“ကျော်ထက်ဇော်နဲ့ မအေးသောင်းက တကယ်ပဲတွဲနေကြပြီလား”

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်ဖြစ်တဲ့ မင်းသားချောလေး ကျော်ထက်ဇော်နဲ့ ပုရိသတွေရဲ့ သည်းသည်းလှုပ်ဝန်းရံမှုကို ရရှိထားတဲ့ အပျိုကြီးမမ မအေးသောင်းတို့ကတော့ ဒီနေ့မှာ သူတို့နှစ်ဦးရဲ့ မော်ဒိုက်မှာ ရိုက်ကူးခဲ့တဲ့ အတွဲပုံလေးတွေထွက်ရှိလာတာပဲဖြစ်ပါတယ်။ ဒီဓာတ်ပုံလေးတွေကိုတော့ ကျော်ထက်ဇော်ကိုယ်တိုင်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာတာပဲဖြစ်ပါတယ်။သူတို့နှစ်ဦးကတော့ မော်ဒိုက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက သွားရောက်ခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးနဲ့ အတူ အခြားအနုပညာရှင်တွေလည်း အများအပြားပါဝင်ပါသေးတယ်။

ကျော်ထက်ဇော်က အခုလို သူတို့ နှစ်ဦးရဲ့ အတွဲပုံလေးတွေကို “အမှတ်တရ” ဆိုတဲ့ စာသားလေးနဲ့ ဖော်ပြလာတာဖြစ်ပြီး မအေးသောင်းကိုယ်တိုင်ကလည်း “လွမ်းယူ”ဆိုပြီး ကွန်းမန့်မှာ ပြန်လည်ရေးသားထားပါသေးတယ်။အပျိုကြီးဖြစ်တဲ့ မမအေးသောင်းက မကြာခဏဆိုသလို သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူချစ်သူလေးနဲ့ တွဲရိုက်ထားတဲ့ ပုံလေးတွေကို ချပြလေ့ရှိပြီး ဘယ်သူဘယ်ဝါရယ်ဆိုတာကိုတော့ ဖော်ပြခြင်းမရှိခဲ့ပါဘူး။

ပရိသတ်တွေကတော့ သူတို့ရဲ့ အချစ်တော်ဖြစ်တဲ့ မအေးသောင်းရဲ့ ချစ်သူဟာ ဘယ်သူများဖြစ်မလဲဆိုတာကိုလည်း စိတ်ဝင်စားနေကြတာဖြစ်ပြီး အခုလို ဓာတ်ပုံတွေနဲ့ အပြန်အလှန်ပြောထားတဲ့ စကားတွေကြောင့် မအေးသောင်းနဲ့ ကျော်ထက်ဇော်တို့ နှစ်ယောက်ဟာ တကယ်ပဲ မမနဲ့မောင်လေးဇာတ်လမ်းဖြစ်နေကြပြီလားလို့ ပရိသတ်တွေကတော့ မေးမြန်နေကြတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးတွေကရော တကယ်ပဲ မမနဲ့ မောင်လေး ဇာတ်လမ်းဖြစ်နေမယ်ဆို သူတို့ နှစ်ယောက်ကို သဘောတူကြလား။

Source : Kyaw Htet Zaw
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။





Source : Kyaw Htet Zaw
Chilli – CeleGabar

error: Content is protected !!