“ပရိသတ်တွေကို အချစ်ပိုနေတဲ့ ဖွေးစိန်နဲ့ဒေါင်းတို့ရဲ့ ဗီဒီယိုဖိုင်လေး”

ဒီနေ့ လူမှုကွန်ရက်စာမျက်နှာမှာ ပရိသတ်တွေ သဘောကျနှစ်သက်နေတဲ့ ဗီဒီယိုလေးတစ်ခုကို CeleGabar ပရိသတ်ကြီးတွေအတွက်ဖော်ပြပေးချင်ပါတယ်။အဲ့ဒီဗီဒီယိုဖိုင်လေးကတော့ ပရိသတ်အချစ်တော်ဖွေးစိန်လေးနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားချောလေး ဒေါင်း တို့ရဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ဗီဒီယိုဖိုင်လေးထဲမှာ ဖွေးစိန်လေးနဲ့ ဒေါင်းတို့နှစ်ယောက်က တမူထူးခြားတဲ့ ပုံစံလေးတွေနဲ့ ကနေတာပဲဖြစ်ပါတယ်။

ဖွေးစိန်လေးနဲ့ ဒေါင်းတို့ ချစ်စရာကောင်းလောက်အောင် ကနေတဲ့ ဗီဒီယိုဖိုင်လေးကို ဒေါင်းကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ သူတို့ နှစ်ယောက်လုံးရဲ့ ကနေတဲ့ ပုံလေးကို အလွန်ကြိုက်နှစ်သက်သဘောကျနေတာဖြစ်ပြီး နှစ်ယောက်လုံးကို အရမ်းကြိုက်ပြီး ချစ်ခင်အားပေးနေကြောင်းတွေကိုလည်း ကွန်းမန့်မှာပြောဆိုထားကြပါသေးတယ်။လက်ရှိမှာတော့ မင်းသားချောလေးဒေါင်းနဲ့ မင်းသမီးချောလေး ဖွေးစိန်တို့ဟာ “Love Equation”ရုပ်ရှင်ဇာတ်ကားကြီးကို အတူတူရိုက်ကူးနေတာဖြစ်ပြီး

အခုပရိသတ်တွေ သဘောကျနေတဲ့ ဗီဒီယိုဖိုင်လေးဟာလည်း ဒီဇာတ်ကားရိုက်ကွင်းရဲ့ အားလပ်ချိန်မှာ နှစ်ယောက်အတူတူရိုက်ကူးထားတာလည်းဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးတွေရော ဖွေးစိန်လေးနဲ့ မင်းသားချောလေး ဒေါင်းတို့ ရဲ့ ဗီဒီယိုလေးကို သဘောကျရဲ့လား။ မကြည့်ရသေးတဲ့ ပရိသတ်ကြီးတွေအတွက်လည်း ကြည့် ရှုလို့ရအောင်ဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်။


Source : DAUNG – ဒေါင်း
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။





Source : DAUNG – ဒေါင်း
Chilli – CeleGabar

error: Content is protected !!