” မြန်မာရုပ်ရှင်နှစ်(၁၀၀)ပြည့် တွင်ပြန်လည်ရုံတင်ပြသမည့် မြန်မာ့ရုပ်ရှင်သမိုင်းရဲ့ အစောဆုံးအသံထွက်ရုပ်ရှင်ဇာတ်ကားကြီး “

လာမည့် (၂၀၂၀)ပြည့်နှစ် အောက်တိုဘာလ (၁၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့် တွင် ပြန်လည်ရုံတင်ပြသမည့် မြန်မာ့ရုပ်ရှင်သမိုင်းရဲ့ အစောဆုံးအသံထွက်ရုပ်ရှင်ဇာတ်ကားကြီး အကြောင်းကိုတော့ ” မြန်မာ့ရုပ်ရှင်ဖခင်ကြီး ဦးညီပုမှ ၁၉၃၅ခုနှစ် မှာ ဂျပန်နိုင်ငံမှာရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ” ဂျပန့်ရင်သွေး ” ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်သမိုင်းမှာ အစောဆုံးအသံထွက်ရုပ်ရှင်ဖြစ်တဲ့ ဒါရိုက်တာ ဦးတုတ်ကြီး “ငွေပေးလို့မရ”(၁၉၃၂) ရုပ်ရှင် ကို ယနေ့အချိန်ထိရှာဖွေလို့ မတွေ့ ရှိသေးပါဘူး။ ဒါကြောင့် “ဂျပန့်ရင်သွေး” ဟာ လက်ရှိရှာဖွေတွေ့ ရှိထားသမျှရုပ်ရှင်တွေထဲမှာတော့ အစောဆုံးအသံထွက်ရုပ်ရှင်ဖြစ်ပါတယ်လို့ သိရပါတယ်။”ဂျပန့်ရင်သွေး” ရုပ်ရှင်ဖလင်ကို ဂျပန်နိုင်ငံ အမျိုးသားရုပ်ရှင်မော်ကွန်းတိုက်တွင် ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့ Save Myanmar Film အနေနဲ့ ၂၀၁၈ခုနှစ်မှာစပြီး ဒီဂျပန့်ရင်သွေးရုပ်ရှင်ကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းပြီး မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်တွင် မြန်မာနိုင်ငံမှာ ပြန်လည်ရုံတင်ပြသနိုင်ဖို့ စတင်ကြိုးပမ်းခဲ့ပါတယ်။

“ဂျပန့်ရင်သွေး”ရုပ်ရှင်ကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ထိန်းသိမ်းဖို့ကုန်ကျစရိတ်ကိုတွက်ချက်ကြည့်ကြတဲ့အခါ အမေရိကန်ဒေါ်လာ ရှစ်သောင်းဝန်းကျင်လောက် ကုန်ကျမယ်လို့သိရပါတယ်။ ကျွန်တော်တို့ SAVE MYANMAR FILM အဖွဲ့ ဟာ ဒီလောက်ငွေကြေးမတောင့်တင်းပါဘူး မြန်မာ့ရုပ်ရှင်အမွေအနှစ်ကိုချစ်မြတ်နိုးတဲ့ လူငယ်တစ်စုသာဖြစ်ပါတယ်။ အခုတော့ ဂျပန့်ရင်သွေးရုပ်ရှင်ကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ခဲ့ပါပြီ။မြန်မာ့ရုပ်ရှင်သမိုင်းမှအလွန်အရေးပါတဲ့ ဒါရိုက်တာဦးညီပု ရဲ့ ရုပ်ရှင်တစ်ကားကို အခုလို ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပြုပြင်ထိန်းသိမ်းပေးခဲ့တာဟာ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်အတွက် ဂျပန်နိုင်ငံရဲ့ မေတ္တာလက်ဆောင်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် တန်ဖိုးရှိတဲ့ မြန်မာ့ရုပ်ရှင်အမွေအနှစ်ကို မြန်မာနိုင်ငံမှာ ပြန်လည်းထိန်းသိမ်းထားနိုင်ခွင့်ရတာ အလွန်ကောင်းတဲ့ အခွင့်အရေးတစ်ခုလို့ထင်ပါတယ်။

