” ပရိသတ်တွေပွဲကျစေခဲ့တဲ့ အောင်မင်းခန့်နဲ့ ခြူးလေးတို့ရဲ့ TikTok ဗီဒီယိုဖိုင် “

ခြူးလေးကတော့ထာဝရမန္တလေး၊လူရည်ချွန် စတဲ့ MRTV – (4 )ရုပ်သံဇာတ်လမ်းတွဲများကတဆင့် အနုပညာလောကထဲထိုးဖောက်လာပြီး ချစ်စရာအမူအရာတွေအပြင် သရုပ်ဆောင်ကောင်းတဲ့ အချက်တွေနဲ့ ဖမ်းစားထားတဲ့ ရခိုင်တိုင်းရင်းသူလေးတစ်ဦးပါ။ မာန်မာနကင်းပြီး ချစ်စဖွယ်မျက်နှာလေးနဲ့ချိုသာတဲ့စကားလေးတွေအပြင်အေးချမ်းတဲ့မျက်နှာလေးက ပရိသတ် ရင်ထဲကို စွဲနေစေခဲ့တဲ့အပြင် TikTok မင်းသမီးလေးလို့တောင် ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ဆိုကြလေ့ရှိကြပါတယ်။

ခင်မင်တဲ့သူငယ်ချင်းအနုပညာရှင်တွေကို သူနဲ့ဆုံတိုင်း Tik Tok မဆော့ဖူးတဲ့သူတောင် ဆော့ဖို့တိုက်တွန်းတဲ့သူလေး ဖြစ်တဲ့အပြင် ပရိသတ်တွေကလည်း သူ့ရဲ့ Tik Tok တွေကို သဘောကျ အားပေးလေ့ရှိကြတယ်လို့ဆိုရမှာပါ။လက်ရှိမှာလည်း ယောကျာ်းပီသတဲ့ ဘော်ဒီနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ပရိသတ်အချစ်တော် မင်းသားချောလေးတစ်လက်ဖြစ်တဲ့ ထာဝရမန ္တလေးဇာတ်ကားမှာ ပရိသတ်စတင်သတိထားမိသူလေး အောင်မင်းခန့်နဲ့ အတူတွဲဖက်ကာ ချစ်စရာ TikTok လေးတွေ ဆော့ခဲ့တာပဲ ဖြစ်ပါတယ်။

TikTok လေးကတော့ အဆိုတော်ကော်နီရဲ့ မောင့်ကိုလေ နည်းနည်းလေးမှ စိတ်မချဘူးဆိုတဲ့ စာသားလေးနဲ့ အောင်မင်းခန့် ကို စိတ်မချတဲ့ မမ တစ်ယောက်အနေနဲ့ ချစ်စရာကောင်းအောင်အတွဲညီညီ ဆော့ထားတဲ့အပြင် နောက်ထပ် ချစ်စရာ TikTok လေးကတော့ အောင်မင်းခန့်က ခြူးလေးကို ” မမက မောင်ခေါ်ရာလိုက်မှာလား ” ဆိုတဲ့ သီချင်းလေးနဲ့ ရယ်စရာဖြစ်အောင် ဟန်ချက်ညီညီနဲ့ ပရိသတ်တွေပွဲကျအောင် ဆော့ကစားထားတာကြောင့် ချစ်တဲ့ပရိသတ်တွေကို အသည်းယားစေခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း အောင်မင်းခန့်နဲ့ ခြူးလေးတို့ရဲ့ TikTok လေးတွေကို ကြည့်ပြီးမှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Chue Chue
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” ပရိသတ္ေတြပြဲက်ေစခဲ့တဲ့ ေအာင္မင္းခန္႕နဲ႕ ျခဴးေလးတို႕ရဲ႕ TikTok ဗီဒီယိုဖိုင္ ”

