” ကျေးဇူးတင်ထိုက်သူများကိုကျေးဇူးအထူးတင်တယ်လို့ ဆိုလာတဲ့ ဇေရဲထက် “
ဇေရဲထက်ကတော့ အနုပညာအလုပ်တွေကိုအားကြိုးမာန်တက်ဆာင်ရွက်လေ့ရှိတဲ့ မင်းသားတစ်ဦးဖြစ်တဲ့အပြင် လူကြီးမိဘတွေကိုလည်း ရိုသေကိုင်းရှိုင်းတတ်တဲ့မင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။တစ်နှစ်ပတ်လုံးစုဆောင်းခဲ့တဲ့ အနုပညာကြေးတွေအကုန်လုံးကို အဘွားအတွက် သီတင်းကျွတ်ကန်တော့ ခဲ့တယ်လို့သိရပါတယ်။ကန်တော့ခဲ့တဲ့ ငွေပမာဏကတော့ အံံ့သြလောက်တဲ့ ငွေပမာဏ ဖြစ်တာကြောင့် ပရိသတ်တွေလည်း အံ့အားသင့်ခဲ့ကြရပါသေးတယ်။
လက်ရှိမှာလည်း လူကြီးမိဘတွေကိုရိုသေလေးစားတတ်တဲ့ ဇေရဲထက်ကတော့ ” ရန်ကုန်စရောက်တဲ့ ကိုယ်ဖြစ်ကိုယ်လုပ်ချင်တဲ့အလုပ်ကို စအကောင်ထည်ဖော်ပြီး အခုလို လုပ်ပိုင်ခွင့်တွေ လုပ်ခွင့်ရအောင် နေရာထိုင်ခင်းအစားစာ လုပ်ခွင့်ရနိုင်တဲ့အရင်းနှီးတွေ ရအောင်လုပ်ပေးခဲ့သော ကျွန်နော်တို့ရဲ့ကိုးကွယ်ရာဖြစ်သော မြတ်စွာဘုရား မိဘ ဘိုးဘွား ညီအကိုမောင်နှမများကျွန်နော့်ရဲ့အချစ်တော်ဖန်များ ပရိုဂျုဆာများ ဒါရိုတ်တာများ အနုပညာစက်အဖွဲ့နဲ့ အနုပညာရှင်အကိုအမများ ကျွန်နော့်ကိုချစ်ခင်အားပေးတဲ့ပရိသတ်များနှင့်အတူ ကျေးဇူးတင်ထိုက်သူများကိုကျေးဇူးအထူးတင်ပါတယ် ” ဆိုကာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။
မကြာသေးမီက ဇေရဲထက်အတွက် ပရိသတ်တွေနဲ့ အထင်လွဲမှားမှုတွေရှိခဲ့ပေမယ့် သူ့ရဲ့ပရိသတ်တွေကို သေချာ ပြန်လည်ဖြေရှင်းပြခဲ့သူတစ်ယောက်ပါ။ အတိုက်အခိုက် အနှောင့်အယှက်တွေရှိနေပေမယ့်လည်း သူလုပ်ရမယ့် အလုပ်တွေကို အဆက်မပြတ်လုပ်ကာ မေတ္တာတရားကိုရှေ့တန်းတင်ပြီး ဆရာသမားတွေနဲ့ပရိသတ်တွေကို ကျေးဇူးအထူးတင်တဲ့ ဇေရဲထက်အတွက် CeleGabar ပရိသတ်ကြီးလည်း မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Source :Zay Ye Htet
Shwe poe – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်
Source :Zay Ye Htet
Shwe poe – CeleGabar
error: Content is protected !!