” ပြန်လည်မြင်တွေ့ရန်ခက်လှတဲ့ ပြည်သူချစ်အနုပညာရှင်မင်းသမီး (၃)ယောက်ရဲ့ အမှတ်တရပုံရိပ်လေးတွေကို ဝေမျှလိုက်တဲ့ ထွန်းအိန္ဒြာဗိုလ် “

တိုင်းသိပြည်သိ အဆိုတော် အကယ်ဒမီ မင်းသမီးကြီးတစ်ဦးဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ် ကတော့ ယနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် အထူးမိတ်ဆက်စရာမလိုတော့ပါဘူးနော်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိပြီး သားလေးကလည်း အရွယ်ရောက်လာပြီဖြစ်တာကြောင့် အေးချမ်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာဖြစ်လို့ မြင်သူတိုင်း ပရိသတ်တွေအတွက် စိတ်ချမ်းသာစရာလေးဖြစ်နေမှာပါ။

မကြာသေးမီကလည်း ဝါရင့်သရုပ်ဆောင်တစ်ဦးပီပီ သူစိမ်းအိမ်ဇာတ်ကားကြီးမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိခဲ့ပါသေးတယ်။လက်ရှိမှာလည်း သူ့ရဲ့ အမှတ်တရဓာတ်ပုံအဟောင်း ကို ပရိသတ်တွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှခဲ့တာပါ။ အမှတ်တရ ပုံရိပ်ဟောင်းမှာ ပါဝင်တဲ့သူတွေကတော့ ပြည်သူချစ်တဲ့နိုင်ငံကျော်မင်းသမီးတွေဖြစ်တဲ့ အူဝဲနဲ့ စိုးမြတ်နန္ဒာ တို့ ပဲ ဖြစ်ပါတယ်။

ဓာတ်ပုံလေးကိုရိုက်ခဲ့တဲ့အချိန်က သူ့ရဲ့သားလေးကိုယ်ဝန်ကို လွယ်ထားရတဲ့အချိန်လေးလည်း ဖြစ်ကြောင်းကို ” ဒီ့ ထက် ငယ်တုန်း က… ( သားသား ကိုယ်ဝန် နဲ့ တုန်းက ) ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ ပြန်မြင်ရန်ခက်လှတဲ့ ပြည်သူချစ်အနုပညာရှင်မင်းသမီး (၃)ယောက်ရဲ့ အမှတ်တရပုံရိပ်လေးကိုကြည့်ပြီး ဘယ်သူ့ကို အချစ်ဆုံးလဲဆိုတာ မှတ်ချက်ပေးခဲ့ပါဦး Cele Gabar ပရိသတ်ကြီးရေ ။

Source : Htun Aeindra Bo
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း





Source : Htun Aeindra Bo
Shwe Poe – CeleGabar

error: Content is protected !!