“ရိုးမပေါ်ကကျတဲ့မျက်ရည်” ဇာတ်ကားကြီးရဲ့ပွဲမှာ (၁၉၈၀)စတိုင်ဘယ်လိုဝတ်စုံဝတ်ရမလဲ ခေါင်းခြောက်နေတဲ့ မေမြင့်မိုရ်

“ရိုးမပေါ်ကျတဲ့မျက်ရည်”ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မကြာခင်မှာရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကိုတော့ (၄.၁၁.၁၉)နေ့မှာ စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်မှာဖြစ်ပြီး ထူးခြားတဲ့ ဖိတ်စာဒီဇိုင်းက ပရိသတ်ရဲ့အမြင်ကိုတစ်မျိုးဆန်းစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ပွဲတက်ရောက်မည့်သူတွေကိုလည်း (၁၉၈၀)ပြည့်နှစ်က အဝတ်အစားဒီဇိုင်းအတိုင်းတက်ရောက်ဖို့ပြောကြားထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း မေလေးတစ်ယောက် ဘယ်လိုပုံစံဝတ်ရင်ကောင်းမလဲ ခေါင်းခြောက်နေတာပေါ့နော်။ ဒီဇာတ်ကားမှာဆိုရင် မေမြင့်မိုရ်ကိုငယ်ဘဝမှာဆေးထိုးမှားခဲ့တဲ့အတွက် ခြေထောက်မသန်သူတစ်ယာက်အဖြစ်နဲ့ သရုပ်ဆောင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။

မေမြင့်မိုရ်ဟာဆိုရင် ပရိသတ်နဲ့အထူးမိတ်ဆက်ပေးစရာမလိုလောက်အောင် အောင်မြင်မှုလမ်းကြောင်းပေါ်အချိန်တိုအတွင်းရောက်လာတာဖြစ်ပြီး ဇာတ်လမ်းတွဲများစွာအပြင် ဇာတ်ကားကြီးတွေပါ ရိုက်ကူးလာရတာဖြစ်ပါတယ်။မကြာသေးမီက ရုံတင်ပြသခဲ့တဲ့ ကမ္ဘာနှစ်ထပ်ဇာတ်ကားမှာလည်း ပါဝင်ခဲ့ပြီး ထူးအောင်၊ကောင်းမြတ်စံတို့နဲ့အတူ “ပျောက်ဆုံးနေသော အမှန်တရား”ဇာတ်လမ်းတွဲမှာ အတွဲညီစွာသရုပ်ဆောင်ပြီးနောက်မှာတော့ အခုလာမယ့် “ရိုးမပေါ်က မျက်ရည်”ဇာတ်ကားကြီးမှာ သူတို့သုံးယောက်ကို ပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားဟာဆိုရင်(၁၉၈၀)ခုနှစ်က ဖြစ်ရပ်တစ်ခုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ဝါရင့်သရုပ်ဆောင်တွေနဲ့ တက်သစ်စအနုပညာရှင်တို့ ပေါင်းစပ်ဖန်တီးထားတဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ဒိတ်ဒိတ်ကြဲ အနုပညာရှင်များဖြစ်တဲ့ ခိုင်သင်းကြည်၊အိန္ဒြာကျော်ဇင်၊မြင့်မြတ်တို့သာမက အောင်ရေချမ်း၊ထူးအောင်၊ကောင်းမြတ်စံ၊မေမြင့်မိုရ်တို့ပါ ပါဝင်ထားတာကြောင့် ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဇာတ်ကားတစ်ခုလည်းဖြစ်ပါတယ်။
Source – May Myint Mo
Rainbow – Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်




Source – May Myint Mo
Rainbow – Cele Gabar

error: Content is protected !!