“သီချင်းကောင်းလေးကို အတူတူထပ်မံ ဖန်တီးသွားဦးမယ့် G Fatt နဲ့ ဖြူဖြူကျော်သိန်း”

G-Fatt နဲ့ ဖြူဖြူကျော်သိန်း လို့ ပြောလိုက်တာနဲ့ “ပညတ်တော် (၁၀)ပါး”ဆိုတဲ့ သီချင်းလေးကို ပရိသတ်တွေ တွဲမြင်မိမယ်လို့ ထင်ပါတယ်။ဒီသီချင်းလေးထဲမှာ ပါဝင်တဲ့ စာသားလေးတွေက ပရိသတ်တွေရဲ့ သဘောကျနှစ်သက်မှုကို အပြည့်အဝရရှိထားပြီး လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ အထိကိုအောင်မြင်မှုတွေရရှိခဲ့တာလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။

လတ်တလောမှာလည်း G-Fattနဲ့ ဖြူဖြူကျော်သိန်းတို့နှစ်ယောက်ဟာ နောက်ထပ်သီချင်းလေးတစ်ပုဒ်ကို နှစ်ယောက်ပေါင်းပြီး ထပ်မံဖန်တီးနေတယ်လို့ ဖြူဖြူကျော်သိန်းက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေဖော်ပြလာပါတယ်။”G Fatt နဲ့ ဖြူဖြူ သီချင်းသစ်တွေအတူတူလုပ်နေကြပြီ။မကြာမီ လာမည် မျှော်”လို့လည်း သီချင်းလေးကို မကြာမီအချိန်မှာတော့ ပရိသတ်တွေရဲ့ အရှေ့ကို ချပြတော့မှာဖြစ်တဲ့အကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။

အခုတစ်ခေါက်ထွက်ရှိမယ့် သီချင်းလေးဟာဆိုရင် G-Fattနဲ့ ဖြူဖြူကျော်သိန်းတို့ရဲ့ ဒုတိယအကြိမ်မြောက် အတူတူသီဆိုမယ့် သီချင်းလေးလည်းဖြစ်ပါတယ်။ ပရိသတ်တွေကတော့ “ပညတ်တော် (၁၀)ပါး”သီချင်းလေးလို အခုထွက်ရှိလာမယ့် သီချင်းလေးကထပ်မံပြီးအောင်မြင်မှုတွေရရှိသွားဦးမယ်လို့ ယုံကြည်နေကြပါတယ်။ကဲ ကွီး G-Fattနဲ့ ဖြူဖြူတို့ရဲ့ ဒုတိယမြောက် “ပညတ်တော် (၁၀)ပါး” ဖြစ်လာဦးမလဲဆိုတာကတော့ သီချင်းလေးထွက်လာပဲသိရှိရမှာပေါ့နော်…

Source : Phyuphyukyawthein
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။

“သီခ်င္းေကာင္းေလးကို အတူတူထပ္မံ ဖန္တီးသြားဦးမယ့္ G Fatt နဲ႔ ျဖဴျဖဴေက်ာ္သိန္း”

G-Fatt နဲ႔ ျဖဴျဖဴေက်ာ္သိန္း လို႔ ေျပာလိုက္တာနဲ႔ “ပညတ္ေတာ္ (၁၀)ပါး”ဆိုတဲ့ သီခ်င္းေလးကို ပရိသတ္ေတြ တြဲျမင္မိမယ္လို႔ ထင္ပါတယ္။ဒီသီခ်င္းေလးထဲမွာ ပါဝင္တဲ့ စာသားေလးေတြက ပရိသတ္ေတြရဲ႕ သေဘာက်ႏွစ္သက္မႈကို အျပည့္အဝရရွိထားၿပီး လူငယ္ေတြရဲ႕ ပါးစပ္ဖ်ားမွာ ေရပန္းစားတဲ့ အထိကိုေအာင္ျမင္မႈေတြရရွိခဲ့တာလည္း ပရိသတ္ေတြသိရွိၿပီးသားျဖစ္မွာပါ။

လတ္တေလာမွာလည္း G-Fattနဲ႔ ျဖဴျဖဴေက်ာ္သိန္းတို႔ႏွစ္ေယာက္ဟာ ေနာက္ထပ္သီခ်င္းေလးတစ္ပုဒ္ကို ႏွစ္ေယာက္ေပါင္းၿပီး ထပ္မံဖန္တီးေနတယ္လို႔ ျဖဴျဖဴေက်ာ္သိန္းက သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာကေနေဖာ္ျပလာပါတယ္။”G Fatt နဲ႔ ျဖဴျဖဴ သီခ်င္းသစ္ေတြအတူတူလုပ္ေနၾကၿပီ။မၾကာမီ လာမည္ ေမွ်ာ္”လို႕လည္း သီခ်င္းေလးကို မၾကာမီအခ်ိန္မွာေတာ့ ပရိသတ္ေတြရဲ႕ အေရွ႕ကို ခ်ျပေတာ့မွာျဖစ္တဲ့အေၾကာင္းကိုလည္း ေဖာ္ျပထားပါေသးတယ္။

အခုတစ္ေခါက္ထြက္ရွိမယ့္ သီခ်င္းေလးဟာဆိုရင္ G-Fattနဲ႔ ျဖဴျဖဴေက်ာ္သိန္းတို႔ရဲ႕ ဒုတိယအႀကိမ္ေျမာက္ အတူတူသီဆိုမယ့္ သီခ်င္းေလးလည္းျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ “ပညတ္ေတာ္ (၁၀)ပါး”သီခ်င္းေလးလို အခုထြက္ရွိလာမယ့္ သီခ်င္းေလးကထပ္မံၿပီးေအာင္ျမင္မႈေတြရရွိသြားဦးမယ္လို႕ ယံုၾကည္ေနၾကပါတယ္။ကဲ ကြီး G-Fattနဲ႕ ျဖဴျဖဴတို႕ရဲ႕ ဒုတိယေျမာက္ “ပညတ္ေတာ္ (၁၀)ပါး” ျဖစ္လာဦးမလဲဆိုတာကေတာ့ သီခ်င္းေလးထြက္လာပဲသိရွိရမွာေပါ့ေနာ္…

Source : Phyuphyukyawthein
Chilli – CeleGabar

error: Content is protected !!