“ကိုယ်တိုင်နှလုံးရောဂါခံစားဖူးတာကြောင့် နှလုံးခွဲစိတ်ရမယ့် ကလေးအတွက် အလှူငွေတွေလှူဒါန်းခဲ့တဲ့ ထက်ထက်မိုးဦး”

ပြည်သူ့အချစ်တော် နိုင်ငံကျော် မင်းသမီးဖြစ်တဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးဟာ ပင်လုံဆေးရုံမှာ နှလုံးရောဂါဝေဒနာကြောင့် ဆေးကုသမှုခံယူနေရတဲ့ မောင်ဟိန်းထက်ထက်ကို အလှူငွေ (၇)သိန်းကျပ်ကို သွားရောက်လှူဒါန်းခဲ့ပါတယ်။မောင်ဟိန်းထက်ထက်ကတော့ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် တကောကျေးရွာမှာနေထိုင်တာဖြစ်ပြီး အသက်အရွယ်အားဖြင့် (၁၅)နှစ်သာရှိပါသေးတယ်။

မောင်ဟိန်းထက်ထက်ဟာ နဝမတန်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ နှလုံးအဆို့ရှင် မလုံတာကြောင့် အရေးပေါ်ခွဲစိတ်ကုသမှုခံယူရမှာပါ။မောင်ဟိန်းထက်ထက်ရဲ့ မိဘတွေကတော့ ဆင်းရဲနွမ်းပါးလှတာကြောင့် ခွဲစိတ်ကုသမှုအတွက်ကို ငွေရေးကြေးရေးအခက်အခဲနဲ့ ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ထက်ထက်မိုးဦးကတော့ ကိုယ်တိုင်ကလည်း နှလုံးရောဂါဝေဒနာကို ခံစားခဲ့ရတာကြောင့်

အခုလို နှလုံးရောဂါကြောင့် ဝေဒနာခံစားနေရတဲ့ မောင်ဟိန်းထက်ထက်ကို ကိုယ်ချင်းစာပြီး သနားတာကြောင့် အခုလို အလှူငွေတွေကို သွားရောက်လှူဒါန်းခဲ့တာလို့လည်း သိရှိရပါတယ်။ထက်ထက်တစ်ယောက် လှူဒါန်းခဲ့တဲ့ အလှူငွေတွေဟာ အနုပညာအလုပ်တွေကရရှိခဲ့ ငွေတွေဖြစ်တာကြောင့် အခုအလှူလေးဟာ (၇)ရက်သားသမီး ပရိသတ်တွေကိုယ်စား လှူဒါန်းပေးတာဖြစ်တယ်လို့လည်း ထက်ထက်ကပြောထားပါသေးတယ်။

Source : Htet Htet Moe Oo
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။

“ကိုယ္တိုင္ႏွလုံးေရာဂါခံစားဖူးတာေၾကာင့္ ႏွလုံးခြဲစိတ္ရမယ့္ ကေလးအတြက္ အလႉေငြေတြလႉဒါန္းခဲ့တဲ့ ထက္ထက္မိုးဦး”

ျပည္သူ႔အခ်စ္ေတာ္ ႏိုင္ငံေက်ာ္ မင္းသမီးျဖစ္တဲ့ သ႐ုပ္ေဆာင္ ထက္ထက္မိုးဦးဟာ ပင္လုံေဆး႐ုံမွာ ႏွလုံးေရာဂါေဝဒနာေၾကာင့္ ေဆးကုသမႈခံယူေနရတဲ့ ေမာင္ဟိန္းထက္ထက္ကို အလႉေငြ (၇)သိန္းက်ပ္ကို သြားေရာက္လႉဒါန္းခဲ့ပါတယ္။ေမာင္ဟိန္းထက္ထက္ကေတာ့ ရန္ကုန္တိုင္းေဒသႀကီး သံုးခြၿမိဳ႕နယ္ တေကာေက်းရြာမွာေနထိုင္တာျဖစ္ၿပီး အသက္အရြယ္အားျဖင့္ (၁၅)ႏွစ္သာရွိပါေသးတယ္။

ေမာင္ဟိန္းထက္ထက္ဟာ နဝမတန္းမွာ ပညာသင္ၾကားေနတဲ့ ေက်ာင္းသားေလးတစ္ေယာက္ျဖစ္ၿပီး လက္ရွိမွာေတာ့ ႏွလံုးအဆို႕ရွင္ မလံုတာေၾကာင့္ အေရးေပၚခြဲစိတ္ကုသမႈခံယူရမွာပါ။ေမာင္ဟိန္းထက္ထက္ရဲ႕ မိဘေတြကေတာ့ ဆင္းရဲႏြမ္းပါးလွတာေၾကာင့္ ခြဲစိတ္ကုသမႈအတြက္ကို ေငြေရးေၾကးေရးအခက္အခဲနဲ႕ ၾကံဳေတြ႕ေနရတာလည္းျဖစ္ပါတယ္။ထက္ထက္မိုးဦးကေတာ့ ကိုယ္တိုင္ကလည္း ႏွလံုးေရာဂါေဝဒနာကို ခံစားခဲ့ရတာေၾကာင့္

အခုလို ႏွလံုးေရာဂါေၾကာင့္ ေဝဒနာခံစားေနရတဲ့ ေမာင္ဟိန္းထက္ထက္ကို ကိုယ္ခ်င္းစာၿပီး သနားတာေၾကာင့္ အခုလို အလွဴေငြေတြကို သြားေရာက္လွဴဒါန္းခဲ့တာလို႕လည္း သိရွိရပါတယ္။ထက္ထက္တစ္ေယာက္ လွဴဒါန္းခဲ့တဲ့ အလွဴေငြေတြဟာ အႏုပညာအလုပ္ေတြကရရွိခဲ့ ေငြေတြျဖစ္တာေၾကာင့္ အခုအလွဴေလးဟာ (၇)ရက္သားသမီး ပရိသတ္ေတြကိုယ္စား လွဴဒါန္းေပးတာျဖစ္တယ္လို႕လည္း ထက္ထက္ကေျပာထားပါေသးတယ္။

Source : Htet Htet Moe Oo
Chilli – CeleGabar

error: Content is protected !!