“ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ရဲ့ အချစ်ရေးအခြေအနေ”

နိုင်ငံကျော်အဆိုတော် တစ်ဦးဖြစ်တဲ့ အဆိုတော်ဖြိုးလေးနဲ့ ပုရိသတွေရဲ့ ဝန်းရံမှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး ဝါဆိုမိုးဦးတို့ စုံတွဲလေးဟာဆိုရင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားပြီး ပရိသတ်တော်တော်များရဲ့ Idol Couple အနေနဲ့တောင် သတ်မှတ်ခံထားရဲ့အတွဲလေးတစ်တွဲပဲဖြစ်ပါတယ်။ဖြိုးလေးနဲ့ ဝါဆိုတို့စုံတွဲလေးဟာ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ဂရုစိုက် ကြင်နာမှုတွေနဲ့ လက်တွဲလာတာဆိုရင် ချစ်သူသက်တမ်း (၃)နှစ်ကျော် (၄)နှစ်နီးပါးရှိနေပါပြီ။

သို့သော်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတော့ ဝါဆိုမိုးဦးဟာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတင်ခဲ့တဲ့ စာလေးတစ်ခုကြောင့် ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့စုံတွဲလေးကို ပရိသတ်တွေကစိုးရိမ်ခဲ့ကြပါသေးတယ်။ဖြိုးလေးဘက်ကနေပြီး သူတို့နှစ်ဦးရဲ့ အချစ်ရေးကိစ္စနဲ့ ပတ်သတ်လို့ ဘာမှဖော်ပြထားခြင်းမရှိခဲ့တာကြောင့် ပရိသတ်တော်တော်များများကတော့ ဝါဆိုတစ်ယောက် ဖြိုးလေးကို စိတ်ဆိုးစိတ်ကောက်ဖြစ်ပြီး အခုလိုတင်လိုက်တာဖြစ်မယ်လို့လည်း ထင်ကြေးပေး ပြောဆိုနေကြတာကိုလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၄)ရက်နေ့ကတော့ ဖြိုးလေးဟာ သူ့ရဲ့ My Story ကနေ”ချော့ရတာပဲ”လိုတဲ့စာသားလေးနဲ့ စိတ်ကောက်နေတဲ့ ချစ်သူလေးကို ပန်းစည်းလေးပေးပြီး ချော့နေတဲ့ဗီဒီယိုဖိုင်လေးကို ဖော်ပြလာတာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ သူတို့ထင်ကြေးပေးခဲ့သလို ဝါဆိုတစ်ယောက် ဖြိုးလေးကို စိတ်ဆိုးကာ အဲ့ဒီစာလေးကို တင်ခဲ့တာဖြစ်ပြီး အခုချိန်မှာ Idol Coupleလေးပြန်လည်အဆင်ပြေသွားပြီဖြစ်တာကြောင့် ပျော်ရွှင်နေကြပါတယ်။CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် ဖြိုးလေးနဲ့ ဝါဆိုတို့အတွဲလေးပြန်လည်အဆင်ပြေသွားပါပြီနော်။

Source : Phyo Layy
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။

“ၿဖိဳးေလးနဲ႕ ဝါဆိုမိုးဦးတို႕ရဲ႕ အခ်စ္ေရးအေျခအေန”

ႏိုင္ငံေက်ာ္အဆိုေတာ္ တစ္ဦးျဖစ္တဲ့ အဆိုေတာ္ၿဖိဳးေလးနဲ႕ ပုရိသေတြရဲ႕ ဝန္းရံမႈကို အျပည့္အဝရရွိထားတဲ့ မင္းသမီးေခ်ာေလး ဝါဆိုမိုးဦးတို႕ စံုတြဲေလးဟာဆိုရင္ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အျပည့္အဝရရွိထားၿပီး ပရိသတ္ေတာ္ေတာ္မ်ားရဲ႕ Idol Couple အေနနဲ႕ေတာင္ သတ္မွတ္ခံထားရဲ႕အတြဲေလးတစ္တြဲပဲျဖစ္ပါတယ္။ၿဖိဳးေလးနဲ႕ ဝါဆိုတို႕စံုတြဲေလးဟာ တစ္ေယာက္ကို တစ္ေယာက္ အျပန္အလွန္ ဂ႐ုစိုက္ ၾကင္နာမႈေတြနဲ႕ လက္တြဲလာတာဆိုရင္ ခ်စ္သူသက္တမ္း (၃)ႏွစ္ေက်ာ္ (၄)ႏွစ္နီးပါးရွိေနပါၿပီ။

သို႕ေသာ္လည္း ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းကေတာ့ ဝါဆိုမိုးဦးဟာ သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနတင္ခဲ့တဲ့ စာေလးတစ္ခုေၾကာင့္ ၿဖိဳးေလးနဲ႕ ဝါဆိုမိုးဦးတို႕စံုတြဲေလးကို ပရိသတ္ေတြကစိုးရိမ္ခဲ့ၾကပါေသးတယ္။ၿဖိဳးေလးဘက္ကေနၿပီး သူတို႕ႏွစ္ဦးရဲ႕ အခ်စ္ေရးကိစၥနဲ႕ ပတ္သတ္လို႕ ဘာမွေဖာ္ျပထားျခင္းမရွိခဲ့တာေၾကာင့္ ပရိသတ္ေတာ္ေတာ္မ်ားမ်ားကေတာ့ ဝါဆိုတစ္ေယာက္ ၿဖိဳးေလးကို စိတ္ဆိုးစိတ္ေကာက္ျဖစ္ၿပီး အခုလိုတင္လိုက္တာျဖစ္မယ္လို႕လည္း ထင္ေၾကးေပး ေျပာဆိုေနၾကတာကိုလည္း ေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ (၂၄)ရက္ေန႕ကေတာ့ ၿဖိဳးေလးဟာ သူ႕ရဲ႕ My Story ကေန”ေခ်ာ႕ရတာပဲ”လိုတဲ့စာသားေလးနဲ႕ စိတ္ေကာက္ေနတဲ့ ခ်စ္သူေလးကို ပန္းစည္းေလးေပးၿပီး ေခ်ာ့ေနတဲ့ဗီဒီယိုဖိုင္ေလးကို ေဖာ္ျပလာတာပဲျဖစ္ပါတယ္။ပရိသတ္ေတြကေတာ့ သူတို႕ထင္ေၾကးေပးခဲ့သလို ဝါဆိုတစ္ေယာက္ ၿဖိဳးေလးကို စိတ္ဆိုးကာ အဲ့ဒီစာေလးကို တင္ခဲ့တာျဖစ္ၿပီး အခုခ်ိန္မွာ Idol Coupleေလးျပန္လည္အဆင္ေျပသြားၿပီျဖစ္တာေၾကာင့္ ေပ်ာ္ရႊင္ေနၾကပါတယ္။CeleGabar ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ၿဖိဳးေလးနဲ႕ ဝါဆိုတို႕အတြဲေလးျပန္လည္အဆင္ေျပသြားပါၿပီေနာ္။

Source : Phyo Layy
Chilli – CeleGabar
ေဇာ္ဂ်ီဗားရွင္းျဖင့္ဖတ္ရန္။

x
error: Content is protected !!