” ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမဂ္ဂဇင်း နဲ့ ဒုတိယအကြိမ်လက်တွဲခဲ့တဲ့ ပိုင်တံခွန် “

မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံရဲ့ ပရိသတ်တွေအားပေးစမှုအခိုင်အမာရရှိထားတဲ့ ပိုင်တံခွန်ကတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမဂ္ဂဇင်းဖြစ်တဲ့ Mars Homme နဲ့ ဒုတိယအကြိမ် လက်တွဲပြီးအနုပညာအလုပ်တွေလုပ်ကိုင်ခဲ့တာကို Mars Hommeရဲ့ တရားဝင် ဝဘ်ဆိုက်မှာရော ဖေ့စ်ဘွတ်ခ် ပေ့ချ်မှာ ပိုင်တံခွန်ရဲ့ ဖက်ရှင်ဓာတ်ပုံနဲ့ အင်တာဗျူးဗီဒီဖိုင်တွေကို တင်ထားပါတယ်။ပိုင်တံခွန်ကတော့ ဒီအင်တာဗျူးထဲမှာတော့ သူရဲ့ကြောင်လေးတွေကို ဘာကြောင့်အခုလို့ ချစ်လာရတဲ့အကြောင်းကို ဖြေဆိုထားပါတယ်။


နိုင်ငံကျော် မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံသာမက ထိုင်းနိုင်ငံက နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းခံနေရသူဖြစ်ပြီး မကြာသေးမီက သူကတော့ ပရိသတ်များတွေ့ဆုံရန် ထိုင်းနိုင်ငံကို သွားရောက်ခဲ့ ပြီး အနုပညာလှုပ်ရှားမှုအနေဖြင့် ကြော်ငြာတွေလည်းရိုက်ကူးခဲ့ကာ ထိုင်နိုင်ငံရဲ့ သတင်းမီဒီယာ တော်တော်များမှာ ဖော်ပြခြင်းခံရတဲ့အထိ အောင်မြင်မှုရရှိထားသူလည်းဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ လတ်တလောမှာ ထိုင်းနိုင်ငံနဲ့ပူးပေါင်းပြီး အနုပညာလုပ်ငန်းတွေလုပ်ဆောင်နေပြီး ခရီးသွားလာရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံဆိုင်ရာ ခရီးသွားဈေးကွက်ကို တိုးချဲ့မြှင့်တင်ဖို့အတွက် ခရီးသွား သံတမန်အဖြစ် ခန့်အပ်ခြင်းခံထားရပါသေးတယ်။CeleGabar ပရိသတ်ကြီးအတွက် ပိုင်တံခွန်ရဲ့ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမဂ္ဂဇင်းဖြစ်တဲ့ Mars Homme ကအင်တာဗျူးကို မျှဝေလိုက်ပါတယ်။

Source: Mars Homme
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

” ထိုင္းႏိုင္ငံရဲ႕ နာမည္ႀကီးမဂၢဇင္း နဲ႔ ဒုတိယအႀကိမ္လက္တြဲခဲ့တဲ့ ပိုင္တံခြန္ ”

ျမန္မာႏိုင္ငံမွာသာမက ထိုင္းႏိုင္ငံရဲ႕ ပရိသတ္ေတြအားေပးစမႈအခိုင္အမာရရွိထားတဲ့ ပိုင္တံခြန္ကေတာ့ ထိုင္းႏိုင္ငံရဲ႕ နာမည္ႀကီးမဂၢဇင္းျဖစ္တဲ့ Mars Homme နဲ႔ ဒုတိယအႀကိမ္ လက္တြဲၿပီးအႏုပညာအလုပ္ေတြလုပ္ကိုင္ခဲ့တာကို Mars Hommeရဲ႕ တရားဝင္ ဝဘ္ဆိုက္မွာေရာ ေဖ့စ္ဘြတ္ခ္ ေပ့ခ်္မွာ ပိုင္တံခြန္ရဲ႕ ဖက္ရွင္ဓာတ္ပုံနဲ႔ အင္တာဗ်ဴးဗီဒီဖိုင္ေတြကို တင္ထားပါတယ္။ပိုင္တံခြန္ကေတာ့ ဒီအင္တာဗ်ဴးထဲမွာေတာ့ သူရဲ႕ေၾကာင္ေလးေတြကို ဘာေၾကာင့္အခုလို႔ ခ်စ္လာရတဲ့အေၾကာင္းကို ေျဖဆိုထားပါတယ္။

နိုင္ငံေက်ာ္ ေမာ္ဒယ္သရုပ္ေဆာင္ ပိုင္တံခြန္ကေတာ့ ျမန္မာနိုင္ငံသာမက ထိုင္းနိုင္ငံက ႏႈတ္ခမ္းနီမေလးေတြရဲ႕ သည္းသည္းလႈပ္အားေပးျခင္းခံေနရသူျဖစ္ျပီး မၾကာေသးမီက သူကေတာ့ ပရိသတ္မ်ားေတြ႔ဆံုရန္ ထိုင္းနိုင္ငံကို သြားေရာက္ခဲ့ ျပီး အႏုပညာလႈပ္ရွားမႈအေနျဖင့္ ေၾကာ္ျငာေတြလည္းရိုက္ကူးခဲ့ကာ ထိုင္နိုင္ငံရဲ႕ သတင္းမီဒီယာ ေတာ္ေတာ္မ်ားမွာ ေဖာ္ျပျခင္းခံရတဲ့အထိ ေအာင္ျမင္မႈရရိွထားသူလည္းျဖစ္ပါတယ္။

ပိုင္တံခြန္ကေတာ့ လတ္တေလာမွာ ထိုင္းႏိုင္ငံနဲ႔ပူးေပါင္းၿပီး အႏုပညာလုပ္ငန္းေတြလုပ္ေဆာင္ေနၿပီး ခရီးသြားလာေရးဝန္ႀကီးဌာနက ထိုင္းႏိုင္ငံဆိုင္ရာ ခရီးသြားေဈးကြက္ကို တိုးခ်ဲ႕ျမႇင့္တင္ဖို႔အတြက္ ခရီးသြား သံတမန္အျဖစ္ ခန႔္အပ္ျခင္းခံထားရပါေသးတယ္။CeleGabar ပရိသတ္ႀကီးအတြက္ ပိုင္တံခြန္ရဲ႕ထိုင္းႏိုင္ငံရဲ႕ နာမည္ႀကီးမဂၢဇင္းျဖစ္တဲ့ Mars Homme ကအင္တာဗ်ဴးကို မွ်ေ၀လိုက္ပါတယ္။

error: Content is protected !!