” ခက်ခဲမှုတွေအပြင် အမှတ်တရတွေ အများကြီးရှိခဲ့တဲ့ ” ရိုးမပေါ်ကျတဲ့ မျက်ရည် ” ရုပ်ရှင်ဇာတ်ကားကြီး ကိုလာရောက်ကြည့်ရှူဖို့ ဖိတ်ခေါ်လိုက်တဲ့ မေမြင့်မိုရ် “

မေမြင့်မိုရ်ဟာဆိုရင်ဖြင့် ဇာတ်လမ်းတွဲတွေ စတင်ခေတ်စားလာတည်းက ” ပန်းနုသွေး” အနေနဲ့ ပရိသတ်တွေစတင်အားပေးခံခဲ့ရသူလေးပါ။ပရိသတ်တွေတခဲနက်အားပေးခဲ့ကြတဲ့အရိပ်ဇာတ်လမ်းတွဲမှာလည်း ” စုစုလှိုင် “အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ပုဂံမြို့သူဇာတ်ကား မှာလည်း ” အစော” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှု အပြည့်အဝရရှိထားသူလေးတစ်ယောက်လို့ဆိုရမှာပါ။Star Awards 2018 Rising Star ဆုကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

မေမြင့်မိုရ်ဟာ ဇာတ်လမ်းတွဲတွေဘက်သာမက ရုပ်ရှင်ကားကြီးတွေကိုပါရိုက်ကူးကာ အောင်မြင်မှုလမ်းကြောင်းပေါ် အချိန်တိုတို နဲ့ရောက်ရှိလာသူလေးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်အောင် အကောင်းဆုံး ပီပြင်ပေါ်လွင်အောင် သရုပ်ဆောင်နိုင်သူတစ်ယောက်ပါ။ ” ရိုးမပေါ်ကျတဲ့ မျက်ရည် ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ” မာလာ” ဆိုတဲ့ဇာတ်ကောင်လေးကို မကြာခင်မှာ ပရိသတ်တွေမြင်တွေ့ရတော့မှာပါ။

တစ်ခါမှမလုပ်ဖူးသေးတဲ့ကာရိုက်တာဖြစ်လို့ စိန်ခေါ်မှုတွေလည်းများတဲ့ကာရိုက်တာဖြစ်တဲ့အပြင် ကိုယ့်ရဲ့ကာရိုက်တာကိုလည်း အရမ်းကြိုက်တယ်လို့ ဆိုထားပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တဲ့ အပြင် ပါဝင်တဲ့ သရုပ်ဆောင်တွေအကုန်လုံးက စီနီယာတွေဖြစ်တာကြောင့် အမှတ်ရတွေဖြစ်သလို ပညာတွေလည်းအများကြီးရကြောင်းကို ” လုပ်ဖူးသေးတဲ့ ကာရိုက်တာကို သရုပ်ဆောင်ရတဲ့အခါ ခက်ခဲမှုတွေ အမှတ်တရတွေ အများကြီးရှိခဲ့တဲ့ရုပ်ရှင်ကားကြီးပါ။ ချစ်ရတဲ့ပရိသတ်တွေကိုလဲကြည့်စေချင်ပါတယ် ” လို့ ဆိုကာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း မေမြင့်မိုရ်ပါဝင်ထားတဲ့ ” ရိုးမပေါ်ကျတဲ့ မျက်ရည် ” ရုပ်ရှင်ဇာတ်ကားကြီးကို သွားကြည့်မယ်ဆိုရင် မှတ်ချက်ပေးခဲ့ပါဦး။

Source : May Myint Mo
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” ခက္ခဲမႈေတြအျပင္ အမွတ္တရေတြ အမ်ားႀကီးရွိခဲ့တဲ့ ” ႐ိုးမေပၚက်တဲ့ မ်က္ရည္ ” ႐ုပ္ရွင္ဇာတ္ကားႀကီး ကိုလာေရာက္ၾကည့္ရွဴဖို႕ ဖိတ္ေခၚလိုက္တဲ့ ေမျမင့္မိုရ္ ”

