” သားရှင်ဖြစ်ပေမယ့် သားနဲ့ပတ်သက်တဲ့ကောင်မလေးဘက်ကပဲ ရပ်တည်မယ်ဆိုတဲ့ မယ်လိုဒီ “

သရုပ်ဆောင် မော်ဒယ်လ် မင်းသမီးချောလေး မယ်လိုဒီကတော့ (၂၀၁၁) ခုနှစ်ကတည်းက “ထာဝရအလင်းတန်းများ” ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့ပြီးအောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ မယ်လိုဒီဟာ အနုပညာအလုပ်တွေနဲ့ အနည်းငယ် အလှမ်းဝေးနေတာလည်းဖြစ်ပါတယ်။သူမကတော့ ချစ်စရာကောင်းတဲ့ သားသားလေးတစ်ယောက်နဲ့အတူ ပျော်ရွှင်သာယာတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားတာပဲဖြစ်ပါတယ်။

မယ်လိုဒီကတော့ လတ်တလော ပရိသတ်အကြားပွဲဆူခဲ့တဲ့ The Model Academy ကိစ္စအပေါ်မှာတော့” CCTV မပြပါဘူး အဲတော့သူတို့ရဲ့အကောင်းဆုံးစောင့်ရှောက်မှုတစ်ခုလို့ပဲခံယူပါ၊ဘာလို့လဲဆိုတော့ CCTV ပြမယ်ဆိုလဲ ပြလို့ရတဲ့အနေထားတစ်ခုဖြစ်နေတယ်။ဘာဖြစ်လို့လဲဆိုတော့ သူတို့ကဒီပြိုင်ပွဲကိုစဝင်ထဲက ဆောင်ရန်ရှောင်ရန်၊လိုက်နာရန်စည်းကမ်းတွေရှိပြီးသား၊အဲဒါတွေကိုလတ်မှတ်ထိုးပြီးသား။ဒါကလည်းပြရင်ပြလို့ရတဲ့အနေအထားထဲမှာပါတယ်။မပြပေးတဲ့အခါမှာတော့ ကျေးဇူးတင်ရတာပေါ့၊ကျွန်မတို့ဘဝမှာ တစ်ခါတစ်လေကျရင်အဆိုးတွေကိုပဲအမုန်းပွားနေတာနဲ့စာရင် ကောင်းတာလေးတွေကိုကျေးဇူးတင်တတ်ဖို့လိုတယ်။ကိုယ်မှားတယ်ဆိုရင် အမှားကိုသိလိုက်၊အမှားကိုသိပြီးထပ်မလုပ်နဲ့ အနာဂတ်မှာအကောင်းဆုံးဖြစ်အောင်ထပ်ကြိုးစားလိုက်” လို့ပြောထားပါသေးတယ်။

သူကတော့ ” အမကတော့ သားမွေးထားတော့ သူများသားသမီးကို ဘာမှမပြောချင်ပါဘူး။ကိုယ့်သားအလှည်ကျရင် ဘယ်လိုတွေနေထိုင်ပြုမှုပြောဆိုရမလဲဆိုတာ၊ အကောင်းဆုံးဖြစ်အောင်ဆုံးမမယ်လို့ပဲ ဆင်ခြင်ပါတယ်။အဲကိစ္စကိုကြည့်ပြီး ပိုဆင်ခြင်မိတယ်၊အမြဲတမ်းလည်း နှလုံးသွင်းထားတယ် သားရှင်ပေမဲ့ အမ သမီးမိန်းကလေးဘက်ပဲ၊ကိုယ့်သားနဲ့ပတ်သက်တဲ့ကောင်မလေးဘက်ပဲ ရပ်တည်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးရေ မယ်လိုဒီလို ယောက္ခမလိုချင်နေပြီလား။

Source: Exclusive On CeleGabar
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

” သားရွင္ျဖစ္ေပမယ့္ သားနဲ႕ပတ္သက္တဲ့ေကာင္မေလးဘက္ကပဲ ရပ္တည္မယ္ဆိုတဲ့ မယ္လိုဒီ ”

