” အမေနဲ့နှစ်ယောက်ထဲ ပျော်ပျော်ရွှင်ရွှင်အပန်းဖြေဒိတ်လုပ်ခဲ့တဲ့ မြတ်နိုးအေး “

မင်းသမီးသစ်လေး မြတ်နိုးအေးကတော့ လက်တလောမှာ သူရဲ့အမေနဲ့နှစ်ယောက်ထဲ အပန်းဖြေ ဒိတ်လုပ်ခဲ့ကာ အရမ်းပျော်ရွှင်ခဲ့ကြောင်းကို ” Staycation တစ်ရက် လုပ်ကြမယ်ဆိုပြီး ပြောထားတာကြာပြီ ! အဲ့ဒါနဲ့ လိပ်ပြာ ဇာတ်လမ်းတွဲ premiere ရော shooting တွေရော ရှိနေတဲ့ တစ်ရက်ကို ကိုယ့်အကြံနဲ့ကိုယ် တစ်ချက်ခုတ် သုံးချက်ပြတ် ဖြစ်သွားအောင် သွားနေကြမယ်ပေါ့ ! အဲ့မှာ မာမီမားသားက မေးရော “ဟယ် အမေများနေ့ရောက်ပြီလား”တဲ့ သူ့ကို Mother’s Day Celebration လုပ်ဖို့ ပြောဖူးတာကိုး အဲ့တာနဲ့ ဘယ်ရမလဲ ရောချတာပေါ့ ဟုတ်တယ် လာ သွားကြမယ် My Treat ဆိုပြီး သားအမိနှစ်ယောက် ပျော်ပျော်ကြီး Staycation လုပ်ကြတယ်ပေါ့နော် ပဲများတဲ့ အမေဆိုတော့လဲ ကိုယ်က သူ့ကို ဓာတ်ပုံတွေ ပိုရိုက်ပေးခဲ့ရတယ်။ သူ ပျော်နေဖို့ အရေးကြီးပါတယ်လေ။ အမေ ပိုချောတယ် မပြောရ ” ဆိုကာ အမှတ်တရပုံရိပ်လေးတွေနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှခဲ့တာပါ။

သရုပ်ဆောင်မင်းသမီးသစ်လေး မြတ်နိုးအေးကတော့ သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားမှာ “ကေသီ” ဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်တွေ တခဲနက်အားပေးမှုကို ရရှိခဲ့တာသူလေးပါ။သူစိမ်းအိမ်ဇာတ်ကားမှာ သူမရဲ့ ဇာတ်ကောင်ကတော့ ဖွေးစိန်လေးရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး သရဲကြောက်တတ်တဲ့ ကောင်မလေးအဖြစ် ပီပြင်စွာ သရုပ်ဖော်နိုင်ခဲ့တာကြောင့် သရုပ်ဆောင်သစ်တစ်ယောက်လို့တောင်မထင်မှတ်ရလောက်အောင် ကေသီဆိုတဲ့ကာရိုက်တာလေးနဲ့ ပရိသတ်တွေ သတိထားမှတ်မိစေခဲ့တာပဲ ဖြစ်ပါတယ်။

ကေသီလေးကတော့ အနုပညာအလုပ်တွေဆက်တိုက် လုပ်ကိုင်လာပြီပဲ ဖြစ်ပြီး မကြာသေးမီကထွက်ရှိခဲ့တဲ့ ACID နဲ့ AR -T တို့ရဲ့ သီချင်းသစ်လေးဖြစ်တဲ့” တစ်ယောက်တစ်မျိုး ” သီချင်းMTV လေးမှာလည်း ပါဝင်သရုပ်ဆောင်ထားသေးပါတယ်။ပရိသတ်တော်တော်များများက ကိုရီးယားမင်းသမီးလေးနဲ့ တူတယ်လို့တောင်မှတ်ချက်ပေးခံရတဲ့သူလေးဖြစ်တဲ့အပြင် ယောကျာ်းလေးပရိသတ်တွေ သဘောကျအားပေးခံရသူလေး တစ်ဦးပါ။ လက်ရှိမှာလည်းလိပ်ပြာဇာတ်လမ်းတွဲမှာ မှုခင်းဆရာဝန်မလေးအဖြစ်ပါဝင်ထားပါတယ်။ CeleGabar ပရိသတ်ကြီးလည်း မြတ်နိုးအေးတို့ သားအမိရဲ့ ချစ်စရာ အမှတ်တရပုံရိပ်လေးတွေကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပါဦးနော်။

Source :Myat Noe Aye
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” အေမနဲ ႔ႏွစ္ေယာက္ထဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္အပန္းေျဖဒိတ္လုပ္ခဲ့တဲ့ ျမတ္ႏုိးေအး ”