ေမျမင့္မိုရ္ဟာဆိုရင္ျဖင့္ ဇာတ္လမ္းတြဲေတြ စတင္ေခတ္စားလာတည္းက ” ပန္းႏုေသြး” အေနနဲ႔ ပရိသတ္ေတြစတင္အားေပးခံခဲ့ရသူေလးပါ။ပရိသတ္ေတြတခဲနက္အားေပးခဲ့ၾကတဲ့အရိပ္ဇာတ္လမ္းတြဲမွာလည္း ” စုစုလႈိင္ “အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ပုဂံၿမိဳ႕သူဇာတ္ကား မွာလည္း ” အေစာ” ဆိုတဲ့ ဇာတ္ေကာင္နဲ႔ ပရိသတ္အားေပးမႈ အျပည့္အဝရရွိထားသူေလးတစ္ေယာက္လို႔ဆိုရမွာပါ။Star Awards 2018 Rising Star ဆုကို ရရွိပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။

ေမျမင့္မိုရ္ဟာ ဇာတ္လမ္းတြဲေတြဘက္သာမက ႐ုပ္ရွင္ကားႀကီးေတြကိုပါ႐ိုက္ကူးကာ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ အခ်ိန္တိုတို နဲ႔ေရာက္ရွိလာသူေလးျဖစ္ၿပီး က်ရာဇာတ္႐ုပ္ကို ပီျပင္ေအာင္ အေကာင္းဆုံး ပီျပင္ေပၚလြင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္သူတစ္ေယာက္ပါ။ ” ႐ိုးမေပၚက်တဲ့ မ်က္ရည္ ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း ” မာလာ” ဆိုတဲ့ဇာတ္ေကာင္ေလးကို မၾကာခင္မွာ ပရိသတ္ေတြျမင္ေတြ႕ရေတာ့မွာပါ။

တစ္ခါမွမလုပ္ဖူးေသးတဲ့ကာ႐ိုက္တာျဖစ္လို႔ စိန္ေခၚမႈေတြလည္းမ်ားတဲ့ကာ႐ိုက္တာျဖစ္တဲ့အျပင္ ကိုယ့္ရဲ႕ကာ႐ိုက္တာကိုလည္း အရမ္းႀကိဳက္တယ္လို႔ ဆိုထားပါတယ္။ ျဖစ္ရပ္မွန္ဇာတ္လမ္းျဖစ္တဲ့ အျပင္ ပါဝင္တဲ့ သ႐ုပ္ေဆာင္ေတြအကုန္လုံးက စီနီယာေတြျဖစ္တာေၾကာင့္ အမွတ္ရေတြျဖစ္သလို ပညာေတြလည္းအမ်ားႀကီးရေၾကာင္းကို ” လုပ္ဖူးေသးတဲ့ ကာ႐ိုက္တာကို သ႐ုပ္ေဆာင္ရတဲ့အခါ ခက္ခဲမႈေတြ အမွတ္တရေတြ အမ်ားႀကီးရွိခဲ့တဲ့႐ုပ္ရွင္ကားႀကီးပါ။ ခ်စ္ရတဲ့ပရိသတ္ေတြကိုလဲၾကည့္ေစခ်င္ပါတယ္ ” လို႕ ဆိုကာ သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း ေမျမင့္မိုရ္ပါဝင္ထားတဲ့ ” ႐ိုးမေပၚက်တဲ့ မ်က္ရည္ ” ႐ုပ္ရွင္ဇာတ္ကားႀကီးကို သြားၾကည့္မယ္ဆိုရင္ မွတ္ခ်က္ေပးခဲ့ပါဦး။

Source : May Myint Mo
Shwe Poe – CeleGabar

error: Content is protected !!