“မနက်(၇)နာရီကနေ နောက်တစ်နေ့မနက်(၄)နာရီထိ ရိုက်ကွင်းမှာ အလုပ်ကြိုးစားခဲ့တဲ့ တုတုလေး”

တုတုလေးကတော့ အလုပ်တွေအရမ်းကြိုးစားနေပြီနော်။ လက်ရှိမှာ MRTV-4 ဇာတ်လမ်းတစ်ခုဖြစ်တဲ့ “အချစ်ဆစ်ဂနယ်”မှာ FA တစ်ယောက်အနေနဲ့သရုပ်ဆောင်ထားတာဖြစ်ပြီး ရိုက်ကူးရေးအတွက် အလုပ်ရှုပ်နေတာဖြစ်ပါတယ်။ ဆောင်းဝတ်ရည်မေကိုဆိုရင် ပရိသတ်ရင်ထဲထိရောက်အောင် လှုပ်ခါနိုင်ခဲ့တဲ့ “ချစ်ခြင်းတရားတို့ရှိရာ” ဇာတ်လမ်းတွဲထဲက “သက်သက်ဇော်”ဆိုတဲ့နာမည်လေးနဲ့တွဲမြင်ကြမှာပါ။

 

ပရိသတ်အချို့ကလည်းချစ်စနိုးနဲ့ “တုတု”လို့ခေါ်ကြပြီး ဒီနာမည်လေးကိုတော့ ရုပ်ရှင် သက်တမ်းစိန်ရတုပြည့်နှစ်မှာမွေးလို့ အိမ်နာမည် စိန်ရတုကနေ ရတု (သို့) တုတုလို့ ချစ်ရသူတွေက ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။ အမာခံပရိသတ်အင်အားတောင့်တင်းတဲ့ တုတုလေးဟာ မကြာသေးမီကပြီးခဲ့တဲ့မွေးနေ့ပွဲမှာလည်း မွေးနေ့အကြိုအဖြစ် ချစ်ပရိသတ်တွေရဲ့ စီစဉ်ပေးမှုနဲ့အတူ ဗဟန်းမြို့နယ်၊ကျောင်းကြီးကျောင်းမှာ အလှူပြုလုပ်ခဲ့ပြီး မွေးနေ့မှာလည်းပရိသတ်တွေနဲ့အတူ ရွှေတိဂုံဘုရားမှာ ဆီမီးထွန်းညှိပူဇော်ပြီး အချိန်ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ MRTV-4 ဇာတ်လမ်းတစ်ခုဖြစ်တဲ့ “အချစ်ဆစ်ဂနယ်”မှာ FA တစ်ယောက်အနေနဲ့သရုပ်ဆောင်ထားတာဖြစ်ပြီး ရိုက်ကူးရေးအတွက် အလုပ်ရှုပ်နေတာဖြစ်ပါတယ်။ အလုပ်ကြိုးစားတဲ့တုတုလေးဟာ ဧည့်ကြိုဇာတ်ဝင်ခန်းသရုပ်ဆောင်ဖို့အတွက် မနက် (၇) နာရီထဲက ရောက်ရှိနေတာဖြစ်ပြီး နောက်တစ်နေ့မနက် (၄)နာရီမှပြီးတဲ့အကြောင်းကို “ဒီ Receptionist girl အလုပ်အရမ်းကြိုးစားတယ်နော်..မနက်(၇)နာရီထဲက အလုပ်စဝင်လိုက်တာ နောက်နေ့မနက် (၄)နာရီမှ အလုပ်ဆင်းပေးတယ်နော်…ကဲ ဘယ်လိုလဲ ဒီလောက်အလုပ်ကြိုးစားတဲ့ အလုပ်သမားလေးကို အလုပ်ခန့်ချင်နေကြပြီမလား” ဆိုပြီး သူရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာရေးသားခဲ့တာဖြစ်ပါတယ်။
Source – Hsaung WutYee May
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်




Rainbow- Cele Gabar

error: Content is protected !!