“ငွေပန်းချီပြီးပြီဆိုတော့ နောက်လာမယ့် ဇာတ်လမ်းက ဘာလဲလို့ ပရိသတ်ကိုမေးခွန်းထုတ်ထားတဲ့ မေမီကိုကို”

ပရိသတ်တွေ အားပေးမှုကို ရရှိခဲ့တဲ့ “တတိယမြောက်ဆုံမှတ်”ဇာတ်လမ်းတွဲကတော့ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာဆိုရင် ဟိန်းထက်၊ရှင်မွေလ၊စောမင်းယျာ၊မြတ်သူသူ၊မေမီကိုကို၊ဂျာဆိုင်းအိန်နဲ့ အင်ကြင်းထူးတို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ မေမီကိုကိုဟာ ငွေပန်းချီဆိုတဲ့ ရဲမေတစ်ယောက်နေရာကနေ ပိုင်နိုင်စွာသရုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်ရဲ့အားပေးမှုကိုရရှိခဲ့တာဖြစ်ပါတယ်။

မေမီကိုကိုဟာ လက်ရှိအချိန်မှာ ဇာတ်လမ်းတွဲပေါင်းများစွာရိုက်ကူးထားခဲ့ပြီး ပရိသတ်ရဲ့အားပေးမှုနဲ့ထပ်တူကျခဲ့တဲ့ ဇာတ်ကားလေးကတော့ “ပျားရည်ချို” ဇာတ်လမ်းတွဲက “မြိုင်” ဆိုတဲ့ဇာတ်ကောင်လေးနဲ့ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲပေါင်းများစွာမှာ ဇာတ်ကောင်စရိုက်နဲ့အညီ ပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် Star Awards ဆုပေးပွဲမှာ Best Actress Award ကိုရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း “ဂျီဟောသူ” ဇာတ်လမ်းတွဲ မှာ “ညိုထွေး”နေရာကနေ ပါဝင်ရိုက်ကူးနေတာဖြစ်ပါတယ်။

ပရိသတ်ရင်ထဲမှာ အခိုင်အမာနေရာတစ်ခုရရှိနေပြီဖြစ်တဲ့ မေမီကိုကိုဟာ “တတိယမြောက်ဆုံမှတ်”ဇာတ်ကားပြီးတဲ့နောက်မှာတော့ နောက်ထပ်ထုတ်လွှင့်မယ် ဇာတ်လမ်းတွဲအသစ်တစ်ခုမှာ ထပ်မံပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းတွဲရဲ့ နာမည်ကိုတော့ မေမီကိုချစ်တဲ့ပရိသတ်တွေကတော့ သိမှာပဲဆိုပြီး “ ငွေပန်းချီပြီးသွားရင် ဘယ်ဇာတ်လမ်းမှာ ဘာကာရိုက်တာနဲ့ ဘယ်နှလပိုင်းကျလာဖို့ရှိလဲ တကယ်ချစ်တဲ့သူဆိုဖြေနိုင်မှာပဲ” ဆိုပြီး မေးထားတာဖြစ်ပါတယ်။ မြိုင်ကိုချစ်တဲ့ ပရိသတ်ကြီး ဖြေပေးခဲ့ပါဦးနော်။
Source – May Mi Ko Ko
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ေငြပန္းခ်ီျပီးျပီဆိုေတာ့ ေနာက္လာမယ့္ ဇာတ္လမ္းက ဘာလဲလို႔ ပရိသတ္ကိုေမးခြန္းထုတ္ထားတဲ့ ေမမီကိုကို”

ပရိသတ္ေတြ အားေပးမွုကို ရရွိခဲ့တဲ့ “တတိယေျမာက္ဆံုမွတ္”ဇာတ္လမ္းတြဲကေတာ့ ျပီးဆံုးသြားျပီျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲမွာဆိုရင္ ဟိန္းထက္၊ရွင္ေမြလ၊ေစာမင္းယ်ာ၊ျမတ္သူသူ၊ေမမီကိုကို၊ဂ်ာဆိုင္းအိန္နဲ႔ အင္ၾကင္းထူးတို႔က ပါ၀င္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။ ေမမီကိုကိုဟာ ေငြပန္းခ်ီဆိုတဲ့ ရဲေမတစ္ေယာက္ေနရာကေန ပိုင္ႏိုင္စြာသရုပ္ေဆာင္ထားတာျဖစ္ျပီး ပရိသတ္ရဲ႕အားေပးမွုကိုရရွိခဲ့တာျဖစ္ပါတယ္။

ေမမီကိုကိုဟာ လက္ရွိအခ်ိန္မွာ ဇာတ္လမ္းတြဲေပါင္းမ်ားစြာရိုက္ကူးထားခဲ့ျပီး ပရိသတ္ရဲ႕အားေပးမွုနဲ႔ထပ္တူက်ခဲ့တဲ့ ဇာတ္ကားေလးကေတာ့ “ပ်ားရည္ခ်ိဳ” ဇာတ္လမ္းတြဲက “ျမိဳင္” ဆိုတဲ့ဇာတ္ေကာင္ေလးနဲ႔ျဖစ္ပါတယ္။ ဇာတ္လမ္းတြဲေပါင္းမ်ားစြာမွာ ဇာတ္ေကာင္စရုိက္နဲ႔အညီ ပီျပင္စြာသရုပ္ေဆာင္ႏုိင္တာေၾကာင့္ Star Awards ဆုေပးပြဲမွာ Best Actress Award ကိုရရွိခဲ့တာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာလည္း “ဂ်ီေဟာသူ” ဇာတ္လမ္းတြဲ မွာ “ညိဳေထြး”ေနရာကေန ပါ၀င္ရိုက္ကူးေနတာျဖစ္ပါတယ္။

ပရိသတ္ရင္ထဲမွာ အခိုင္အမာေနရာတစ္ခုရရွိေနျပီျဖစ္တဲ့ ေမမီကိုကိုဟာ “တတိယေျမာက္ဆံုမွတ္”ဇာတ္ကားျပီးတဲ့ေနာက္မွာေတာ့ ေနာက္ထပ္ထုတ္လႊင့္မယ္ ဇာတ္လမ္းတြဲအသစ္တစ္ခုမွာ ထပ္မံပါ၀င္ထားပါေသးတယ္။ ဇာတ္လမ္းတြဲရဲ႕ နာမည္ကိုေတာ့ ေမမီကိုခ်စ္တဲ့ပရိသတ္ေတြကေတာ့ သိမွာပဲဆိုျပီး “ ေငြပန္းခ်ီျပီးသြားရင္ ဘယ္ဇာတ္လမ္းမွာ ဘာကာရုိက္တာနဲ႔ ဘယ္ႏွလပိုင္းက်လာဖို႔ရွိလဲ တကယ္ခ်စ္တဲ့သူဆိုေျဖႏိုင္မွာပဲ” ဆိုျပီး ေမးထားတာျဖစ္ပါတယ္။ ျမိဳင္ကိုခ်စ္တဲ့ ပရိသတ္ၾကီး ေျဖေပးခဲ့ပါဦးေနာ္။
Source – May Mi Ko Ko
Rainbow- Cele Gabar

error: Content is protected !!