” Miss Supranational Myanmar ( 2019 ) သရဖူပေးအပ်ပွဲအခမ်းအနားမှာ မှုံရွှေရည် အကလေးနဲ့ တင်ဆက်ဖျော်ဖြေခဲ့တဲ့ သွန်းမြတ်ကြယ်စင်လေးရဲ့ ဗီဒီယိုဖိုင် “

မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး Miss လေးဖြစ်တဲ့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေး သွန်းမြတ်ကြယ်စင်ကိုတော့ ချစ်ပရိသတ်ကြီးတို့နဲ့ အထူးတလည် မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော် ။ အသက်ငယ်ငယ်လေးနဲ့ Little Miss Supranational Myanmar သရဖူဆုကို အသက်( ၄) နှစ်အရွယ်လေးနဲ့ ဆွတ်ခူးရရှိထားတဲ့အပြင် ပရိသတ်တွေရဲ့ အချစ်ကို ပိုပိုရရှိနေတဲ့အချက်လေးကတော့ အသည်းယားစဖွယ် ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့အတူTikTok လးတွေကို ဆော့လေ့ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။

သွန်းမြတ်ကြယ်စင်လေးကို ပရိသတ်တွေက ” မိုအာနာ “လေးလို့ ချစ်စနိုး ခေါ်လေ့ရှိကြပြီး ပရိသတ်တွေရဲ့ အသည်းကို လှုပ်ကိုင် ဆွဲဆောင်သိမ်းပိုက်ထားနိုင်တဲ့ ” မိုအာနာ “လေးဟာ ရန်ကုန်မှာမွေးပြီး မန္တလေးမှာ နေထိုင်သူလေးဖြစ်ပါတယ်။ သူမ အသက်ကြီးလာရင်လည်း မော်ဒယ်သရုပ်ဆောင်လုပ်မှာလို့လည်း သိရပြီး မကြာသေးမီကလည်း အနုပညာပိုင်းမှာ အရွယ်နဲ့မလိုက်အောင်ထူးချွန်တဲ့ သွန်းမြတ်ကြယ်စင်လေးကတော့ ” ကျွန်တော့်ရဲ့သူ ” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ မိုးဟေကို တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့ပါသေးတယ်။

လက်ရှိမှာလည်း Miss Supranational Myanmar ( 2019 ) သရဖူပေးအပ်ပွဲအခမ်းအနားမှာ သွန်းမြတ်ကြယ်စင်လေးက မှုံရွှေရည် အကလေးနဲ့ တင်ဆက်ဖျော်ဖြေခဲ့တယ်လို့သိရပါတယ်။ လူကြီးလေးတစ်ယောက်လို မြန်မာအကကို ကျွမ်းကျွမ်းကျင်ကျင်ကပြခဲ့တာကြောင့် ပရိသတ်တွေအံ့သြကာ ချီးကျူးခဲ့ရတယ်လို့ဆိုရမှာပါ။ ချစ်စရာကောင်းလွန်းတဲ့ မျက်နှာထားလေးနဲ့ အမူအရာဟန်ပန်အပြည့်နဲ့ ဖျော်ဖြေခဲ့တာကြောင့် ပွဲကြည့်ပရိသတ်တွေကတောင် သဘောကျလို့ ပန်းစည်းတွေချီးမြှင့်ခဲ့ရတဲ့အထိပါပဲနော်။CeleGabar ပရိသတ်ကြီးလည်း ချစ်စရာကောင်းပြီး အနုပညာကိုဝါသနာပါလွန်းတဲ့ သွန်းမြတ်ကြယ်စင်လေးရဲ့ အကဗီဒီယိုဖိုင်လေးကိုကြည့်ပြီးမှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source: Thoon Myat Kyal Sin
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” Miss Supranational Myanmar ( 2019 ) သရဖူေပးအပ္ပြဲအခမ္းအနားမွာ မႈံေ႐ႊရည္ အကေလးနဲ႔ တင္ဆက္ေဖ်ာ္ေျဖခဲ့တဲ့ သြန္းျမတ္ၾကယ္စင္ေလးရဲ႕ ဗီဒီယိုဖိုင္ ”

