန်လေးတွေနဲ့ သီဆိုခဲ့ပေမယ့် ဟန်နီတစ်ယောက်ကသာ နှုတ်ဆက်၊အိမ်ပြန်ခဲ့ရပါတယ်။

လက်ရှိမှာတော့ ပိုက်ကျော်ခြင်းလက်ရွေစင်ကစားသမားလေး ဟန်နီရဲ့ ” အိပ်မက်နိဂုံး ” သီချင်းလေးကတော့ ပရိသတ်တွေက သူကိုလွမ်းတဲ့အလွမ်းပြေအဖြစ် နားဆင်အားပေးကြတာဟာ ကြည့်ရှူသူ သိန်းချီသွားပြီးလည်းဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးအတွက် ဟန်နီ(ခေါ်)ဆုရည်ထက်ရဲ့ ” အိပ်မက်နိဂုံး ” သီချင်းလေးကို မျှဝေပေးလိုက်ပါတယ်။

Source: Myanmar Idol Season 4
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

” မႏႈတ္ဆက္သင့္ပဲ ႏႈတ္ဆက္သြားရတဲ့ Myanmar Idol ၿပိဳင္ပြဲ၀င္ ဟန္နီရဲ႕ သီခ်င္းေကာင္းေလးတစ္ပုဒ္ ”

ပရိသတ္ေတြရဲ႕ ႏွစ္စဥ္ႏွစ္တိုင္း ေစာင့္ေမွ်ာ္ၾကည့္ရွဴတဲ့ Myanmar Idol အစီအစဥ္ကေတာ့ ဒီႏွစ္ဆို Season (4) ကိုေရာက္ရွိလာၿပီး ဘယ္လိုအဆိုေတာ္ေကာင္းေတြကို ေမြးထုတ္ေပးမလဲ ဆိုတာကေတာ့ ရန္ခုန္စရာပါပဲ။လက္ရွိမွာ ပရိသတ္ေတြရဲ႕ မျပန္သင့္ပဲျပန္ခဲ့ရတဲ့ ၿပိဳင္ပြဲ၀င္လို႔ သတ္မွတ္ထားတဲ့ ဟန္နီ(ေခၚ)ဆုရည္ထက္ ကေတာ့ ပ်ဥ္းမနားကေန ေတာင္ငူ Auditionအထိ လာေရာက္ယွဥ္ၿပိဳင္ၿပီး ႏိုင္ငံေက်ာ္အဆိုေတာ္ ဝိုင္းေလးရဲ႕ “တာ၀န္အရ ” သီခ်င္းျဖင့္ Golden Ticket ရရွိခဲ့တဲ့ ပိုက္ေက်ာ္ျခင္းလက္ေရြးစင္ကစားသမားေလး ပဲျဖစ္ပါတယ္။

ဟန္နီကေတာ့ Theater Round 1 မွာေတာ့ Golden Ticket ရရွိခဲ့တဲ့ၿပိဳင္ပြဲ၀င္ေတြနဲ႕ ယွဥ္ၿပိဳင္တဲ့ၿပိဳင္ပြဲဖို႔ ရန္ကုန္ၿမိဳ႔ကိုလာေရာက္ခ်ိန္မွာေတာ့ လက္ေရြးစင္တစ္ေယာက္ျဖစ္တဲ့ ကစားသမားဘ၀ကို (၁)ႏွစ္အနားယူခဲ့တယ္လို႔ သိရပါတယ္။ Theater Round 2 အဖြဲ႕လိုက္သီဆိုမႈ ၿပိဳင္ပြဲမွာ အေကာင္းဆံုးသီဆိုခဲ့ေပမယ့္ စိတ္မေကာင္းစြာနဲ႔ အိမ္ျပန္ႏႈတ္ဆက္ခဲ့ရပါတယ္။ဒီအဖဲြ႕လိုက္ သီဆိုယွဥ္ၿပိဳင္မႈၿပိဳင္ပြဲမွာေတာ့ လမင္းအိမ္၊ႏွင္းအိအိ၀င္း၊ရွီးရွီး တို႔နဲ႕အတူ ႏိုင္ငံေက်ာ္ အဆိုေတာ္ နီနီခင္ေဇာ္ရဲ႕ “ေမွ်ာ္လင့္ဆဲ” ဆိုတဲ့ သီခ်င္းေလးကို ကိုယ္ပိုင္ဟန္ေလးေတြနဲ႕ သီဆိုခဲ့ေပမယ့္ ဟန္နီတစ္ေယာက္ကသာ ႏႈတ္ဆက္၊အိမ္ျပန္ခဲ့ရပါတယ္။

လက္ရွိမွာေတာ့ ပိုက္ေက်ာ္ျခင္းလက္ေရြစင္ကစားသမားေလး ဟန္နီရဲ႕ ” အိပ္မက္နိဂံုး ” သီခ်င္းေလးကေတာ့ ပရိသတ္ေတြက သူကိုလြမ္းတဲ့အလြမ္းေျပအျဖစ္ နားဆင္အားေပးၾကတာဟာ ၾကည့္ရွဴသူ သိန္းခ်ီသြားၿပီးလည္းျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးအတြက္ ဟန္နီ(ေခၚ)ဆုရည္ထက္ရဲ႕ ” အိပ္မက္နိဂံုး ” သီခ်င္းေလးကို မွ်ေ၀ေပးလိုက္ပါတယ္။

error: Content is protected !!