မင္းသမီးသစ္ေလး ျမတ္ႏိုးေအးကေတာ့ လက္တေလာမွာ သူရဲ႕အေမနဲ႔ႏွစ္ေယာက္ထဲ အပန္းေျဖ ဒိတ္လုပ္ခဲ့ကာ အရမ္းေပ်ာ္႐ႊင္ခဲ့ေၾကာင္းကို ” Staycation တစ္ရက္ လုပ္ၾကမယ္ဆိုၿပီး ေျပာထားတာၾကာၿပီ ! အဲ့ဒါနဲ႔ လိပ္ျပာ ဇာတ္လမ္းတြဲ premiere ေရာ shooting ေတြေရာ ရွိေနတဲ့ တစ္ရက္ကို ကိုယ့္အႀကံနဲ႔ကိုယ္ တစ္ခ်က္ခုတ္ သုံးခ်က္ျပတ္ ျဖစ္သြားေအာင္ သြားေနၾကမယ္ေပါ့ ! အဲ့မွာ မာမီမားသားက ေမးေရာ “ဟယ္ အေမမ်ားေန႔ေရာက္ၿပီလား”တဲ့ သူ႔ကို Mother’s Day Celebration လုပ္ဖို႔ ေျပာဖူးတာကိုး အဲ့တာနဲ႔ ဘယ္ရမလဲ ေရာခ်တာေပါ့ ဟုတ္တယ္ လာ သြားၾကမယ္ My Treat ဆိုၿပီး သားအမိႏွစ္ေယာက္ ေပ်ာ္ေပ်ာ္ႀကီး Staycation လုပ္ၾကတယ္ေပါ့ေနာ္ ပဲမ်ားတဲ့ အေမဆိုေတာ့လဲ ကိုယ္က သူ႔ကို ဓာတ္ပုံေတြ ပို႐ိုက္ေပးခဲ့ရတယ္။ သူ ေပ်ာ္ေနဖို႔ အေရးႀကီးပါတယ္ေလ။ အေမ ပိုေခ်ာတယ္ မေျပာရ ” ဆိုကာ အမွတ္တရပံုရိပ္ေလးေတြနဲ႕အတူ သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ေဝမွ်ခဲ့တာပါ။

သ႐ုပ္ေဆာင္မင္းသမီးသစ္ေလး ျမတ္ႏိုးေအးကေတာ့ သူစိမ္းအိမ္႐ုပ္ရွင္ဇာတ္ကားမွာ “ေကသီ” ဆိုတဲ့ဇာတ္ေကာင္နဲ႔ ပရိသတ္ေတြ တခဲနက္အားေပးမႈကို ရရွိခဲ့တာသူေလးပါ။သူစိမ္းအိမ္ဇာတ္ကားမွာ သူမရဲ႕ ဇာတ္ေကာင္ကေတာ့ ေဖြးစိန္ေလးရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္ၿပီး သရဲေၾကာက္တတ္တဲ့ ေကာင္မေလးအျဖစ္ ပီျပင္စြာ သ႐ုပ္ေဖာ္ႏိုင္ခဲ့တာေၾကာင့္ သ႐ုပ္ေဆာင္သစ္တစ္ေယာက္လို႔ေတာင္မထင္မွတ္ရေလာက္ေအာင္ ေကသီဆိုတဲ့ကာ႐ိုက္တာေလးနဲ႔ ပရိသတ္ေတြ သတိထားမွတ္မိေစခဲ့တာပဲ ျဖစ္ပါတယ္။

ေကသီေလးကေတာ့ အႏုပညာအလုပ္ေတြဆက္တိုက္ လုပ္ကိုင္လာၿပီပဲ ျဖစ္ၿပီး မၾကာေသးမီကထြက္ရွိခဲ့တဲ့ ACID နဲ႔ AR -T တို႔ရဲ႕ သီခ်င္းသစ္ေလးျဖစ္တဲ့” တစ္ေယာက္တစ္မ်ိဳး ” သီခ်င္းMTV ေလးမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားေသးပါတယ္။ပရိသတ္ေတာ္ေတာ္မ်ားမ်ားက ကိုရီးယားမင္းသမီးေလးနဲ႔ တူတယ္လို႔ေတာင္မွတ္ခ်က္ေပးခံရတဲ့သူေလးျဖစ္တဲ့အျပင္ ေယာက်ာ္းေလးပရိသတ္ေတြ သေဘာက်အားေပးခံရသူေလး တစ္ဦးပါ။ လက္ရွိမွာလည္းလိပ္ျပာဇာတ္လမ္းတြဲမွာ မႈခင္းဆရာဝန္မေလးအျဖစ္ပါဝင္ထားပါတယ္။ CeleGabar ပရိသတ္ႀကီးလည္း ျမတ္ႏုိးေအးတို႕ သားအမိရဲ႕ ခ်စ္စရာ အမွတ္တရပံုရိပ္ေလးေတြကိုၾကည့္ၿပီး မွတ္ခ်က္တစ္ခုခုပါဦးေနာ္။

Source :Myat Noe Aye
Shwe Poe – CeleGabar

error: Content is protected !!