ျမန္မာႏိုင္ငံရဲ႕ အသက္အငယ္ဆုံး Miss ေလးျဖစ္တဲ့ ခ်စ္စရာေကာင္းလြန္းတဲ့ သမီးေလး သြန္းျမတ္ၾကယ္စင္ကိုေတာ့ ခ်စ္ပရိသတ္ႀကီးတို႔နဲ႔ အထူးတလည္ မိတ္ဆက္ေပးစရာ မလိုေတာ့ပါဘူးေနာ္ ။ အသက္ငယ္ငယ္ေလးနဲ႔ Little Miss Supranational Myanmar သရဖူဆုကို အသက္( ၄) ႏွစ္အ႐ြယ္ေလးနဲ႔ ဆြတ္ခူးရရွိထားတဲ့အျပင္ ပရိသတ္ေတြရဲ႕ အခ်စ္ကို ပိုပိုရရွိေနတဲ့အခ်က္ေလးကေတာ့ အသည္းယားစဖြယ္ ခ်စ္စရာေကာင္းတဲ့ ပုံရိပ္ေလးေတြနဲ႔အတူTikTok လးေတြကို ေဆာ့ေလ့ရွိတာေၾကာင့္ပဲ ျဖစ္ပါတယ္။

သြန္းျမတ္ၾကယ္စင္ေလးကို ပရိသတ္ေတြက ” မိုအာနာ “ေလးလို႔ ခ်စ္စႏိုး ေခၚေလ့ရွိၾကၿပီး ပရိသတ္ေတြရဲ႕ အသည္းကို လႈပ္ကိုင္ ဆြဲေဆာင္သိမ္းပိုက္ထားႏိုင္တဲ့ ” မိုအာနာ “ေလးဟာ ရန္ကုန္မွာေမြးၿပီး မႏၲေလးမွာ ေနထိုင္သူေလးျဖစ္ပါတယ္။ သူမ အသက္ႀကီးလာရင္လည္း ေမာ္ဒယ္သ႐ုပ္ေဆာင္လုပ္မွာလို႔လည္း သိရၿပီး မၾကာေသးမီကလည္း အႏုပညာပိုင္းမွာ အ႐ြယ္နဲ႔မလိုက္ေအာင္ထူးခြၽန္တဲ့ သြန္းျမတ္ၾကယ္စင္ေလးကေတာ့ ” ကြၽန္ေတာ့္ရဲ႕သူ ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ေနတိုး၊ မိုးေဟကို တို႔ႏွင့္အတူ ပါဝင္သ႐ုပ္ေဆာင္႐ိုက္ကူးခဲ့ပါေသးတယ္။

လက္ရွိမွာလည္း Miss Supranational Myanmar ( 2019 ) သရဖူေပးအပ္ပြဲအခမ္းအနားမွာ သြန္းျမတ္ၾကယ္စင္ေလးက မႈံေ႐ႊရည္ အကေလးနဲ႔ တင္ဆက္ေဖ်ာ္ေျဖခဲ့တယ္လို႕သိရပါတယ္။ လူႀကီးေလးတစ္ေယာက္လို ျမန္မာအကကို ကၽြမ္းကၽြမ္းက်င္က်င္ကျပခဲ့တာေၾကာင့္ ပရိသတ္ေတြအံ့ၾသကာ ခ်ီးက်ဴးခဲ့ရတယ္လို႕ဆိုရမွာပါ။ ခ်စ္စရာေကာင္းလြန္းတဲ့ မ်က္ႏွာထားေလးနဲ႕ အမူအရာဟန္ပန္အျပည့္နဲ႕ ေဖ်ာ္ေျဖခဲ့တာေၾကာင့္ ပြဲၿကည့္ပရိသတ္ေတြကေတာင္ သေဘာက်လို႕ ပန္းစည္းေတြခ်ီးျမွင့္ခဲ့ရတဲ့အထိပါပဲေနာ္။CeleGabar ပရိသတ္ႀကီးလည္း ခ်စ္စရာေကာင္းၿပီး အႏုပညာကိုဝါသနာပါလြန္းတဲ့ သြန္းျမတ္ၾကယ္စင္ေလးရဲ႕ အကဗီဒီယိုဖိုင္ေလးကိုၾကည့္ၿပီးမွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source: Thoon Myat Kyal Sin
Shwe Poe – CeleGabar
ေဇာ္ဂ်ီဗားရွင္း

error: Content is protected !!