၀န်းရံသူတွေများသလိုဝေဖန်သူတွေများနေတဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲဝင် ဘရောင်း

ပရိသတ်တွေအကြီးအကျယ်အားပေးနေတဲ့ မြန်မာအိုင်ဒေါအစီအစဉ်ဟာ အခုဆိုရင်ပိုပိုပြီးစိတ်ဝင်စားစရာကောင်းလာနေပါပြီ။ပဏာမယှဉ်ပြိုင်မှုကနေလက်ရှိအချိန်အထိ ယှဉ်ပြိုင်ခဲ့ကြရာမှာလည်း ပြိုင်ပွဲဝင်အချို့ကတော့ မယုံနိုင်လောက်အောင်အားပေးကြမ်းတဲ့ပရိသတ်တွေကိုပိုင်ဆိုင်ထားတာပါ။ဒါ့အပြင် Top Finalist ထဲကို ပါဝင်လိမ့်မယ်လို့ ပရိသတ်တွေထင်ကြေးပေးခံနေရတဲ့သူတွေလည်းရှိပါတယ်။


အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားတဲ့ဘရောင်းကတော့ Top Finalist ထဲကိုပါဝင်လိမ့်မယ်လို့ခန့်မှန်းခြင်းခံထားရသူတစ်ယောက်ပါ။သူဟာပဏာမရွေးချယ်ယှဉ်ပြိုင်စဉ်ကတည်းက “ကျွန်တော်ကံကောင်းတယ် မနဲ့တွေ့ရတာ” သီချင်းကြောင့် လူသိများလာသူတစ်ယောက်ပါ။ဒိုင်မမတစ်ယောက်ဖြစ်တဲ့ ဖြူဖြူကျော်သိန်းက သဘောကျသလို ပရိသတ်တွေကလည်း ဝက်ဝက်ကွဲဝန်းရံအားပေးနေသူတစ်ယောက်ပါ။အခုဆိုရင် Golden Ticket Theater Round 1 နဲ့ 2 ကို ဖြတ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။


အခုအချိန်မှာတော့ အခိုင်အမာဝန်းရံသူတွေလည်းရှိနေသလို ဝေဖန်တဲ့သူတွေလည်း များပြားလာတယ်လို့ဆိုရမှာပါ။အထူးသဖြင့်နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ Golden Ticket Theater Round 2 မှာဆိုရင် ဒီအဆင့်မှာဆက်လက်မပါဝင်သင့်တော့ဘူးဆိုပြီးလူတော်တော်များများကဝေဖန်နေကြပါတယ်။ပရိသတ်တွေကတော့ မိမိသဘောကျနေတဲ့ အဆိုရှင်ကိုဝန်းရံအားပေးနေကြတော့အမျိုးမျိုးကွဲလွဲနေမှာပါ။ဒါကြောင့်ဘရောင်းတစ်ယောက် ဘယ်အဆင့်အထိပါဝင်လာဦးမလဲဆိုတာ ရင်ခုန်စရာပါပဲနော်….။
Source : ANyoYaung(Brown)
Moe – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

၀န္းရံသူေတြမ်ားသလိုေဝဖန္သူေတြမ်ားေနတဲ့ ျမန္မာအိုင္ေဒါၿပိဳင္ပြဲဝင္ ဘေရာင္း

ပရိသတ္ေတြအႀကီးအက်ယ္အားေပးေနတဲ့ ျမန္မာအိုင္ေဒါအစီအစဥ္ဟာ အခုဆိုရင္ပိုပိုၿပီးစိတ္ဝင္စားစရာေကာင္းလာေနပါၿပီ။ပဏာမယွဥ္ၿပိဳင္မႈကေနလက္ရွိအခ်ိန္အထိ ယွဥ္ၿပိဳင္ခဲ့ၾကရာမွာလည္း ၿပိဳင္ပြဲဝင္အခ်ိဳ႕ကေတာ့ မယုံႏိုင္ေလာက္ေအာင္အားေပးၾကမ္းတဲ့ပရိသတ္ေတြကိုပိုင္ဆိုင္ထားတာပါ။ဒါ့အျပင္ Top Finalist ထဲကို ပါဝင္လိမ့္မယ္လို႔ ပရိသတ္ေတြထင္ေၾကးေပးခံေနရတဲ့သူေတြလည္းရွိပါတယ္။


အမိုက္စားေဘာ္ဒီကိုပိုင္ဆိုင္ထားတဲ့ဘေရာင္းကေတာ့ Top Finalist ထဲကိုပါဝင္လိမ့္မယ္လို႔ခန႔္မွန္းျခင္းခံထားရသူတစ္ေယာက္ပါ။သူဟာပဏာမေ႐ြးခ်ယ္ယွဥ္ၿပိဳင္စဥ္ကတည္းက “ကြၽန္ေတာ္ကံေကာင္းတယ္ မနဲ႔ေတြ႕ရတာ” သီခ်င္းေၾကာင့္ လူသိမ်ားလာသူတစ္ေယာက္ပါ။ဒိုင္မမတစ္ေယာက္ျဖစ္တဲ့ ျဖဴျဖဴေက်ာ္သိန္းက သေဘာက်သလို ပရိသတ္ေတြကလည္း ဝက္ဝက္ကြဲဝန္းရံအားေပးေနသူတစ္ေယာက္ပါ။အခုဆိုရင္ Golden Ticket Theater Round 1 နဲ႔ 2 ကို ျဖတ္ေက်ာ္လာခဲ့ၿပီျဖစ္ပါတယ္။


အခုအခ်ိန္မွာေတာ့ အခိုင္အမာဝန္းရံသူေတြလည္းရွိေနသလို ေဝဖန္တဲ့သူေတြလည္း မ်ားျပားလာတယ္လို႔ဆိုရမွာပါ။အထူးသျဖင့္ေနာက္ဆုံးယွဥ္ၿပိဳင္ခဲ့တဲ့ Golden Ticket Theater Round 2 မွာဆိုရင္ ဒီအဆင့္မွာဆက္လက္မပါဝင္သင့္ေတာ့ဘူးဆိုၿပီးလူေတာ္ေတာ္မ်ားမ်ားကေဝဖန္ေနၾကပါတယ္။ပရိသတ္ေတြကေတာ့ မိမိသေဘာက်ေနတဲ့ အဆိုရွင္ကိုဝန္းရံအားေပးေနၾကေတာ့အမ်ိဳးမ်ိဳးကြဲလြဲေနမွာပါ။ဒါေၾကာင့္ဘေရာင္းတစ္ေယာက္ ဘယ္အဆင့္အထိပါဝင္လာဦးမလဲဆိုတာ ရင္ခုန္စရာပါပဲေနာ္….။
Source : ANyoYaung(Brown)
Moe – CeleGabar

error: Content is protected !!