” ချစ်တဲ့သူငယ်ချင်းတွေက မွေးနေ့ Birthday Surprise လေးလုပ်ပေးတာခံခဲ့ရတဲ့ ရွှေအိမ်စည် “

ဒီနေ့ မှာကျရောက်တဲ့ အောက်တိုဘာလ (၂၅) ရက်နေ့ကတော့ အလှမယ်ရွှေအိမ်စည်ရဲ့ မွေးနေ့ရက်မြတ်လေး ဖြစ်ပြီး ရွှေအိမ်စည် ရဲ့ မွေးနေ့လေးကို ချစ်တဲ့သူငယ်ချင်းများက မွေးနေ့ Birthday Surprise လေးလုပ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ Birthday Surprise လုပ်ပေးခဲ့တဲ့သူတွေထဲမှာ အဆိုတော် AR-T လည်းပါဝင်ခဲ့ပါတယ်။ အောက်တိုဘာလ (၂၄) ရက်နေ့ ညပိုင်းမှာလည်း ရွှေတိဂုံဘုရားမှာ မွေးနေ့အကြို အဖြစ် ရွှေတိဂုံ ဘုရားပေါ်မှာ မိသားစု နဲ့ အတူ ဆီမီးပူဇော်ခဲ့ပါသေးတယ်။

ရွှေအိမ်စည်လေးကတော့ Miss Supranational Myanmar ( 2018 ) မှာ Winner ဆုကိုရရှိခဲ့တဲ့ အလှမယ်တစ်ဦးပါ ။ယောကျာ်းလေးတွေသာမက မိန်းကလေးချင်းကပါအားပေးချစ်ခင်ခြင်းခံရတဲ့ အလှမယ်လေးတစ်ဦးဖြစ်တဲ့အပြင် အိမ်စည့်မျက်နှာပေါက်ဟာ နိုင်ငံခြားသူမျက်နှာပေါက်မျိုးဖြစ်ပြီး ယုံကြည်ရဲရင့်ကာ သွက်လက်လွန်းတဲ့ သူလေးလို့ ဆိုရမှာပါ။ ငယ်ငယ်တည်းကနိုင်ငံခြားမှာနေခဲ့တဲ့သူ ဖြစ်တာကြောင့် လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေရတာ နှစ်သက်တဲ့သူလေးလို့လည်း သိရပါတယ်။

ဝေဖန်မှုတိုက်ခိုက်မှုတွေကို မကြာခဏ ခံရတတ်တဲ့ အိမ်စည်ကတော့ သူ့ရဲ့ ပွင့်လင်းတဲ့စတိုင်အတိုင်း သူရဲ့ထင်မြင်ချက်တွေကို ပရိသတ်တွေနဲ့ ဝေမျှဆွေးနွေးလေ့ရှိသူတစ်ဦးပါ။ မွေးနေ့လေးအကြိုမှာ ကျက်သရေရှိလှတဲ့ အလှပုံရိပ်လေးတွေနဲ့ အတူ Birthday Surprise မှာ ပျော်ရွှင်နေတဲ့ အလှပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း အိမ်စည်အတွက် မွေးနေ့ဆုတောင်းလေး ပေးခဲ့ပါဦးနော်။

Source : Shwe Eain Si
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း





Source : Shwe Eain Si
Shwe Poe – CeleGabar

error: Content is protected !!