“သားဖြစ်သူမိုးအောင်ရင်ကို “ယောကျာ်းယူရင်ယူ၊ မယူရင် မိန်းမယူတော့ဆိုပြီး အရွှန်းဖောက်ပြောကြားလိုက်တဲ့ အောင်ရင်”

အောင်ရင်ဟာဆိုရင် တစ်ခေတ်တစ်ခါက ထင်ပေါ်ကျော်ကြားခဲ့တဲ့အဆိုတော်တစ်ယောက်ဖြစ်ပြီး ပရိသတ်ရဲ့အားပေးမှုကိုအခိုင်အမာရရှိခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မကြာသေးမီကမှ သားဖြစ်သူမိုးအောင်ရင်ထံ အင်္ဂလန်မှပြန်လာကာ တစ်လှည့်လာနေတာဖြစ်ပြီး သားဖြစ်သူ ပွဲတက်တိုင်းလိုက်ပါလေ့ရှိတာကိုတွေ့ရမှာပါ။ မနေ့ညက ကျင်းပခဲ့တဲ့ “သုံးယောက်ပေါင်းလောင်းကျော်”ဇာတ်ကားရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲမှာလည်း သားဖြစ်သူမိုးအောင်ရင်နဲ့အတူ အကျီၤဆင်တူဝတ်ပြီး ပွဲတက်လာတာကိုတွေ့ရမှာပါ။

အနုပညာလောကကို တစ်ဖန်ပြန်လည်ဝင်ရောက်လာတဲ့ သားဖြစ်သူမိုးအောင်ရင်ကို ဘက်စုံမှာပြည့်စုံစေချင်တဲ့အတွက် အားကစားအပြင် စာအုပ်တွေများများပြန်ဖတ်ဖို့နဲ့ ဘာသာရေးဘက်လည်းမလစ်ဟင်းစေလိုကြောင်းပြောကြားခဲ့ပြီး မိုးအောင်ရင်ဟာ ယခုလာမည့်နိုဝင်ဘာလ (၁)ရက်နေ့မှ စတင်ကာ နှစ်ပတ်တိတိ တရားစခန်းဝင်မှာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ အနုပညာအလုပ်တွေကိုပြန်လည်လုပ်ကိုင်သွားမှာဖြစ်ပါတယ်။

 

သားဖြစ်သူ မိုးအောင်ရင်ရဲ့နှလုံးသားရေးရာကိစ္စနဲ့ပတ်သတ်ပြီးကန့်သတ်ထားခြင်းမရှိဘဲ “မင်း အရွယ်ရောက်နေပြီ၊ မိန်းမယူရင်ယူ၊ မယူရင်ယောကျာ်းယူတော့”ဆိုပြီးပြောကြားခဲ့ပါတယ်။ “ယောကျ်ားယူရင်ရော”ဆိုတဲ့မေးခွန်းအပေါ်မှာလည်း “ဒါ သူ့သဘောပါ၊ သူ့ရွေးချယ်မှုပေါ့” ဆိုပြီး အရွှန်းဖောက်ဖြေကြားခဲ့ပါတယ်။ “သားကိုချစ်တဲ့ပရိသတ်တွေအပြင် ကျွန်တော့်ကိုလည်း အခုလို အိုကြီးအိုမ ဗိုက်ကြီးရွဲနေတဲ့အချိန်အထိ အားပေးနေတဲ့ ပရိသတ်တွေအကုန်လုံးကိုကျေးဇူးတင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
Source – Exclusive on Cele Gabar
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“သားျဖစ္သူမိုးေအာင္ရင္ကို ေယာက်ာ္းယူရင္ယူ၊ မယူရင္ မိန္းမယူေတာ့ဆိုျပီး အရႊန္းေဖာက္ေျပာၾကားလုိက္တဲ့ ေအာင္ရင္”

ေအာင္ရင္ဟာဆုိရင္ တစ္ေခတ္တစ္ခါက ထင္ေပၚေက်ာ္ၾကားခဲ့တဲ့အဆိုေတာ္တစ္ေယာက္ျဖစ္ျပီး ပရိသတ္ရဲ႕အားေပးမွုကိုအခိုင္အမာရရွိခဲ့တဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ မၾကာေသးမီကမွ သားျဖစ္သူမိုးေအာင္ရင္ထံ အဂၤလန္မွျပန္လာကာ တစ္လွည့္လာေနတာျဖစ္ျပီး သားျဖစ္သူ ပြဲတက္တိုင္းလုိက္ပါေလ့ရွိတာကိုေတြ႔ရမွာပါ။ မေန႔ညက က်င္းပခဲ့တဲ့ “သံုးေယာက္ေပါင္းေလာင္းေက်ာ္”ဇာတ္ကားရဲ႕ စာနယ္ဇင္းမိတ္ဆက္ပြဲမွာလည္း သားျဖစ္သူမိုးေအာင္ရင္နဲ႔အတူ အက်ီၤဆင္တူ၀တ္ျပီး ပြဲတက္လာတာကိုေတြ႔ရမွာပါ။

အႏုပညာေလာကကို တစ္ဖန္ျပန္လည္၀င္ေရာက္လာတဲ့ သားျဖစ္သူမိုးေအာင္ရင္ကို ဘက္စံုမွာျပည့္စံုေစခ်င္တဲ့အတြက္ အားကစားအျပင္ စာအုပ္ေတြမ်ားမ်ားျပန္ဖတ္ဖို႕နဲ႔ ဘာသာေရးဘက္လည္းမလစ္ဟင္းေစလိုေၾကာင္းေျပာၾကားခဲ့ျပီး မိုးေအာင္ရင္ဟာ ယခုလာမည့္ႏို၀င္ဘာလ (၁)ရက္ေန႔မွ စတင္ကာ ႏွစ္ပတ္တိတိ တရားစခန္း၀င္မွာျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အႏုပညာအလုပ္ေတြကိုျပန္လည္လုပ္ကိုင္သြားမွာျဖစ္ပါတယ္။

သားျဖစ္သူ မိုးေအာင္ရင္ရဲ႕နွလံုးသားေရးရာကိစၥနဲ႔ပတ္သတ္ျပီးကန္႔သတ္ထားျခင္းမရွိဘဲ “မင္း အရြယ္ေရာက္ေနျပီ၊ မိန္းမယူရင္ယူ၊ မယူရင္ေယာက်ာ္းယူေတာ့”ဆိုျပီးေျပာၾကားခဲ့ပါတယ္။ “ေယာက်္ားယူရင္ေရာ”ဆိုတဲ့ေမးခြန္းအေပၚမွာလည္း “ဒါ သူ႔သေဘာပါ၊ သူ႔ေရြးခ်ယ္မွုေပါ့” ဆိုျပီး အရႊန္းေဖာက္ေျဖၾကားခဲ့ပါတယ္။ “သားကုိခ်စ္တဲ့ပရိသတ္ေတြအျပင္ ကၽြန္ေတာ့္ကိုလည္း အခုလို အိုၾကီးအိုမ ဗိုက္ၾကီးရြဲေနတဲ့အခ်ိန္အထိ အားေပးေနတဲ့ ပရိသတ္ေတြအကုန္လံုးကိုေက်းဇူးတင္ပါတယ္” လို႔ေျပာၾကားခဲ့ပါတယ္။
Source – Exclusive on Cele Gabar
Rainbow- Cele Gabar

error: Content is protected !!