ကျွန်တော်အနေနဲ့ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်နှစ် နှင့် ကြုံတွေ့ ခွင့်ရတာနဲ့တင် ကျန်တော် ကံကောင်းတယ်လို့ထင်နေခဲ့တာပါ အခုလို ရုပ်ရှင်အမွေအနှစ်ကိုထိန်းသိမ်းရေးမှာပါ တစ်စိတ်တစ်ပိုင်းပါဝင်ခွင့်ရခဲ့တဲ့အတွက် အတိုင်းထက်အလွန်ဝမ်းသာဂုဏ်ယူမိပါတယ်။” လို့ SAVE MYANMAR FILM အဖွဲ့ ရဲ့ အဖွဲဝင်တစ်ဦးဖြစ်တဲ့ ကိုသိဒ္ဓိ ရဲ့ လူမှုကွန်ရက် စာမျက်နာမှာဖော်ပြထားပါတယ်။CeleGabar ပရိသတ်ကြီးရေ မြန်မာ့အစောဆုံးအသံထွက်ရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်မှာ ရုံတင်ပြသမှာတဲ့နော်။

Source: Thaid Dhi (သိဒ္ဓိ)
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

” ျမန္မာ႐ုပ္ရွင္ႏွစ္(၁၀၀)ျပည့္ တြင္ျပန္လည္႐ုံတင္ျပသမည့္ ျမန္မာ့႐ုပ္ရွင္သမိုင္းရဲ႕ အေစာဆုံးအသံထြက္႐ုပ္ရွင္ဇာတ္ကားႀကီး ”

လာမည့္ (၂၀၂၀)ျပည့္ႏွစ္ ေအာက္တိုဘာလ (၁၃)ရက္ေန႔တြင္က်ေရာက္မည့္ ျမန္မာ့႐ုပ္ရွင္ႏွစ္(၁၀၀)ျပည့္ တြင္ ျပန္လည္႐ုံတင္ျပသမည့္ ျမန္မာ့႐ုပ္ရွင္သမိုင္းရဲ႕ အေစာဆုံးအသံထြက္႐ုပ္ရွင္ဇာတ္ကားႀကီး အေၾကာင္းကိုေတာ့ ” ျမန္မာ့႐ုပ္ရွင္ဖခင္ႀကီး ဦးညီပုမွ ၁၉၃၅ခုႏွစ္ မွာ ဂ်ပန္ႏိုင္ငံမွာ႐ိုက္ကူးထုတ္လုပ္ခဲ့တဲ့ ” ဂ်ပန႔္ရင္ေသြး ” ႐ုပ္ရွင္ဇာတ္ကားႀကီးပဲျဖစ္ပါတယ္။ ျမန္မာ့႐ုပ္ရွင္သမိုင္းမွာ အေစာဆုံးအသံထြက္႐ုပ္ရွင္ျဖစ္တဲ့ ဒါ႐ိုက္တာ ဦးတုတ္ႀကီး “ေငြေပးလို႔မရ”(၁၉၃၂) ႐ုပ္ရွင္ ကို ယေန႔အခ်ိန္ထိရွာေဖြလို႔ မေတြ႕ ရွိေသးပါဘူး။ ဒါေၾကာင့္ “ဂ်ပန႔္ရင္ေသြး” ဟာ လက္ရွိရွာေဖြေတြ႕ ရွိထားသမွ်႐ုပ္ရွင္ေတြထဲမွာေတာ့ အေစာဆုံးအသံထြက္႐ုပ္ရွင္ျဖစ္ပါတယ္လို႔ သိရပါတယ္။”ဂ်ပန႔္ရင္ေသြး” ႐ုပ္ရွင္ဖလင္ကို ဂ်ပန္ႏိုင္ငံ အမ်ိဳးသား႐ုပ္ရွင္ေမာ္ကြန္းတိုက္တြင္ ထိန္းသိမ္းထားပါတယ္။ ကြၽန္ေတာ္တို႔ Save Myanmar Film အေနနဲ႔ ၂၀၁၈ခုႏွစ္မွာစၿပီး ဒီဂ်ပန႔္ရင္ေသြး႐ုပ္ရွင္ကို ဒစ္ဂ်စ္တယ္နည္းပညာျဖင့္ ျပန္လည္ျပဳျပင္ထိန္းသိမ္းၿပီး ျမန္မာ့႐ုပ္ရွင္ႏွစ္ ၁၀၀ ျပည့္တြင္ ျမန္မာႏိုင္ငံမွာ ျပန္လည္႐ုံတင္ျပသႏိုင္ဖို႔ စတင္ႀကိဳးပမ္းခဲ့ပါတယ္။

