” Winner ကို Voting စနစ်နဲ့ဆုံးဖြတ်တာကြောင့် အမှန်တကယ်ရသင့်တဲ့လူငယ်တွေ ဆုံးရှုံးခဲ့ရတယ် ဆိုတဲ့ မေခလာ “

နိုင်ငံကျော်အဆိုတော်မေခလာကတော့ 5 Plus ရုပ်သံလိုင်းမှထုတ်လွင့်ပြသမည့် ရင်ခုန် စိတ်လှုပ်ရှားဖွယ် အဆို၊အက များတွဲဖက်ပြီး ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရတဲ့ “M-pop” Music Challenge TV Show မှာတော့ ဒိုင်တစ်ဦးအနေနဲ့ပါဝင်ထားပါတယ်။ဒီပြိုင်ပွဲလေးကတော့ အခြားပြိုင်ပွဲတွေမတူတာကတော့ အဆိုပိုင်းတင်မက အကပိုင်းပါ တော်ရမှာဖြစ်ပြီး အသက်ကလည်း (၂၅)နှစ်မကျော်ရဘူးလို့ပြောထားပါတယ်။လာပြိုင်တဲ့ပြိုင်ပွဲဝင်တွေရဲ့ ထူးခြားတဲ့အရည်အချင်းတွေကြောင့် တကယ်အံ့သြခဲ့ရပြီး ရွေးရခက်ခဲ့ပါတယ်။


သူကတော့ ပြိုင်ပွဲတွေမှာ Winner ကို Voting စနစ်နဲ့ဆုံးဖြတ်တာကြောင့် အမှန်တကယ်ရသင့်တဲ့လူငယ်တွေ ဆုံးရှုံးခဲ့ရတာတွေလဲ ရှိကောင်းရှိလိမ့်မယ်။ဒါကြောင့် Voting စနစ် ကိုကြိုက်လည်းကြိုက်တယ်၊မကြိုက်လည်းမကြိုက်ဘူးလို့ ဆိုထားပါတယ်။ဒီပြိုင်ပွဲမှာတော့ Voting က (၅၀) ဒိုင်တွေရဲ့ဆုံးဖြတ်ချက်က(၅၀)လို့သိရပါတယ်။ပြိုင်ပွဲမှာ ဆန်ကာတင်အယောက်(၃၀)သာရွေးထုတ်ရမှာဖြစ်ပေမဲ့ သနားတတ်တဲ့ ဒိုင်တွေကြောင့် ပြိုင်ပွဲဝင်(၃၃)ယောက်ကိုရွေးချယ်ပြီးသွားပြီလို့ သိရပါတယ်။


မေခလာကတော့ ဒိုင်တစ်ယောက်ဟာမသနားရဘူး၊ဆုံဖြတ်ချက်မှန်ကန်ရမယ်၊ပြတ်သားရမယ်၊ကောင်းရင်ကောင်းတယ်၊ဇဝေဇဝါမဖြစ်ရဘူးလို့ ပြောခဲ့ပါတယ်။သူကသနားတတ်တဲ့ အားနည်းချက်ရှိတာမို့ ပြိုင်ပွဲဝင်တွေကို ရွေးထုတ်တဲ့နေရာ သီချင်းဆိုနေရင် မျက်လုံးမှိတ်ထားပြီး အသံကိုနားထောင်ပြီး ကနေတဲ့အချိန်မှာသာကြည့်ပြီး ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။CeleGabar ပရိသတ်ကြီးရေ Winner ကို Voting စနစ်နဲ့ဆုံးဖြတ်တဲ့အပေါ် ဘယ်လိုမြင်ကြသလဲ။

Source:Exclusive On CeleGabar
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

” Winner ကို Voting စနစ္နဲ႕ဆံုးျဖတ္တာေၾကာင့္ အမွန္တကယ္ရသင့္တဲ့လူငယ္ေတြ ဆံုးရႈံးခဲ့ရတယ္ ဆိုတဲ့ ေမခလာ ”

