” တစ်နာရီအတွင်း ရောင်းကုန်သွားတဲ့အထိ ကြိုတင်လက်မှတ်ဝယ်ယူ အားပေးမှုကြမ်းတဲ့ “Now and Ever” ရုပ်ရှင်ဇာတ်ကားရဲ့ ပရိသတ်များ “

“Now and Ever” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ကြိုတင်လက်မှတ်ရောင်းချတဲ့ နေ့မှာတင် ရုပ်ရှင်ရုံအချို့မှာ လက်မှတ်တွေ တစ်နာရီအတွင်း ရောင်းကုန်သွားခဲ့တယ်လို့ သိရပါတယ်။ “Now and Ever” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဒါရိုက်တာ ခရစ္စတီးနားခီက “ကြိုတင်လက်မှတ် ရောင်းတာတနာရီအတွင်း တချို့ရုံတွေလက်မှတ် sold out ဖြစ်အောင် အားပေးကြမ်းတဲ့အချစ်တို့ရေ…အာဘွား တသိန်း ပါနော်။” ဆိုပြီး သူရဲ့လူမှုကွန်ရက် စာမျက်နာမှာ ဝမ်းသာစကား ဆိုထားပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ တတိယမြောက် ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “Now and Ever” ရုပ်ရှင်ဇာတ်ကားကြီးက စတင် ရိုက်ကူးခဲ့စဉ်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ ဒါရိုက်တာ ခရစ္စတီးနားခီဟာ “ဥပါယ်တံမျဉ်”၊ “မုဒြာခေါ်သံ” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့လည်း အောင်မြင်မှုရရှိခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေမှာ ပြသနိုင်တဲ့ထိကို အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ဒီရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ပရိသတ်အချစ်တော် မင်းသားချော ဇဏ်ခီ နဲ့ နိုင်ငံကျော် မင်းသမီးချောလေး ပိုင်ဖြိုးသုတို့ရဲ့ လိုက်ဖက်ညီစွာ သရုပ်ဆောင်ချက်တွေကတော့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Press Show အပြီးမှာတော့ ပရိသတ်အကြား ပြောမဆုံးခဲ့တာ အမှန်ပါပဲ။

“Now and Ever” ရုပ်ရှင်ဇာတ်ကားကြီး ကတော့ အောက်တိုဘာလ (၃၁)ရက်နေ့မှာ တစ်နိုင်ငံလုံးမှာရုံတင်ပြသသွားမှာ ဖြစ်ပြီး ယခုအချိန်ကတည်းက ရုပ်ရှင်တချို့ရဲ့ ကြိုတင်လက်မှတ်ဝယ်ယူခဲ့ကြတာ ရောင်ကုန်တဲ့အထိပါပဲနော်။CeleGabar ပရိသတ်ကြီးရော “Now and Ever” ရုပ်ရှင်ဇာတ်ကားကြီး ကိုကြည့်ရှူဖို့ ကြိုတင်လက်မှတ်တွေဝယ်ယူပြီးကြပြီလား။

Source: Christina Kyi
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

” တစ္နာရီအတြင္း ေရာင္းကုန္သြားတဲ့အထိ ႀကိဳတင္လက္မွတ္ဝယ္ယူ အားေပးမႈၾကမ္းတဲ့ “Now and Ever” ႐ုပ္ရွင္ဇာတ္ကားရဲ႕ ပရိသတ္မ်ား ”

“Now and Ever” ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ႀကိဳတင္လက္မွတ္ေရာင္းခ်တဲ့ ေန႔မွာတင္ ႐ုပ္ရွင္႐ုံအခ်ိဳ႕မွာ လက္မွတ္ေတြ တစ္နာရီအတြင္း ေရာင္းကုန္သြားခဲ့တယ္လို႔ သိရပါတယ္။ “Now and Ever” ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ ဒါ႐ိုက္တာ ခရစၥတီးနားခီက “ႀကိဳတင္လက္မွတ္ ေရာင္းတာတနာရီအတြင္း တခ်ိဳ႕႐ုံေတြလက္မွတ္ sold out ျဖစ္ေအာင္ အားေပးၾကမ္းတဲ့အခ်စ္တို႔ေရ…အာဘြား တသိန္း ပါေနာ္။” ဆိုၿပီး သူရဲ႕လူမႈကြန္ရက္ စာမ်က္နာမွာ ဝမ္းသာစကား ဆိုထားပါတယ္။

ဒါ႐ိုက္တာ ခရစၥတီးနားခီရဲ႕ တတိယေျမာက္ ႐ုံတင္႐ုပ္ရွင္ဇာတ္ကားႀကီးျဖစ္တဲ့ “Now and Ever” ႐ုပ္ရွင္ဇာတ္ကားႀကီးက စတင္ ႐ိုက္ကူးခဲ့စဥ္ကတည္းက ပရိသတ္ေတြရဲ႕ စိတ္ဝင္စားျခင္းကို ခံေနရတာ ျဖစ္ပါတယ္။ ဒါ႐ိုက္တာ ခရစၥတီးနားခီဟာ “ဥပါယ္တံမ်ဥ္”၊ “မုျဒာေခၚသံ” စတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြနဲ႔လည္း ေအာင္ျမင္မႈရရွိခဲ့ၿပီး အိမ္နီးခ်င္းႏိုင္ငံေတြမွာ ျပသႏိုင္တဲ့ထိကို ေအာင္ျမင္ခဲ့တာပဲ ျဖစ္ပါတယ္။ဒီ႐ုပ္ရွင္ဇာတ္ကားႀကီးမွာေတာ့ ပရိသတ္အခ်စ္ေတာ္ မင္းသားေခ်ာ ဇဏ္ခီ နဲ႔ ႏိုင္ငံေက်ာ္ မင္းသမီးေခ်ာေလး ပိုင္ၿဖိဳးသုတို႔ရဲ႕ လိုက္ဖက္ညီစြာ သ႐ုပ္ေဆာင္ခ်က္ေတြကေတာ့ ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ Press Show အၿပီးမွာေတာ့ ပရိသတ္အၾကား ေျပာမဆံုးခဲ့တာ အမွန္ပါပဲ။

“Now and Ever” ႐ုပ္ရွင္ဇာတ္ကားႀကီး ကေတာ့ ေအာက္တိုဘာလ (၃၁)ရက္ေန႔မွာ တစ္ႏိုင္ငံလံုးမွာရံုတင္ျပသသြားမွာ ျဖစ္ၿပီး ယခုအခ်ိန္ကတည္းက ႐ုပ္ရွင္တခ်ိဳ႕ရဲ႕ ႀကိဳတင္လက္မွတ္၀ယ္ယူခဲ့ၾကတာ ေရာင္ကုန္တဲ့အထိပါပဲေနာ္။CeleGabar ပရိသတ္ႀကီးေရာ “Now and Ever” ႐ုပ္ရွင္ဇာတ္ကားႀကီး ကိုၾကည့္ရွဴဖို႔ ႀကိဳတင္လက္မွတ္ေတြ၀ယ္ယူၿပီးၾကၿပီလား။

error: Content is protected !!