“သားလေးကိုပုံပြင်ပြောရင် အပြင်မှာဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေနဲ့ သူကြိုက်တဲ့ကားတွေကို ဆက်စပ်ပြီး ပြောပြရတယ်ဆိုတဲ့ မယ်လိုဒီ”

မေမေ မယ်လိုဒီနဲ့သားလေး သိဒ္ဓိစစ်ကတော့ ဘာသာတရားရိုသေကိုင်းရှိုင်းသူတွေအဖြစ်နဲ့ ပရိသတ်ကြားမှာ အသိမှတ်ပြုခံထားရသူတွေဖြစ်ပါတယ်။ သားလေး သိဒ္ဓိစစ်ဟာ အရွယ်နဲ့မလိုက်အောင် လိမ္မာရေးခြားရှိပြီး ဖေဖေ၊မေမေအပေါ်ကို သိတတ်လွန်းတာကြောင့် လူကြီးလေးလို့ထင်ရအောင်တောင် ရင့်ကျက်တဲ့ကလေးလေးပေါ့နော်။

တစ်သားမွှေးပြီး တစ်သွေးလှနေတဲ့ မေမေမယ်လိုဒီဟာလည်း ချစ်စရာသားလေးနဲ့ ခင်ပွန်းနဲ့အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘဝလေးကို ဖြတ်သန်းနေတယ်ဆိုလည်းမမှားပါဘူး။ သားလေးဟာ ညအိပ်ရင် ပဋ္ဌာန်းဒေသနာတော် ရွတ်ပေးမှ အိပ်တတ်လို့လည်း မေမေ မယ်လိုဒီက ညတိုင်းရွတ်ပေးနေရတာပါနော်။ သားလေးနဲ့ ပတ်သက်တဲ့အကြောင်းတွေကိုလည်း နောင်တစ်ချိန် သားလေးပြန်ဖတ်ပြီး ကြည်နူးနိုင်အောင်ဆိုပြီး သူမရဲ့ဖေ့ဘုတ်စာမျက်နှာမှာရေးသားလေ့ရှိသူတစ်ယောက်ပါ။

ဒါ့အပြင် သားလေးက ညဘက်အိပ်ရင် ပဋ္ဌာန်းရွတ်ပေးရပြီး နေ့လည်အိပ်တဲ့ခါမှာတော့ သူ့ရဲ့တစ်ပတ်စာဖြစ်ပျက်ခဲ့သမျှအကြောင်းတွေကို သူကြိုက်တဲ့ကားလေးတွေနဲ့ဆက်စပ်ပြီး ပုံပြောပေးရတဲ့အကြောင်းကို “နေ့လည်ခင်းအိပ်ဖို့အရေး ပုံပြောပြပါတဲ့၊ ကားအကြောင်းပြောပြပါတဲ့၊အမလေး ဇာတ်လမ်းတွေထွင်ပြီး ပြောရတယ်၊ လုပ်ကြံဇာတ်လမ်းလဲ ပြောလို့မရဘူး…တစ်ပတ်စာ သူလုပ်ခဲ့သမျှအကြောင်းကို သူ့ကားလေးတွေနဲ့ဇာတ်လမ်းဆင်ရတာ လွယ်တော့မလွယ်ဘူး…ကျန်ခဲ့တာတွေလည်း ထောက်ပေးသေးတာ..သာသာယာယာအိပ်ပျော်သွားတော့ မေမေကပျော်တာပေါ့”ဆိုပြီး သူရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ မျှဝေခဲ့တာဖြစ်ပါတယ်။
Source – Melody Myo
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“သားေလးကိုပံုျပင္ေျပာရင္ အျပင္မွာျဖစ္ပ်က္ခဲ့တဲ့ အေၾကာင္းအရာေတြနဲ႔ သူၾကိဳက္တဲ့ကားေတြကို ဆက္စပ္ျပီး ေျပာျပရတယ္ဆိုတဲ့ မယ္လိုဒီ”

ေမေမ မယ္လိုဒီနဲ႔သားေလး သိဒၶိစစ္ကေတာ့ ဘာသာတရားရုိေသကိုင္းရွိုင္းသူေတြအျဖစ္နဲ႔ ပရိသတ္ၾကားမွာ အသိမွတ္ျပဳခံထားရသူေတြျဖစ္ပါတယ္။ သားေလး သိဒၶိစစ္ဟာ အရြယ္နဲ႔မလိုက္ေအာင္ လိမၼာေရးျခားရွိျပီး ေဖေဖ၊ေမေမအေပၚကို သိတတ္လြန္းတာေၾကာင့္ လူၾကီးေလးလို႔ထင္ရေအာင္ေတာင္ ရင့္က်က္တဲ့ကေလးေလးေပါ့ေနာ္။

တစ္သားေမႊးျပီး တစ္ေသြးလွေနတဲ့ ေမေမမယ္လိုဒီဟာလည္း ခ်စ္စရာသားေလးနဲ႕ ခင္ပြန္းနဲ႔အတူ သာယာေပ်ာ္ရႊင္္ဖြယ္ေကာင္းတဲ့ ဘ၀ေလးကို ျဖတ္သန္းေနတယ္ဆိုလည္းမမွားပါဘူး။ သားေလးဟာ ညအိပ္ရင္ ပ႒ာန္းေဒသနာေတာ္ ရြတ္ေပးမွ အိပ္တတ္လို႔လည္း ေမေမ မယ္လိုဒီက ညတုိင္းရြတ္ေပးေနရတာပါေနာ္။ သားေလးနဲ႔ ပတ္သက္တဲ့အေၾကာင္းေတြကိုလည္း ေနာင္တစ္ခ်ိန္ သားေလးျပန္ဖတ္ျပီး ၾကည္နူးႏိုင္ေအာင္ဆိုျပီး သူမရဲ႕ေဖ့ဘုတ္စာမ်က္နွာမွာေရးသားေလ့ရွိသူတစ္ေယာက္ပါ။

ဒါ့အျပင္ သားေလးက ညဘက္အိပ္ရင္ ပ႒ာန္းရြတ္ေပးရျပီး ေန႔လည္အိပ္တဲ့ခါမွာေတာ့ သူ႔ရဲ့တစ္ပတ္စာျဖစ္ပ်က္ခဲ့သမွ်အေၾကာင္းေတြကို သူၾကိဳက္တဲ့ကားေလးေတြနဲ႔ဆက္စပ္ျပီး ပံုေျပာေပးရတဲ့အေၾကာင္းကို “ေန႔လည္ခင္းအိပ္ဖုိ႔အေရး ပံုေျပာျပပါတဲ့၊ ကားအေၾကာင္းေျပာျပပါတဲ့၊အမေလး ဇာတ္လမ္းေတြထြင္ျပီး ေျပာရတယ္၊ လုပ္ၾကံဇာတ္လမ္းလဲ ေျပာလို႔မရဘူး…တစ္ပတ္စာ သူလုပ္ခဲ့သမွ်အေၾကာင္းကို သူ႔ကားေလးေတြနဲ႔ဇာတ္လမ္းဆင္ရတာ လြယ္ေတာ့မလြယ္ဘူး…က်န္ခဲ့တာေတြလည္း ေထာက္ေပးေသးတာ..သာသာယာယာအိပ္ေပ်ာ္သြားေတာ့ ေမေမကေပ်ာ္တာေပါ့”ဆိုျပီး သူရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာ မွ်ေ၀ခဲ့တာျဖစ္ပါတယ္။
Source – Melody Myo
Rainbow- Cele Gabar

error: Content is protected !!