ျခဴးေလးကေတာ့ထာဝရမႏၲေလး၊လူရည္ခြ်န္ စတဲ့ MRTV – (4 )ရုပ္သံဇာတ္လမ္းတြဲမ်ားကတဆင့္ အနုပညာေလာကထဲထိုးေဖာက္လာၿပီး ခ်စ္စရာအမူအရာေတြအျပင္ သရုပ္ေဆာင္ေကာင္းတဲ႔ အခ်က္ေတြနဲ႕ ဖမ္းစားထားတဲ့ ရခိုင္တိုင္းရင္းသူေလးတစ္ဦးပါ။ မာန္မာနကင္းၿပီး ခ်စ္စဖြယ္မ်က္ႏွာေလးနဲ႔ခ်ိဳသာတဲ့စကားေလးေတြအျပင္ေအးခ်မ္းတဲ့မ်က္ႏွာေလးက ပရိသတ္ ရင္ထဲကို စြဲေနေစခဲ့တဲ့အျပင္ TikTok မင္းသမီးေလးလို႕ေတာင္ ပရိသတ္ေတြက ခ်စ္စႏိုးနဲ႕ ေခၚဆိုၾကေလ့ရွိၾကပါတယ္။

ခင္မင္တဲ့သူငယ္ခ်င္းအႏုပညာရွင္ေတြကို သူနဲ႕ဆံုတိုင္း Tik Tok မေဆာ့ဖူးတဲ့သူေတာင္ ေဆာ့ဖို႕တိုက္တြန္းတဲ့သူေလး ျဖစ္တဲ့အျပင္ ပရိသတ္ေတြကလည္း သူ႕ရဲ႕ Tik Tok ေတြကို သေဘာက် အားေပးေလ့ရွိၾကတယ္လို႕ဆိုရမွာပါ။လက္ရွိမွာလည္း ေယာက်ာ္းပီသတဲ့ ေဘာ္ဒီနဲ႕ ဆြဲေဆာင္မႈအျပည့္ရွိတဲ့ ပရိသတ္အခ်စ္ေတာ္ မင္းသားေခ်ာေလးတစ္လက္ျဖစ္တဲ့ ထာဝရမႏ ၱေလးဇာတ္ကားမွာ ပရိသတ္စတင္သတိထားမိသူေလး ေအာင္မင္းခန္႕နဲ႕ အတူတြဲဖက္ကာ ခ်စ္စရာ TikTok ေလးေတြ ေဆာ့ခဲ့တာပဲ ျဖစ္ပါတယ္။

TikTok ေလးကေတာ့ အဆိုေတာ္ေကာ္နီရဲ႕ ေမာင့္ကိုေလ နည္းနည္းေလးမွ စိ္တ္မခ်ဘူးဆိုတဲ့ စာသားေလးနဲ႕ ေအာင္မင္းခန္႕ ကို စိတ္မခ်တဲ့ မမ တစ္ေယာက္အေနနဲ႕ ခ်စ္စရာေကာင္းေအာင္အတြဲညီညီ ေဆာ့ထားတဲ့အျပင္ ေနာက္ထပ္ ခ်စ္စရာ TikTok ေလးကေတာ့ ေအာင္မင္းခန္႕က ျခဴးေလးကို ” မမက ေမာင္ေခၚရာလိုက္မွာလား ” ဆိုတဲ့ သီခ်င္းေလးနဲ႕ ရယ္စရာျဖစ္ေအာင္ ဟန္ခ်က္ညီညီနဲ႕ ပရိသတ္ေတြပြဲက်ေအာင္ ေဆာ့ကစားထားတာေၾကာင့္ ခ်စ္တဲ့ပရိသတ္ေတြကို အသည္းယားေစခဲ့တာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း ေအာင္မင္းခန္႕နဲ႕ ျခဴးေလးတို႕ရဲ႕ TikTok ေလးေတြကို ၾကည့္ၿပီးမွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source : Chue Chue
Shwe Poe – CeleGabar
ေဇာ္ဂ်ီဗားရွင္း

error: Content is protected !!