သရုပ္ေဆာင္ ေမာ္ဒယ္လ္ မင္းသမီးေခ်ာေလး မယ္လိုဒီကေတာ႕ (၂၀၁၁) ခုနွစ္ကတည္းက “ထာဝရအလင္းတန္းမ်ား” ဇာတ္ကားျဖင့္ အေကာင္းဆံုး အမ်ိဳးသမီးဇာတ္ေဆာင္ဆု ရရွိခဲ႔ျပီးေအာင္ျမင္မႈေတြရရွိပိုင္ဆိုင္ထားတဲ႕သူတစ္ေယာက္ပါ။အိမ္ေထာင္က်ျပီးေနာက္ပိုင္းမွာေတာ့ မယ္လိုဒီဟာ အနုပညာအလုပ္ေတြနဲ႕ အနည္းငယ္ အလွမ္းေဝးေနတာလည္းျဖစ္ပါတယ္။သူမကေတာ့ ခ်စ္စရာေကာင္းတဲ႕ သားသားေလးတစ္ေယာက္နဲ႕အတူ ေပ်ာ္ရႊင္သာယာတဲ႕မိသားစုဘ၀ေလးကိုတည္ေဆာက္ထားတာပဲျဖစ္ပါတယ္။

မယ္လိုဒီကေတာ့ လတ္တေလာ ပရိသတ္အၾကားပြဲဆူခဲ့တဲ့ The Model Academy ကိစၥအေပၚမွာေတာ့” CCTV မျပပါဘူး အဲေတာ့သူတို႔ရဲ႕အေကာင္းဆံုးေစာင့္ေရွာက္မႈတစ္ခုလို႔ပဲခံယူပါ၊ဘာလို႔လဲဆိုေတာ့ CCTV ျပမယ္ဆိုလဲ ျပလို႔ရတဲ့အေနထားတစ္ခုျဖစ္ေနတယ္။ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ကဒီၿပိဳင္ပြဲကိုစ၀င္ထဲက ေဆာင္ရန္ေရွာင္ရန္၊လိုက္နာရန္စည္းကမ္းေတြရွိၿပီးသား၊အဲဒါေတြကိုလတ္မွတ္ထိုးၿပီးသား။ဒါကလည္းျပရင္ျပလို႔ရတဲ့အေနအထားထဲမွာပါတယ္။မျပေပးတဲ့အခါမွာေတာ့ ေက်းဇူးတင္ရတာေပါ့၊ကၽြန္မတို႔ဘ၀မွာ တစ္ခါတစ္ေလက်ရင္အဆိုးေတြကိုပဲအမုန္းပြားေနတာနဲ႕စာရင္ ေကာင္းတာေလးေတြကိုေက်းဇူးတင္တတ္ဖို႔လိုတယ္။ကိုယ္မွားတယ္ဆိုရင္ အမွားကိုသိလိုက္၊အမွားကိုသိၿပီးထပ္မလုပ္နဲ႕ အနာဂတ္မွာအေကာင္းဆံုးျဖစ္ေအာင္ထပ္ႀကိဳးစားလိုက္” လို႔ေျပာထားပါေသးတယ္။

သူကေတာ့ ” အမကေတာ့ သားေမြးထားေတာ့ သူမ်ားသားသမီးကို ဘာမွမေျပာခ်င္ပါဘူး။ကိုယ့္သားအလွည္က်ရင္ ဘယ္လိုေတြေနထိုင္ျပဳမႈေျပာဆိုရမလဲဆိုတာ၊ အေကာင္းဆံုးျဖစ္ေအာင္ဆံုးမမယ္လို႕ပဲ ဆင္ျခင္ပါတယ္။အဲကိစၥကိုၾကည့္ၿပီး ပိုဆင္ျခင္မိတယ္၊အၿမဲတမ္းလည္း ႏွလံုးသြင္းထားတယ္ သားရွင္ေပမဲ့ အမ သမီးမိန္းကေလးဘက္ပဲ၊ကိုယ့္သားနဲ႔ပတ္သက္တဲ့ေကာင္မေလးဘက္ပဲ ရပ္တည္သြားမွာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။CeleGabar ပရိသတ္ႀကီးေရ မယ္လိုဒီလို ေယာကၡမလိုခ်င္ေနၿပီလား။

error: Content is protected !!