“ဂ်ပန႔္ရင္ေသြး”႐ုပ္ရွင္ကို ဒစ္ဂ်စ္တယ္နည္းပညာနဲ႔ထိန္းသိမ္းဖို႔ကုန္က်စရိတ္ကိုတြက္ခ်က္ၾကည့္ၾကတဲ့အခါ အေမရိကန္ေဒၚလာ ရွစ္ေသာင္းဝန္းက်င္ေလာက္ ကုန္က်မယ္လို႔သိရပါတယ္။ ကြၽန္ေတာ္တို႔ SAVE MYANMAR FILM အဖြဲ႕ ဟာ ဒီေလာက္ေငြေၾကးမေတာင့္တင္းပါဘူး ျမန္မာ့႐ုပ္ရွင္အေမြအႏွစ္ကိုခ်စ္ျမတ္ႏိုးတဲ့ လူငယ္တစ္စုသာျဖစ္ပါတယ္။ အခုေတာ့ ဂ်ပန႔္ရင္ေသြး႐ုပ္ရွင္ကို ဒစ္ဂ်စ္တယ္နည္းပညာျဖင့္ ျပန္လည္ျပဳျပင္ထိန္းသိမ္းႏိုင္ခဲ့ပါၿပီ။ျမန္မာ့႐ုပ္ရွင္သမိုင္းမွအလြန္အေရးပါတဲ့ ဒါ႐ိုက္တာဦးညီပု ရဲ႕ ႐ုပ္ရွင္တစ္ကားကို အခုလို ဒစ္ဂ်စ္တယ္နည္းပညာနဲ႔ ျပဳျပင္ထိန္းသိမ္းေပးခဲ့တာဟာ ျမန္မာ့႐ုပ္ရွင္ႏွစ္ ၁၀၀ ျပည့္အတြက္ ဂ်ပန္ႏိုင္ငံရဲ႕ ေမတၱာလက္ေဆာင္တစ္ခုျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အတြက္ တန္ဖိုးရွိတဲ့ ျမန္မာ့႐ုပ္ရွင္အေမြအႏွစ္ကို ျမန္မာႏိုင္ငံမွာ ျပန္လည္းထိန္းသိမ္းထားႏိုင္ခြင့္ရတာ အလြန္ေကာင္းတဲ့ အခြင့္အေရးတစ္ခုလို႔ထင္ပါတယ္။

ကြၽန္ေတာ္အေနနဲ႔ ျမန္မာ့႐ုပ္ရွင္ႏွစ္ ၁၀၀ ျပည့္ႏွစ္ ႏွင့္ ႀကဳံေတြ႕ ခြင့္ရတာနဲ႔တင္ က်န္ေတာ္ ကံေကာင္းတယ္လို႔ထင္ေနခဲ့တာပါ အခုလို ႐ုပ္ရွင္အေမြအႏွစ္ကိုထိန္းသိမ္းေရးမွာပါ တစ္စိတ္တစ္ပိုင္းပါဝင္ခြင့္ရခဲ့တဲ့အတြက္ အတိုင္းထက္အလြန္ဝမ္းသာဂုဏ္ယူမိပါတယ္။” လို႔ SAVE MYANMAR FILM အဖြဲ႕ ရဲ႕ အဖြဲဝင္တစ္ဦးျဖစ္တဲ့ ကိုသိဒၶိ ရဲ႕ လူမႈကြန္ရက္ စာမ်က္နာမွာေဖာ္ျပထားပါတယ္။CeleGabar ပရိသတ္ႀကီးေရ ျမန္မာ့အေစာဆံုးအသံထြက္႐ုပ္ရွင္ဇာတ္ကားၾကီးကို ျမန္မာ့႐ုပ္ရွင္ႏွစ္(၁၀၀)ျပည့္မွာ ရံုတင္ျပသမွာတဲ့ေနာ္။

error: Content is protected !!