ႏိုင္ငံေက်ာ္အဆိ္ုေတာ္ေမခလာကေတာ့ 5 Plus ႐ုပ္သံလိုင္းမွထုတ္လြင့္ျပသမည့္ ရင္ခုန္ စိတ္လႈပ္ရွားဖြယ္ အဆို၊အက မ်ားတြဲဖက္ၿပီး ခက္ခက္ခဲခဲ ယွဥ္ၿပိဳင္ရတဲ့ “M-pop” Music Challenge TV Show မွာေတာ့ ဒိုင္တစ္ဦးအေနနဲ႕ပါ၀င္ထားပါတယ္။ဒီၿပိဳင္ပြဲေလးကေတာ့ အျခားၿပိဳင္ပြဲေတြမတူတာကေတာ့ အဆိုပိုင္းတင္မက အကပိုင္းပါ ေတာ္ရမွာျဖစ္ၿပီး အသက္ကလည္း (၂၅)ႏွစ္မေက်ာ္ရဘူးလို႔ေျပာထားပါတယ္။လာၿပိဳင္တဲ့ၿပိဳင္ပြဲ၀င္ေတြရဲ႕ ထူးျခားတဲ့အရည္အခ်င္းေတြေၾကာင့္ တကယ္အံ့ၾသခဲ့ရၿပီး ေရြးရခက္ခဲ့ပါတယ္။


သူကေတာ့ ၿပိဳင္ပြဲေတြမွာ Winner ကို Voting စနစ္နဲ႕ဆံုးျဖတ္တာေၾကာင့္ အမွန္တကယ္ရသင့္တဲ့လူငယ္ေတြ ဆံုးရႈံးခဲ့ရတာေတြလဲ ရွိေကာင္းရွိလိမ့္မယ္။ဒါေၾကာင့္ Voting စနစ္ ကိုႀကိဳက္လည္းႀကိဳက္တယ္၊မႀကိဳက္လည္းမႀကိဳက္ဘူးလို႔ ဆိုထားပါတယ္။ဒီၿပိဳင္ပြဲမွာေတာ့ Voting က (၅၀) ဒိုင္ေတြရဲ႕ဆံုးျဖတ္ခ်က္က(၅၀)လို႕သိရပါတယ္။ၿပိဳင္ပြဲမွာ ဆန္ကာတင္အေယာက္(၃၀)သာေရြးထုတ္ရမွာျဖစ္ေပမဲ့ သနားတတ္တဲ့ ဒိုင္ေတြေၾကာင့္ ၿပိဳင္ပြဲ၀င္(၃၃)ေယာက္ကိုေရြးခ်ယ္ၿပီးသြားၿပီလို႔ သိရပါတယ္။

ေမခလာကေတာ့ ဒိုင္တစ္ေယာက္ဟာမသနားရဘူး၊ဆံုျဖတ္ခ်က္မွန္ကန္ရမယ္၊ျပတ္သားရမယ္၊ေကာင္းရင္ေကာင္းတယ္၊ဇေ၀ဇဝါမျဖစ္ရဘူးလို႔ ေျပာခဲ့ပါတယ္။သူကသနားတတ္တဲ့ အားနည္းခ်က္ရွိတာမို႔ ၿပိဳင္ပြဲ၀င္ေတြကို ေရြးထုတ္တဲ့ေနရာ သီခ်င္းဆိုေနရင္ မ်က္လံုးမွိတ္ထားၿပီး အသံကိုနားေထာင္ၿပီး ကေနတဲ့အခ်ိန္မွာသာၾကည့္ၿပီး ဆံုးျဖတ္ခဲ့တယ္လို႔ သိရပါတယ္။CeleGabar ပရိသတ္ႀကီးေရ Winner ကို Voting စနစ္နဲ႕ဆံုးျဖတ္တဲ့အေပၚ ဘယ္လိုျမင္ၾကသလဲ။

error: Content is protected !!